သရုပ်ဆောင် မင်းသွေး ကွယ်လွန်

သရုပ်ဆောင် မင်းသွေးဟာ အောက်တိုဘာလ ၃ရက်၊ ည ၁၁နာရီ ၂၀မိနစ်ခန့်က အမောဖောက်ကာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

သူဟာ စင်ကာပူနိုင်ငံကနေ ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းလောက်မှာ သူရဲ့ သူငယ်ချင်းတွေနဲ့ အတူ ဘောလုံးကန်နေရင်း အမောဖောက်လဲကျစဉ်မှာ သူ့ကို ပါရမီဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် အသက်မမီ တော့တာကြောင့် ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

သူဟာ ဦးအောင်သန်း-ဒေါ်သန်းမြိုင်တို့ရဲ့ သားသမီးလေးဦး အနက် တတိယမြောက် သားဖြစ်သလို ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာမှာ နေထိုင်ပြီး အကယ်ဒမီ နေတိုးရဲ့ ညီအရင်း တစ်ဦးလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်ရှိပြီး ဘောလုံးကန်တာကိုလည်း ဝါသနာပါသူ ဖြစ်သလို ရုပ်ရှင် အနုပညာရှင် တွေရဲ့ ဘောလုံးအသင်းမှာလည်း ပါဝင်သူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ကာလမှာတော့ "သတ်ကွင်း"နဲ့ "မုန်းဆွဲ"လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် ထားခဲ့ပြီး တေးသီချင်းတွေကိုလည်း သီဆိုသူဖြစ်ခဲ့သလို သူပါဝင်ထားတဲ့ "သတ်ကွင်း"လို့ နာမည်ရသော ရုပ်ရှင်ဇာတ်ကား ကတော့ မကြာခင် ရုံတင်ဖို့ စီစဉ်ထား ပါတယ်။

ကွယ်လွန်သွားတဲ့ သရုပ်ဆောင် မင်းသွေး ရဲ့ နာရေးသို့ ကြွရောက်အားပေး နှစ်သိမ့်သတင်း မေးလိုကြတဲ့ စာနယ်ဇင်းနဲ့ ရုပ်သံမီဒီယာ မိတ်ဆွေတွေ အနေနဲ့ နေအိမ်သို့ လာရောက်ကြတဲ့အခါ မိမိတို့နဲ့ သက်ဆိုင်တဲ့ မီဒီယာကတ်ပြား လည်ဆွဲများဖြင့် လာရောက်နိုင်ပြီး မိသားစုဝင်များကို ရုပ်သံရိုက်ကူးတာတွေနဲ့ အင်တာဗျူးမေးမြန်းတာတွေကို မပြုလုပ်ကြဘဲ သည်းခံပေးကြဖို့ကိုလည်း ကျန်ရစ်သူမိသားစုက မေတ္တာ ရပ်ခံထားပါတယ်။

မင်းခတ်လင်း

ရန်ကုန်၊ အောက်တိုဘာ ၄ 

photo credit - Min Thway FB

(  Zawgyi  )

သ႐ုပ္ေဆာင္ မင္းေသြးဟာ ေအာက္တိုဘာလ ၃ရက္၊ ည ၁၁နာရီ ၂၀မိနစ္ခန႔္က အေမာေဖာက္ကာ ကြယ္လြန္သြားေၾကာင္း သိရပါတယ္။

သူဟာ စင္ကာပူႏိုင္ငံကေန ျပန္လည္ေရာက္ရွိလာၿပီး ညေနပိုင္းေလာက္မွာ သူရဲ႕ သူငယ္ခ်င္းေတြနဲ႔ အတူ ေဘာလုံးကန္ေနရင္း အေမာေဖာက္လဲက်စဥ္မွာ သူ႔ကို ပါရမီေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေပမယ့္ အသက္မမီ ေတာ့တာေၾကာင့္ ႐ုပ္အေလာင္းကို သဃၤန္းကြၽန္း စံျပေဆး႐ုံကို ပို႔ေဆာင္လိုက္ရပါတယ္။

သူဟာ ဦးေအာင္သန္း-ေဒၚသန္းၿမိဳင္တို႔ရဲ႕ သားသမီးေလးဦး အနက္ တတိယေျမာက္ သားျဖစ္သလို ရန္ကုန္ၿမိဳ႕၊ သာေကတၿမိဳ႕နယ္၊ ျမခြာညိဳအိမ္ရာမွာ ေနထိုင္ၿပီး အကယ္ဒမီ ေနတိုးရဲ႕ ညီအရင္း တစ္ဦးလည္း ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၃၃ ႏွစ္ရွိၿပီး ေဘာလုံးကန္တာကိုလည္း ဝါသနာပါသူ ျဖစ္သလို ႐ုပ္ရွင္ အႏုပညာရွင္ ေတြရဲ႕ ေဘာလုံးအသင္းမွာလည္း ပါဝင္သူတစ္ေယာက္ ျဖစ္တယ္လို႔ သိရပါတယ္။

လတ္တေလာ ကာလမွာေတာ့ "သတ္ကြင္း"နဲ႔ "မုန္းဆြဲ"လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ထားခဲ့ၿပီး ေတးသီခ်င္းေတြကိုလည္း သီဆိုသူျဖစ္ခဲ့သလို သူပါဝင္ထားတဲ့ "သတ္ကြင္း"လို႔ နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကား ကေတာ့ မၾကာခင္ ႐ုံတင္ဖို႔ စီစဥ္ထား ပါတယ္။

ကြယ္လြန္သြားတဲ့ သ႐ုပ္ေဆာင္ မင္းေသြး ရဲ႕ နာေရးသို႔ ႂကြေရာက္အားေပး ႏွစ္သိမ့္သတင္း ေမးလိုၾကတဲ့ စာနယ္ဇင္းနဲ႔ ႐ုပ္သံမီဒီယာ မိတ္ေဆြေတြ အေနနဲ႔ ေနအိမ္သို႔ လာေရာက္ၾကတဲ့အခါ မိမိတို႔နဲ႔ သက္ဆိုင္တဲ့ မီဒီယာကတ္ျပား လည္ဆြဲမ်ားျဖင့္ လာေရာက္ႏိုင္ၿပီး မိသားစုဝင္မ်ားကို ႐ုပ္သံ႐ိုက္ကူးတာေတြနဲ႔ အင္တာဗ်ဴးေမးျမန္းတာေတြကို မျပဳလုပ္ၾကဘဲ သည္းခံေပးၾကဖို႔ကိုလည္း က်န္ရစ္သူမိသားစုက ေမတၱာ ရပ္ခံထားပါတယ္။

မင္းခတ္လင္း

ရန္ကုန္၊ ေအာက္တိုဘာ ၄ 

photo credit - Min Thway FB