သီချင်းခွေ အသစ်ထွက်ဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် လွှမ်းပိုင် က ပြောလာ

သီချင်းခွေ အသစ်ထွက်ဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် လွှမ်းပိုင် က ပြောလာ

ဒီနှစ်ထဲမှာ သီချင်းခွေတစ်ခွေထွက်နိုင်ဖို့ ကြိုးပမ်းနေပြီး အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ တေးသံရှင် လွှမ်းပိုင်က ပြောပါတယ်။

 “ဒီနှစ်ထဲမှာ ထွက်ဖြစ်အောင်တော့ မှန်းထားပါတယ်၊ နောက်ထပ်အနေနဲ့က ရဲရင့်အောင်နဲ့ ပေါင်းပြီး တော့ သီချင်းလေးတစ်ပုဒ်လုပ်ထားတာလည်းရှိပါတယ်၊ အဲ့ဒါလည်း မကြာခင်မှာ ပြီးစီးဖို့ရှိပါတယ်၊ ရဲရင့်အောင်က ကျွန်တော့် ညီလိုလည်း ချစ်ခင်ရပါတယ်၊ မြန်မာပြည်မှာ အကြိုက်ဆုံး အဆိုတော်တွေ ထဲမှာ သူလည်းပါတယ်၊ လာ မယ့် ၁၄ ရက်နေ့မှာ Music ဗီဒီယိုရိုက်မယ်၊ သီချင်းလေးထွက်ဖြစ်အောင် လုပ်နေတယ်၊ အဲ့ဒါပြီးရင် ရုပ်ရှင်ရိုက် တာလေးလည်း ရှိပါမယ်”လို့ တေးသံရှင် လွှမ်းပိုင်က ရှင်းပြပါ

တယ်။

 သူဟာ ဂီတနယ်ပယ်ကနေ သရုပ်ဆောင်အလုပ်ကို လုပ်လာပြီး ဇာတ်လမ်းရိုက်ကူးတာတွေလည်း ဆက် တိုက် နီးပါး ဖြစ်လာခဲ့ပါတယ်။ “ဂီတအလုပ်ကိုလည်း ကျွန်တော်လုပ်မှာပါ၊ ရုပ်ရှင်ဘက် ကိုပြောင်း လာတယ်လို့ ဆိုတာထက် အခွင့် အ ရေးရတုန်းလေး လုပ်ချင်တယ်၊ အဲ့ဒါကို ကျွန်တော် လည်း ဝါသနာပါတော့ လုပ်ဖြစ်လာတယ်ပေါ့။ သရုပ်ဆောင် တာက ဂီတနဲ့ နည်းနည်းလေးတော့ ကွာခြားတာရှိပါတယ်၊ ဒါပေမဲ့ ဒီဟာလည်း အနုပညာအလုပ် ဟိုဟာလည်း အနုပညာအလုပ်ဆိုတော့ အကုန်လုံးက အတူတူပါပဲ”လို့ သူက ရှင်းပြပါတယ်။

လတ်တလောမှာ သူဟာ “ရပ်ကျော်ရွာကျော်”လို့ နာမည်ရတဲ့ ဟာသကားလေးကို သရုပ်ဆောင် နေထူးနိုင်နဲ့ အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ အားလပ်ချိန်မှာ Dota ဂိမ်း ကိုလည်း ဆော့ကစားသူ တစ်ဦးဖြစ်သလို သူပါဝင်ကစားတဲ့ အသင်းဟာ ကမ္ဘာ့အဆင့်ရှိတဲ့ အသင်း ကို အနိုင်ယူ ကစားပြီးနောက် အဆင့် ၃ ဖြင့် ရရှိခဲ့တယ်လို့ သိရပါတယ်။

“Dot ကစားဖြစ်တာကလည်း ကျွန်တော် အရမ်းနှစ်သက်တဲ့ဟာပါ၊ Dota 2 ကိုလည်း ကျွန်တော် အရမ်း ချစ်တယ်။ ကမ္ဘာ့အဆင့်ရှိတဲ့အသင်း တစ်သင်းကို ကျွန်တော်တို့ အကြိတ်အနယ် ကစားကြပြီးတော့ အနိုင်ယူခဲ့ ရတာ တကယ့်ကို ဂုဏ်ယူရတယ်၊ အခုလည်း အဆင့် ၃ ရတယ်၊ ဂုဏ်လည်း ယူတယ်၊ Dota လောကမှာ မြန်မာ ကကောင်တွေ ကြမ်းပါလားဆိုတာကိုလည်း သိမြင်နိုင်မှာ ဖြစ်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ဂီတနဲ့ပတ်သက်လို့ သူဖန်တီးနေတဲ့ သီချင်းဟာလည်း လူငယ်တွေအကြိုက်တွေ့စေမယ့် အခြေအနေမျိုးဖြစ်အောင် မျှော်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၇

(  Zawgyi  )

 ဒီႏွစ္ထဲမွာ သီခ်င္းေခြတစ္ေခြထြက္ႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး အျမန္ဆုံးထုတ္လုပ္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ေတးသံရွင္ လႊမ္းပိုင္က ေျပာပါတယ္။

 “ဒီႏွစ္ထဲမွာ ထြက္ျဖစ္ေအာင္ေတာ့ မွန္းထားပါတယ္၊ ေနာက္ထပ္အေနနဲ႔က ရဲရင့္ေအာင္နဲ႔ ေပါင္းၿပီး ေတာ့ သီခ်င္းေလးတစ္ပုဒ္လုပ္ထားတာလည္းရွိပါတယ္၊ အဲ့ဒါလည္း မၾကာခင္မွာ ၿပီးစီးဖို႔ရွိပါတယ္၊ ရဲရင့္ေအာင္က ကြၽန္ေတာ့္ ညီလိုလည္း ခ်စ္ခင္ရပါတယ္၊ ျမန္မာျပည္မွာ အႀကိဳက္ဆုံး အဆိုေတာ္ေတြ ထဲမွာ သူလည္းပါတယ္၊ လာ မယ့္ ၁၄ ရက္ေန႔မွာ Music ဗီဒီယို႐ိုက္မယ္၊ သီခ်င္းေလးထြက္ျဖစ္ေအာင္ လုပ္ေနတယ္၊ အဲ့ဒါၿပီးရင္ ႐ုပ္ရွင္႐ိုက္ တာေလးလည္း ရွိပါမယ္”လို႔ ေတးသံရွင္ လႊမ္းပိုင္က ရွင္းျပပါတယ္။

 သူဟာ ဂီတနယ္ပယ္ကေန သ႐ုပ္ေဆာင္အလုပ္ကို လုပ္လာၿပီး ဇာတ္လမ္း႐ိုက္ကူးတာေတြလည္း ဆက္ တိုက္ နီးပါး ျဖစ္လာခဲ့ပါတယ္။ “ဂီတအလုပ္ကိုလည္း ကြၽန္ေတာ္လုပ္မွာပါ၊ ႐ုပ္ရွင္ဘက္ ကိုေျပာင္း လာတယ္လို႔ ဆိုတာထက္ အခြင့္ အ ေရးရတုန္းေလး လုပ္ခ်င္တယ္၊ အဲ့ဒါကို ကြၽန္ေတာ္ လည္း ဝါသနာပါေတာ့ လုပ္ျဖစ္လာတယ္ေပါ့။ သ႐ုပ္ေဆာင္ တာက ဂီတနဲ႔ နည္းနည္းေလးေတာ့ ကြာျခားတာရွိပါတယ္၊ ဒါေပမဲ့ ဒီဟာလည္း အႏုပညာအလုပ္ ဟိုဟာလည္း အႏုပညာအလုပ္ဆိုေတာ့ အကုန္လုံးက အတူတူပါပဲ”လို႔ သူက ရွင္းျပပါတယ္။

လတ္တေလာမွာ သူဟာ “ရပ္ေက်ာ္႐ြာေက်ာ္”လို႔ နာမည္ရတဲ့ ဟာသကားေလးကို သ႐ုပ္ေဆာင္ ေနထူးႏိုင္နဲ႔ အတူ ႐ိုက္ကူးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူဟာ အားလပ္ခ်ိန္မွာ Dota ဂိမ္း ကိုလည္း ေဆာ့ကစားသူ တစ္ဦးျဖစ္သလို သူပါဝင္ကစားတဲ့ အသင္းဟာ ကမာၻ႔အဆင့္ရွိတဲ့ အသင္း ကို အႏိုင္ယူ ကစားၿပီးေနာက္ အဆင့္ ၃ ျဖင့္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

“Dot ကစားျဖစ္တာကလည္း ကြၽန္ေတာ္ အရမ္းႏွစ္သက္တဲ့ဟာပါ၊ Dota 2 ကိုလည္း ကြၽန္ေတာ္ အရမ္း ခ်စ္တယ္။ ကမာၻ႔အဆင့္ရွိတဲ့အသင္း တစ္သင္းကို ကြၽန္ေတာ္တို႔ အႀကိတ္အနယ္ ကစားၾကၿပီးေတာ့ အႏိုင္ယူခဲ့ ရတာ တကယ့္ကို ဂုဏ္ယူရတယ္၊ အခုလည္း အဆင့္ ၃ ရတယ္၊ ဂုဏ္လည္း ယူတယ္၊ Dota ေလာကမွာ ျမန္မာ ကေကာင္ေတြ ၾကမ္းပါလားဆိုတာကိုလည္း သိျမင္ႏိုင္မွာ ျဖစ္ပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ဂီတနဲ႔ပတ္သက္လို႔ သူဖန္တီးေနတဲ့ သီခ်င္းဟာလည္း လူငယ္ေတြအႀကိဳက္ေတြ႕ေစမယ့္ အေျခအေနမ်ိဳးျဖစ္ေအာင္ ေမွ်ာ္မွန္းထားတယ္လို႔လည္း ဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၇