သာမန်နဲ့မတူတဲ့ ကာရိုက်တာမျိုးဖြစ်လို့ အများကြီးကြိုးစားနေရတယ်လို့ သရုပ်ဆောင် အိချောပိုက ဆို

သာမန်နဲ့မတူတဲ့ ကာရိုက်တာမျိုးဖြစ်လို့ အများကြီးကြိုးစားနေရတယ်လို့ သရုပ်ဆောင် အိချောပိုက ဆို

ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ နာမည်ရကာ ပရိသတ်တွေရဲ့နှစ်ခြိုက်ချစ်ခင်မှုကို အခိုင်အမာရနေသော စူစူ လို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ သရုပ်ဆောင် အိချောပို ဟာ အခုဆိုရင် သာမန်ဇာတ်ကားတွေမှာ သရုပ်ဆောင်နေကျ ကာရိုက်တာပုံစံမျိုး မဟုတ်တဲ့ ကာရိုက်တာပုံစံမျိုးနဲ့ ရိုက်ကူးနေတာကြောင့် ကြိုးစားပမ်းစား သရုပ်ဆောင်လို့နေတယ်လို့ သိရပါတယ်။

“ဇာတ်ကားထဲက ကာရိုက်တာအတိုင်း ယောကျ်ားဆန်ဆန်နဲ့ ကြမ်းကြမ်းရမ်းရမ်း ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားရတာ ဖြစ်ပါတယ်။မိန်းမကြမ်းကြီးများ ဆိုတဲ့အတိုင်းပေါ့လေ၊ ဒီကာရိုက်တာက အရင်သရုပ်ဆောင်နေကျ ပုံစံမျိုး မဟုတ်တာကြောင့်လည်း တော်တော်လေးကို ပြင်ဆင်ရပါတယ်၊ ပီပီပြင်ပြင်ဖြစ်အောင်လို့လည်း ကြိုးစားပမ်းစားနဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” လို့ သရုပ်ဆောင် အိချောပို က ဆိုပါတယ်။

သူဟာ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ဖေ့ဘွတ် လူမှုကွန်ရက်တွေပေါ်ကနေလည်း အသိအမှတ်ပြုတဲ့အနေနဲ့ တရင်းတနှီး ပြန်လည်ပြောဆိုတတ်တာတွေကြောင့်လည်း သူ့ကို ချစ်ခင်အားပေးတဲ့သူတွေ ပိုမိုတိုးလာစေပါတယ်။

အခုရက်ပိုင်း ဆက်တိုက်ဆိုသလို ရုံတင်နေတဲ့ ဇာတ်ကားတွေထဲမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအများစု ပါဝင်လို့နေပါတယ်။သရုပ်ဆောင် အသိုက်အဝန်းကြားမှာလည်း ဇာတ်ကားတွေ အများအပြားကို ဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ပရိသတ်ကို လေးလေးစားစား ဆက်ဆံတတ်တဲ့ အပြုအမူကြောင့် သူ့ကိုအားပေးတဲ့ အမာခံပရိသတ်တွေ နေ့စဉ်လိုလို များပြားလို့နေတာ ဖြစ်ပါတယ်။

“အကောင်းဆုံးဖြစ်အောင်လို့တော့ ကြိုးစားနေပါတယ်၊ ပရိသတ်တွေ အနေနဲ့လည်း လိုအပ်တာတွေ့ရင် အကြံပေးနိုင်ပါတယ်၊ ရိုက်ထားတဲ့ ကားလေးတွေကိုလည်း အားပေးကြည့်ရှုပါဦးနော်” လို့ သူက ဆိုပါတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ ပတ်သက်တဲ့ ပွဲတွေသာမကဘဲ သူ့ကိုဖိတ်ကြားလာတဲ့ ရုပ်ရှင်အထူးပွဲတွေ အပါအဝင် အခမ်းအနားပွဲတွေကိုလည်း တက်ရောက်အားပေးလေ့ရှိသလို ပရိသတ်တွေနဲ့ တရင်းတနှီး အသိအမှတ်ပြု နှုတ်ဆက်တတ်တဲ့ သူ့ရဲ့ ဟန်ပန်အမူအယာတွေက အားပေးကြသော ပရိသတ်တွေရဲ့ နှလုံးသားကို စိုးမိုးထားစေခဲ့ပါတယ်။

 

အခုလတ်တလောမှာတော့ သူဟာ ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးသော မိန်းမကြမ်းကြီးများ ဆိုတဲ့ ဇာတ်ကားကို ရဲတိုက်၊ နေနော်၊ ထူးခြား၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၅

( Zawgyi )

႐ုပ္ရွင္နဲ႔ ဗီဒီယိုေလာကမွာ နာမည္ရကာ ပရိသတ္ေတြရဲ႕ႏွစ္ၿခိဳက္ခ်စ္ခင္မႈကို အခိုင္အမာရေနေသာ စူစူ လို႔ ခ်စ္စႏိုးေခၚေလ့ရွိတဲ့ သ႐ုပ္ေဆာင္ အိေခ်ာပို ဟာ အခုဆိုရင္ သာမန္ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ေနက် ကာ႐ိုက္တာပုံစံမ်ိဳး မဟုတ္တဲ့ ကာ႐ိုက္တာပုံစံမ်ိဳးနဲ႔ ႐ိုက္ကူးေနတာေၾကာင့္ ႀကိဳးစားပမ္းစား သ႐ုပ္ေဆာင္လို႔ေနတယ္လို႔ သိရပါတယ္။

“ဇာတ္ကားထဲက ကာ႐ိုက္တာအတိုင္း ေယာက်္ားဆန္ဆန္နဲ႔ ၾကမ္းၾကမ္းရမ္းရမ္း ကာ႐ိုက္တာမ်ိဳးနဲ႔ သ႐ုပ္ေဆာင္ထားရတာ ျဖစ္ပါတယ္။မိန္းမၾကမ္းႀကီးမ်ား ဆိုတဲ့အတိုင္းေပါ့ေလ၊ ဒီကာ႐ိုက္တာက အရင္သ႐ုပ္ေဆာင္ေနက် ပုံစံမ်ိဳး မဟုတ္တာေၾကာင့္လည္း ေတာ္ေတာ္ေလးကို ျပင္ဆင္ရပါတယ္၊ ပီပီျပင္ျပင္ျဖစ္ေအာင္လို႔လည္း ႀကိဳးစားပမ္းစားနဲ႔ လုပ္ေဆာင္ရတာ ျဖစ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ အိေခ်ာပို က ဆိုပါတယ္။

သူဟာ သူ႔ကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြကို ေဖ့ဘြတ္ လူမႈကြန္ရက္ေတြေပၚကေနလည္း အသိအမွတ္ျပဳတဲ့အေနနဲ႔ တရင္းတႏွီး ျပန္လည္ေျပာဆိုတတ္တာေတြေၾကာင့္လည္း သူ႔ကို ခ်စ္ခင္အားေပးတဲ့သူေတြ ပိုမိုတိုးလာေစပါတယ္။

အခုရက္ပိုင္း ဆက္တိုက္ဆိုသလို ႐ုံတင္ေနတဲ့ ဇာတ္ကားေတြထဲမွာေတာ့ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားအမ်ားစု ပါဝင္လို႔ေနပါတယ္။သ႐ုပ္ေဆာင္ အသိုက္အဝန္းၾကားမွာလည္း ဇာတ္ကားေတြ အမ်ားအျပားကို ဆက္တိုက္ဆိုသလို လက္ခံ႐ိုက္ကူးေနရတဲ့ သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို ပရိသတ္ကို ေလးေလးစားစား ဆက္ဆံတတ္တဲ့ အျပဳအမူေၾကာင့္ သူ႔ကိုအားေပးတဲ့ အမာခံပရိသတ္ေတြ ေန႔စဥ္လိုလို မ်ားျပားလို႔ေနတာ ျဖစ္ပါတယ္။

“အေကာင္းဆုံးျဖစ္ေအာင္လို႔ေတာ့ ႀကိဳးစားေနပါတယ္၊ ပရိသတ္ေတြ အေနနဲ႔လည္း လိုအပ္တာေတြ႕ရင္ အႀကံေပးႏိုင္ပါတယ္၊ ႐ိုက္ထားတဲ့ ကားေလးေတြကိုလည္း အားေပးၾကည့္ရႈပါဦးေနာ္” လို႔ သူက ဆိုပါတယ္။

သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားနဲ႔ ပတ္သက္တဲ့ ပြဲေတြသာမကဘဲ သူ႔ကိုဖိတ္ၾကားလာတဲ့ ႐ုပ္ရွင္အထူးပြဲေတြ အပါအဝင္ အခမ္းအနားပြဲေတြကိုလည္း တက္ေရာက္အားေပးေလ့ရွိသလို ပရိသတ္ေတြနဲ႔ တရင္းတႏွီး အသိအမွတ္ျပဳ ႏႈတ္ဆက္တတ္တဲ့ သူ႔ရဲ႕ ဟန္ပန္အမူအယာေတြက အားေပးၾကေသာ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို စိုးမိုးထားေစခဲ့ပါတယ္။

အခုလတ္တေလာမွာေတာ့ သူဟာ ပါဝါကင္း ႐ုပ္ရွင္ထုတ္လုပ္ေရးက စီစဥ္တဲ့ ဇာတ္လမ္းနဲ႔ ဒါ႐ိုက္တာ ရာဇဝင္ကို ႐ိုက္ကူးေသာ မိန္းမၾကမ္းႀကီးမ်ား ဆိုတဲ့ ဇာတ္ကားကို ရဲတိုက္၊ ေနေနာ္၊ ထူးျခား၊ မို႔မို႔ျမင့္ေအာင္၊ စိုးျမတ္သူဇာ၊ ခိုင္သင္းၾကည္ တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၅