သိပ္ပံပညာရှင် အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချလာသည့်အတွက် မျိုးဗီဇပြုပြင်မှု သုတေသနလုပ်ငန်းကို ယာယီရပ်ဆိုင်းထားရန် တရုတ် အမိန့်ထုတ်

သိပ္ပံပညာရှင် အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချလာသည့်အတွက် မျိုးဗီဇပြုပြင်မှု သုတေသနလုပ်ငန်းကို ယာယီရပ်ဆိုင်းထားရန် တရုတ် အမိန့်ထုတ်

တရုတ်သိပ္ပံပညာရှင်တစ်ယောက်က အမွှာကလေးနှစ်ယောက်ရဲ့ မျိုးဗီဇတွေကို ပြုပြင်ခဲ့တယ်လို့ ပြောကြားလာပြီးနောက်မှာ တရုတ်အစိုးရက နိုဝင်ဘာ ၂၉ ရက်နေ့မှာပဲ လူသားမျိုးဗီဇတွေကို ပြုပြင်ရာမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ သုတေသနလှုပ်ရှားမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

သိပ္ပံပညာရှင် ဟဲ ကျန်းကွီ က ယခုရက်သတ္တပတ်မှာပဲ သူဟာ CRISPR-Cas9 လို့ ခေါ်တဲ့ မျိုးဗီဇပြုပြင်နည်းပညာကို အသုံးပြုပြီး ဒီလထဲမှာမွေးဖွားခဲ့တဲ့ အမွှာမိန်းခလေးနှစ်ယောက်ရဲ့ သန္ဓေသား မျိုးဗီဇတွေကို ပြောင်းလဲပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ကြေညာချက်ကို မှန်၊ မမှန် မစစ်ဆေးနိုင်ပေမယ့်လည်း ဒီလိုသုတေသနမျိုးရဲ့ ကျင့်ဝတ်ပိုင်းနဲ့ လုံခြုံမှုနဲ့ ပတ်သက်ပြီး နိုင်ငံံတကာအသိုင်းအဝိုင်းက မကျေနပ်တဲ့ အသံတွေ ထွက်လာခဲ့ပါတယ်။

“ဒီဖြစ်ရပ်ရဲ့ သဘောသဘာဝက တကယ်ကိုပဲ မနှစ်မြို့ဖို့ကောင်းတယ်။သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဒီဖြစ်ရပ်နဲ့ စပ်ဆိုင်တဲ့ လူတွေရဲ့ သိပ္ပံသုတေသနလှုပ်ရှားမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ အမိန့်ပေးထားပါတယ်” လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြောကြားခဲ့ပါတယ်။

ဟဲ က မျိုးဗီဇတွေကို ပြုပြင်ခဲ့တယ်လို့ ဖွင့်ချခဲ့ရာ ညီလာခံကို စီစဉ်သူတွေကလည်း စိတ်မသက်သာဖွယ်ရာ တာဝန်မဲ့လွန်းတယ်လို့ ပြောကြားပြီး ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

“ပြုပြင်မွမ်းမံတာ မှန်တယ်ဆိုရင်တောင်မှ ဒီလုပ်ရပ်ဟာ တာဝန်မဲ့ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့လည်း ကိုက်ညီခြင်း မရှိပါဘူး” လို့ ယခုရက်သတ္တပတ် ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် လူသားမျိုးဗီဇ ပြုပြင်မှုဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်းပရေးကော်မတီက ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကော်မတီက ဟဲ ရဲ့ ပြောကြားချက်တွေကို သီးခြားလွတ်လပ်စွာ စစ်ဆေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဟဲ ကတော့ မျိုးဗီဇပြုပြင်လိုက်တဲ့အတွက် မိန်းခလေးတွေကို ခုခံအားကျရောဂါကို ဖြစ်ပွားစေတဲ့ အိပ်ချ်အိုင်ဗီ (HIV) ဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေကလည်း ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချလိုက်သလို၊ ဟဲ တွဲဖက်ပါမောက္ခအဖြစ်မှ ခွင့်ယူထားရာ တောင်ပိုင်း သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ကလည်း စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Genetic Tech
Ref : Reuters
နိုဝင်ဘာ - ၃၀

( Zawgyi )

တ႐ုတ္သိပၸံပညာရွင္တစ္ေယာက္က အမႊာကေလးႏွစ္ေယာက္ရဲ႕ မ်ိဳးဗီဇေတြကို ျပဳျပင္ခဲ့တယ္လို႔ ေျပာၾကားလာၿပီးေနာက္မွာ တ႐ုတ္အစိုးရက ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာပဲ လူသားမ်ိဳးဗီဇေတြကို ျပဳျပင္ရာမွာ ပါဝင္ပတ္သက္ေနသူေတြရဲ႕ သုေတသနလႈပ္ရွားမႈေတြကို ယာယီရပ္ဆိုင္းထားဖို႔ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

သိပၸံပညာရွင္ ဟဲ က်န္းကြီ က ယခုရက္သတၱပတ္မွာပဲ သူဟာ CRISPR-Cas9 လို႔ ေခၚတဲ့ မ်ိဳးဗီဇျပဳျပင္နည္းပညာကို အသုံးျပဳၿပီး ဒီလထဲမွာေမြးဖြားခဲ့တဲ့ အမႊာမိန္းခေလးႏွစ္ေယာက္ရဲ႕ သေႏၶသား မ်ိဳးဗီဇေတြကို ေျပာင္းလဲပစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ေၾကညာခ်က္ကို မွန္၊ မမွန္ မစစ္ေဆးႏိုင္ေပမယ့္လည္း ဒီလိုသုေတသနမ်ိဳးရဲ႕ က်င့္ဝတ္ပိုင္းနဲ႔ လုံၿခဳံမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံံတကာအသိုင္းအဝိုင္းက မေက်နပ္တဲ့ အသံေတြ ထြက္လာခဲ့ပါတယ္။

“ဒီျဖစ္ရပ္ရဲ႕ သေဘာသဘာဝက တကယ္ကိုပဲ မႏွစ္ၿမိဳ႕ဖို႔ေကာင္းတယ္။သက္ဆိုင္ရာ အဖြဲ႕အစည္းေတြကို ဒီျဖစ္ရပ္နဲ႔ စပ္ဆိုင္တဲ့ လူေတြရဲ႕ သိပၸံသုေတသနလႈပ္ရွားမႈေတြကို ယာယီရပ္ဆိုင္းထားဖို႔ အမိန႔္ေပးထားပါတယ္” လို႔ ႏိုင္ငံပိုင္ ဆင္ဟြာသတင္းေအဂ်င္စီက က်န္းမာေရးဝန္ႀကီးဌာနကို ကိုးကားေျပာၾကားခဲ့ပါတယ္။

ဟဲ က မ်ိဳးဗီဇေတြကို ျပဳျပင္ခဲ့တယ္လို႔ ဖြင့္ခ်ခဲ့ရာ ညီလာခံကို စီစဥ္သူေတြကလည္း စိတ္မသက္သာဖြယ္ရာ တာဝန္မဲ့လြန္းတယ္လို႔ ေျပာၾကားၿပီး ဒီလုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

“ျပဳျပင္မြမ္းမံတာ မွန္တယ္ဆိုရင္ေတာင္မွ ဒီလုပ္ရပ္ဟာ တာဝန္မဲ့ၿပီး ႏိုင္ငံတကာစံႏႈန္းေတြနဲ႔လည္း ကိုက္ညီျခင္း မရွိပါဘူး” လို႔ ယခုရက္သတၱပတ္ ေဟာင္ေကာင္မွာ က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ လူသားမ်ိဳးဗီဇ ျပဳျပင္မႈဆိုင္ရာ ႏိုင္ငံတကာညီလာခံ က်င္းပေရးေကာ္မတီက ေၾကညာခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ေကာ္မတီက ဟဲ ရဲ႕ ေျပာၾကားခ်က္ေတြကို သီးျခားလြတ္လပ္စြာ စစ္ေဆးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

ဟဲ ကေတာ့ မ်ိဳးဗီဇျပဳျပင္လိုက္တဲ့အတြက္ မိန္းခေလးေတြကို ခုခံအားက်ေရာဂါကို ျဖစ္ပြားေစတဲ့ အိပ္ခ်္အိုင္ဗီ (HIV) ဗိုင္းရပ္စ္ ကူးစက္မႈမွ ကာကြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္သိပၸံပညာရွင္ေတြကလည္း ဒီလုပ္ရပ္ကို ျပစ္တင္ရႈတ္ခ်လိုက္သလို၊ ဟဲ တြဲဖက္ပါေမာကၡအျဖစ္မွ ခြင့္ယူထားရာ ေတာင္ပိုင္း သိပၸံနဲ႔ နည္းပညာ တကၠသိုလ္ကလည္း စုံစမ္းစစ္ေဆးသြားမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

Genetic Tech
Ref : Reuters
ႏိုဝင္ဘာ - ၃၀