သရုပ်ဆောင်သစ်တွေ နေရာပေးဖို့ပြောတဲ့ သရုပ်ဆောင် ဇေယျ

သရုပ်ဆောင်သစ်တွေ နေရာပေးဖို့ပြောတဲ့ သရုပ်ဆောင် ဇေယျ

အခုနောက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ သရုပ်ဆောင်အသစ်တွေ ပေါ်လာတဲ့နောက်မှာ သရုပ်ဆောင်သစ်တွေအတွက်ကိုလည်း လက်တွဲခေါ်ပြီး နေရာပေးဖို့ လိုလာတယ်လို့ သရုပ်ဆောင် ဇေယျ က ပြောပါတယ်။

“အသစ်တက်တဲ့ အငယ်ပိုင်းတွေ ကြိုးစားကြတာ တွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်၊ ညီလေး ညီမလေးတွေကို နေရာပေးရမယ်၊ ကျွန်တော်တို့က အရင်တုန်းက လုပ်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တော့ ကျွန်တော်တို့ကနေ တတ်နိုင်သမျှဖေးမပြီး လက်တွဲခေါ်ပြီးတော့ နေရာပေးရမယ်လေ၊ သူတို့လည်း သူတို့ရဲ့ creation နဲ့ပေါ့” လို့လည်း သရုပ်ဆောင် ဇေယျ က ပြောပါတယ်။

အသစ်ဝင်ရောက်လာတဲ့ သရုပ်ဆောင်တွေရဲ့ Creation တွေက ယခင်သရုပ်ဆောင်ဟောင်းတွေနဲ့ မတူဘဲ ကွဲပြားခြားနားတဲ့ အတွေ့အကြုံ အမြင်အသစ်တွေကို ပရိသတ်တွေထံ ပေးစွမ်းနိုင်ခြေရှိတာကြောင့် ရုပ်ရှင်လောက တိုးတက်မြင့်မားရေးအတွက် မျိုးဆက်သစ်တွေကို ကူညီကာ နေရာပေးမှုကလည်း အရေးကြီးတယ်လို့ သိရပါတယ်။အခုနောက်ပိုင်း ပြည်တွင်းမှာ ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေမှာ ဇာတ်လမ်းတွဲတွေကို ပြသလာပြီး သရုပ်ဆောင်သစ်တွေရဲ့ ကြိုးပမ်းမှုတွေကိုလည်း မြင်လာရတယ်လို့ သူက ဆိုပါတယ်။

“ပရိသတ်တွေ အနေနဲ့လည်း ဇာတ်လမ်းတွဲတွေကို ကြည့်စေချင်တယ်၊ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားပြီး လုပ်မယ်၊ ဝိုင်းဝန်းကြိုးစားပြီးတော့ လုပ်ကိုင်ရင်းကနေ ရုပ်ရှင်လောကကြီးကို တိုးတက်လာစေဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” လို့လည်း သရုပ်ဆောင် ဇေယျ က ဆိုပါတယ်။

အခုလတ်တလောမှာတော့ ဒါရိုက်တာ ကိုသစ္စာပိုင် ရိုက်ကူူးပြီး Sky Net ရုပ်သံလိုင်းမှာ မကြာခင် ထုတ်လွှင့်သွားမယ့် “ရှက်ဖို့ချစ်တယ်” လို့ နာမည်ရတဲ့ ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၃

( Zawgyi )

အခုေနာက္ပိုင္း ႐ုပ္ရွင္နဲ႔ ဗီဒီယိုေလာကမွာ သ႐ုပ္ေဆာင္အသစ္ေတြ ေပၚလာတဲ့ေနာက္မွာ သ႐ုပ္ေဆာင္သစ္ေတြအတြက္ကိုလည္း လက္တြဲေခၚၿပီး ေနရာေပးဖို႔ လိုလာတယ္လို႔ သ႐ုပ္ေဆာင္ ေဇယ် က ေျပာပါတယ္။

“အသစ္တက္တဲ့ အငယ္ပိုင္းေတြ ႀကိဳးစားၾကတာ ေတြ႕ရေတာ့ အရမ္းဝမ္းသာမိပါတယ္၊ ညီေလး ညီမေလးေတြကို ေနရာေပးရမယ္၊ ကြၽန္ေတာ္တို႔က အရင္တုန္းက လုပ္ခဲ့တဲ့ သ႐ုပ္ေဆာင္ေတြျဖစ္ေတာ့ ကြၽန္ေတာ္တို႔ကေန တတ္ႏိုင္သမွ်ေဖးမၿပီး လက္တြဲေခၚၿပီးေတာ့ ေနရာေပးရမယ္ေလ၊ သူတို႔လည္း သူတို႔ရဲ႕ creation နဲ႔ေပါ့” လို႔လည္း သ႐ုပ္ေဆာင္ ေဇယ် က ေျပာပါတယ္။

အသစ္ဝင္ေရာက္လာတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ Creation ေတြက ယခင္သ႐ုပ္ေဆာင္ေဟာင္းေတြနဲ႔ မတူဘဲ ကြဲျပားျခားနားတဲ့ အေတြ႕အႀကဳံ အျမင္အသစ္ေတြကို ပရိသတ္ေတြထံ ေပးစြမ္းႏိုင္ေျခရွိတာေၾကာင့္ ႐ုပ္ရွင္ေလာက တိုးတက္ျမင့္မားေရးအတြက္ မ်ိဳးဆက္သစ္ေတြကို ကူညီကာ ေနရာေပးမႈကလည္း အေရးႀကီးတယ္လို႔ သိရပါတယ္။အခုေနာက္ပိုင္း ျပည္တြင္းမွာ ထုတ္လႊင့္ေနတဲ့ ႐ုပ္သံလိုင္းေတြမွာ ဇာတ္လမ္းတြဲေတြကို ျပသလာၿပီး သ႐ုပ္ေဆာင္သစ္ေတြရဲ႕ ႀကိဳးပမ္းမႈေတြကိုလည္း ျမင္လာရတယ္လို႔ သူက ဆိုပါတယ္။

“ပရိသတ္ေတြ အေနနဲ႔လည္း ဇာတ္လမ္းတြဲေတြကို ၾကည့္ေစခ်င္တယ္၊ ကြၽန္ေတာ္တို႔ဘက္ကလည္း ႀကိဳးစားၿပီး လုပ္မယ္၊ ဝိုင္းဝန္းႀကိဳးစားၿပီးေတာ့ လုပ္ကိုင္ရင္းကေန ႐ုပ္ရွင္ေလာကႀကီးကို တိုးတက္လာေစဖို႔ ကြၽန္ေတာ္တို႔ ရည္႐ြယ္ပါတယ္” လို႔လည္း သ႐ုပ္ေဆာင္ ေဇယ် က ဆိုပါတယ္။

အခုလတ္တေလာမွာေတာ့ ဒါ႐ိုက္တာ ကိုသစၥာပိုင္ ႐ိုက္ကူူးၿပီး Sky Net ႐ုပ္သံလိုင္းမွာ မၾကာခင္ ထုတ္လႊင့္သြားမယ့္ “ရွက္ဖို႔ခ်စ္တယ္” လို႔ နာမည္ရတဲ့ ဇာတ္ကားကို ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၃