သရဲမလေးလို သရုပ်ဆောင်ကြည့်ဖူးချင်နေတဲ့ နေခြည်ဦး

သရဲမလေးလို သရုပ်ဆောင်ကြည့်ဖူးချင်နေတဲ့ နေခြည်ဦး

သရုပ်ဆောင်သစ်တစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ ဇာတ်ကားတွေထဲမှာ သရဲမလေးလို သရုပ်ဆောင် ကြည့် ဖူး ချင်တယ်လို့ ပြောပါတယ်။သရဲကားတွေမှာ သရုပ်ဆောင်ရတာဟာ ပရိသတ်ရဲ့ စိတ်ဝင်စား မှုရအောင် အမူအရာနဲ့လုပ်ဆောင်ရတာ ဖြစ်သလို ခက်ခက်ခဲခဲကြိုးပမ်းရမယ့် အခြေအနေမျိုး တစ်ခု လို မြင်မိတာကြောင့်လည်း သရုပ်ဆောင်ဖူးချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 လတ်တလောမှာတာ့ ရုပ်ရှင်ဇာတ်ကားပေါင်း ငါးကားအထိ ရိုက်ကူးပြီးထားသလို တစ်ကားနဲ့ တစ်ကား မှာ မတူတဲ့ကာရိုက်တာဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ထားပါတယ်။ “နေခြည် က သရဲကားသိပ်ကြောက်တတ်တာ၊ အသံကိုကြောက်တာပါ၊ မဟူရာရုပ်ရှင်ရုံကားတုန်းကလည်း ပြီးခါနီးမှ ပြန်ခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ သူငယ်ချင်းနဲ့သွားကြည့်တာလေ၊ သူငယ်ချင်းကပြန်တော့ ကိုယ်တစ်ယောက်တည်းကျတော့ အဆင်မပြေဘူးဆိုတော့ ပြန်ခဲ့တာပါ၊ နေခြည်က အဲ့ဒီလိုလေး သရဲကားမျိုး ရိုက်ကြည့်ချင်တယ်၊ ကိုယ့်ကိုယ်ကိုလည်း လုပ်နိုင်မလားလို့ challenge ခေါ်တာပေါ့၊ သရဲကားကျတော့ သရုပ်ဆောင်တွေအနေနဲ့ ဒီကားပေါ် Mode ဝင်ဖို့ အများကြီး ကြိုးစားရတယ်၊ စကားပြောရတာနည်းတယ်လေ၊ စိတ်ကိုသရုပ်ဆောင်ရတာဖြစ်လို့ ခက်ခဲမယ်လို့တော့ မြင်တယ်၊ ဒါကြောင့်လည်း လုပ်ဖူးချင်တာ၊ နေခြည်က သရုပ်ဆောင်သစ် ဖြစ်တာကြောင့် သရုပ်ဆောင် ပညာနဲ့ ပတ်သက်ပြီး ကြိုးစားလေ့လာသင်ယူနေပါတယ်၊ ဇာတ်ကားတွေရိုက်ရင်လည်း တတ်နိုင်သမျှ မမှားအောင် လို့ ကြိုးစားပါတယ်၊ ရုပ်ရှင်ဇာတ်ကား ငါးကားရိုက်ပြီး သွားပြီ၊ အဲ့ဒီထဲမှာရန်သူလို့နာမည် ရတဲ့ ကားကတော့ ရုံတင်ပြီးသွားပြီး နောက်ထပ်ကားတွေကျန်သေးတယ်” လို့ သရုပ်ဆောင် နေခြည်ဦးက ပြောပါတယ်။

သူ့အနေနဲ့ ဇာတ်ကားတွေထဲမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရတဲ့အခါ သူတို့ဆီက အတွေ့အကြုံတွေ၊ သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ သိဖွယ်မှတ်ဖွယ် အတတ်ပညာတွေကို လေ့လာ သင်ယူနေတယ်လို့ သိရပါတယ်။ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက “ဧည့်သည်”လို့ နာမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားကတော့ မကြာခင်ရုံတင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၁၁

(  Zawgyi  )

 သ႐ုပ္ေဆာင္သစ္တစ္ဦးျဖစ္တဲ့ ေနျခည္ဦးဟာ ဇာတ္ကားေတြထဲမွာ သရဲမေလးလို သ႐ုပ္ေဆာင္ ၾကည့္ ဖူး ခ်င္တယ္လို႔ ေျပာပါတယ္။သရဲကားေတြမွာ သ႐ုပ္ေဆာင္ရတာဟာ ပရိသတ္ရဲ႕ စိတ္ဝင္စား မႈရေအာင္ အမူအရာနဲ႔လုပ္ေဆာင္ရတာ ျဖစ္သလို ခက္ခက္ခဲခဲႀကိဳးပမ္းရမယ့္ အေျခအေနမ်ိဳး တစ္ခု လို ျမင္မိတာေၾကာင့္လည္း သ႐ုပ္ေဆာင္ဖူးခ်င္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

 လတ္တေလာမွာတာ့ ႐ုပ္ရွင္ဇာတ္ကားေပါင္း ငါးကားအထိ ႐ိုက္ကူးၿပီးထားသလို တစ္ကားနဲ႔ တစ္ကား မွာ မတူတဲ့ကာ႐ိုက္တာဇာတ္႐ုပ္ေတြနဲ႔ သ႐ုပ္ေဆာင္ထားပါတယ္။ “ေနျခည္ က သရဲကားသိပ္ေၾကာက္တတ္တာ၊ အသံကိုေၾကာက္တာပါ၊ မဟူရာ႐ုပ္ရွင္႐ုံကားတုန္းကလည္း ၿပီးခါနီးမွ ျပန္ခဲ့ရတယ္၊ ဘာလို႔လဲဆိုေတာ့ သူငယ္ခ်င္းနဲ႔သြားၾကည့္တာေလ၊ သူငယ္ခ်င္းကျပန္ေတာ့ ကိုယ္တစ္ေယာက္တည္းက်ေတာ့ အဆင္မေျပဘူးဆိုေတာ့ ျပန္ခဲ့တာပါ၊ ေနျခည္က အဲ့ဒီလိုေလး သရဲကားမ်ိဳး ႐ိုက္ၾကည့္ခ်င္တယ္၊ ကိုယ့္ကိုယ္ကိုလည္း လုပ္ႏိုင္မလားလို႔ challenge ေခၚတာေပါ့၊ သရဲကားက်ေတာ့ သ႐ုပ္ေဆာင္ေတြအေနနဲ႔ ဒီကားေပၚ Mode ဝင္ဖို႔ အမ်ားႀကီး ႀကိဳးစားရတယ္၊ စကားေျပာရတာနည္းတယ္ေလ၊ စိတ္ကိုသ႐ုပ္ေဆာင္ရတာျဖစ္လို႔ ခက္ခဲမယ္လို႔ေတာ့ ျမင္တယ္၊ ဒါေၾကာင့္လည္း လုပ္ဖူးခ်င္တာ၊ ေနျခည္က သ႐ုပ္ေဆာင္သစ္ ျဖစ္တာေၾကာင့္ သ႐ုပ္ေဆာင္ ပညာနဲ႔ ပတ္သက္ၿပီး ႀကိဳးစားေလ့လာသင္ယူေနပါတယ္၊ ဇာတ္ကားေတြ႐ိုက္ရင္လည္း တတ္ႏိုင္သမွ် မမွားေအာင္ လို႔ ႀကိဳးစားပါတယ္၊ ႐ုပ္ရွင္ဇာတ္ကား ငါးကား႐ိုက္ၿပီး သြားၿပီ၊ အဲ့ဒီထဲမွာရန္သူလို႔နာမည္ ရတဲ့ ကားကေတာ့ ႐ုံတင္ၿပီးသြားၿပီး ေနာက္ထပ္ကားေတြက်န္ေသးတယ္” လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ေျပာပါတယ္။

သူ႔အေနနဲ႔ ဇာတ္ကားေတြထဲမွာ ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ သ႐ုပ္ေဆာင္ရတဲ့အခါ သူတို႔ဆီက အေတြ႕အႀကဳံေတြ၊ သ႐ုပ္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ သိဖြယ္မွတ္ဖြယ္ အတတ္ပညာေတြကို ေလ့လာ သင္ယူေနတယ္လို႔ သိရပါတယ္။ သူ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲက “ဧည့္သည္”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ ဇာတ္ကားကေတာ့ မၾကာခင္႐ုံတင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၁၁