သီချင်းတွေဘက် ပြန်မလှည့်နိုင်သေးတဲ့ ထွန်းထွန်း (Examplez)

သီချင်းတွေဘက် ပြန်မလှည့်နိုင်သေးတဲ့ ထွန်းထွန်း (Examplez)

တစ်ချိန်က တေးစီးရီးလောကမှာ နာမည်ရပြီး လူကြိုက်များခဲ့တဲ့ Examplez အဖွဲ့အနေနဲ့ တေးသီချင်းသစ်တွေ ထွက်ပေါ်ဖို့မရှိသေးဘူးလို့ သရုပ်ဆောင် ထွန်းထွန်း (Examplez) က ပြောပါတယ်။

“ကျွန်တော်တို့ အဖွဲ့လိုက်အနေနဲ့ ဒီအတိုင်းမြင်ချင်ရင်တော့ ပရိသတ်ရှေ့မှာ ထွက်ပေါ်ဖို့ရှိတာပေါ့၊ အနုပညာလှုပ်ရှားမှုအနေနဲ့ဆိုရင်တော့ ပေါ်ထွက်ဖို့မရှိသေးဘူး၊ ကျွန်တော်လည်း ဇာတ်ကားရိုက် ဘာရိုက်နဲ့ ဒီဘက်မှာ လုပ်နေသလို သူတို့လည်း စားဝတ်နေရေးကိစ္စတွေ၊ တခြားအလုပ်တွေနဲ့ ရှုပ်နေကြတော့ ကျွန်တော်တို့ အဖွဲ့လိုက်စုစည်းပြီး တေးသီချင်းတွေအနေနဲ့ ပြန်ထွက်လာဖို့ဆိုတာ လောလောဆယ်တော့ မဖြစ်သေးပါဘူး” လို့ သရုပ်ဆောင် ထွန်းထွန်း (Examplez) က ရှင်းပြပါတယ်။

လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် သရုပ်ဆောင်ပိုင်းဆိုင်ရာကို ကြိုးစားလေ့ကျင့်နေပြီး သရုပ်ဆောင်တဲ့အပိုင်းကိုပဲ အဓိကထားကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အနုပညာလှုပ်ရှားမှု မရှိတာမဟုတ်ပါဘူး၊ ရိုက်ထားတဲ့ကားတွေတော့ ရှိပါတယ်၊ ဟိုတလောကတော့ မလုပ်ဘဲနဲ့ ကိုယ့်ဟာကိုယ် နေခဲ့ပေမယ့် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရှိနေတယ်၊ ကိုယ်ကလည်း ဒီလို သရုပ်ဆောင်တာကို ဝါသနာပါတော့ ဒါကိုပြန်လုပ်ဖြစ်တာပါ၊ ကျွန်တော့်ဆွေမျိုးတွေလည်း ကျွန်တော့်ကို ဘာမှမလုပ်ဘူးလားလို့ မေးကြတယ်၊ ကျွန်တော်က အခုသရုပ်ဆောင်ဘက်ကို လုပ်ပါတယ်၊ ရိုက်ထားတဲ့ ကားတွေက ရုံတင်ဖို့ ထွက်မလာတော့ ကျွန်တော့်ကို ပရိသတ်တွေရှေ့မှာ ပျောက်နေသလို ဖြစ်နေတာပါ၊ အခုလည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ဖို့ ရှိပါတယ်၊ သီချင်းကတော့ ဆိုဖြစ်ဦးမှာ မဟုတ်သေးဘူး” လို့ သရုပ်ဆောင် ထွန်းထွန်း (Examplez) က ရှင်းပြပါတယ်။

သရုပ်ဆောင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ကြိုးစားလေ့ကျင့်တာတွေကို လုပ်ဆောင်နေသလို အမူအယာပိုင်းကိုလည်း အားလပ်ချိန်တွေဖြစ်ပေမယ့် မှန်ရှေ့မှာထိုင်ကာ လေ့ကျင့်နေတာတွေရှိကြောင်း၊ သရုပ်ဆောင်တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေအနေနဲ့လည်း အကြံပြုနိုင်သလို လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်ဆောင်ကာ ကြိုးစားသွားမယ်လို့လည်း သူကပြောပါတယ်။

“ရိုက်ထားတဲ့ကားတွေကများတော့ ကျွန်တော်တောင် ဘယ်နှစ်ကားရှိနေပြီလဲ မမှတ်မိတော့ဘူး၊ ရုံမတင်သေးတော့ ပရိသတ်ရဲ့ရှေ့ကို မရောက်သလိုဖြစ်တာပေါ့၊ ရုံတင်ခွင့်ရမယ့်ရက်ကိုပဲ ဆုတောင်းရမှာပဲလေ” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၁၀

( Zawgyi )

တစ္ခ်ိန္က ေတးစီးရီးေလာကမွာ နာမည္ရၿပီး လူႀကိဳက္မ်ားခဲ့တဲ့ Examplez အဖြဲ႕အေနနဲ႔ ေတးသီခ်င္းသစ္ေတြ ထြက္ေပၚဖို႔မရွိေသးဘူးလို႔ သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez) က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အဖြဲ႕လိုက္အေနနဲ႔ ဒီအတိုင္းျမင္ခ်င္ရင္ေတာ့ ပရိသတ္ေရွ႕မွာ ထြက္ေပၚဖို႔ရွိတာေပါ့၊ အႏုပညာလႈပ္ရွားမႈအေနနဲ႔ဆိုရင္ေတာ့ ေပၚထြက္ဖို႔မရွိေသးဘူး၊ ကြၽန္ေတာ္လည္း ဇာတ္ကား႐ိုက္ ဘာ႐ိုက္နဲ႔ ဒီဘက္မွာ လုပ္ေနသလို သူတို႔လည္း စားဝတ္ေနေရးကိစၥေတြ၊ တျခားအလုပ္ေတြနဲ႔ ရႈပ္ေနၾကေတာ့ ကြၽန္ေတာ္တို႔ အဖြဲ႕လိုက္စုစည္းၿပီး ေတးသီခ်င္းေတြအေနနဲ႔ ျပန္ထြက္လာဖို႔ဆိုတာ ေလာေလာဆယ္ေတာ့ မျဖစ္ေသးပါဘူး” လို႔ သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez) က ရွင္းျပပါတယ္။

လတ္တေလာမွာ ႐ုပ္ရွင္ဇာတ္ကားေတြအတြက္ သ႐ုပ္ေဆာင္ပိုင္းဆိုင္ရာကို ႀကိဳးစားေလ့က်င့္ေနၿပီး သ႐ုပ္ေဆာင္တဲ့အပိုင္းကိုပဲ အဓိကထားကာ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အႏုပညာလႈပ္ရွားမႈ မရွိတာမဟုတ္ပါဘူး၊ ႐ိုက္ထားတဲ့ကားေတြေတာ့ ရွိပါတယ္၊ ဟိုတေလာကေတာ့ မလုပ္ဘဲနဲ႔ ကိုယ့္ဟာကိုယ္ ေနခဲ့ေပမယ့္ ကြၽန္ေတာ့္ကို အားေပးတဲ့ ပရိသတ္ေတြလည္း အခိုင္အမာရွိေနတယ္၊ ကိုယ္ကလည္း ဒီလို သ႐ုပ္ေဆာင္တာကို ဝါသနာပါေတာ့ ဒါကိုျပန္လုပ္ျဖစ္တာပါ၊ ကြၽန္ေတာ့္ေဆြမ်ိဳးေတြလည္း ကြၽန္ေတာ့္ကို ဘာမွမလုပ္ဘူးလားလို႔ ေမးၾကတယ္၊ ကြၽန္ေတာ္က အခုသ႐ုပ္ေဆာင္ဘက္ကို လုပ္ပါတယ္၊ ႐ိုက္ထားတဲ့ ကားေတြက ႐ုံတင္ဖို႔ ထြက္မလာေတာ့ ကြၽန္ေတာ့္ကို ပရိသတ္ေတြေရွ႕မွာ ေပ်ာက္ေနသလို ျဖစ္ေနတာပါ၊ အခုလည္း ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကား႐ိုက္ဖို႔ ရွိပါတယ္၊ သီခ်င္းကေတာ့ ဆိုျဖစ္ဦးမွာ မဟုတ္ေသးဘူး” လို႔ သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez) က ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္တဲ့အပိုင္းနဲ႔ ပတ္သက္ၿပီး ႀကိဳးစားေလ့က်င့္တာေတြကို လုပ္ေဆာင္ေနသလို အမူအယာပိုင္းကိုလည္း အားလပ္ခ်ိန္ေတြျဖစ္ေပမယ့္ မွန္ေရွ႕မွာထိုင္ကာ ေလ့က်င့္ေနတာေတြရွိေၾကာင္း၊ သ႐ုပ္ေဆာင္တဲ့ အေနအထားေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပရိသတ္ေတြအေနနဲ႔လည္း အႀကံျပဳႏိုင္သလို လိုအပ္တဲ့ျပဳျပင္မႈေတြ လုပ္ေဆာင္ကာ ႀကိဳးစားသြားမယ္လို႔လည္း သူကေျပာပါတယ္။

“႐ိုက္ထားတဲ့ကားေတြကမ်ားေတာ့ ကြၽန္ေတာ္ေတာင္ ဘယ္ႏွစ္ကားရွိေနၿပီလဲ မမွတ္မိေတာ့ဘူး၊ ႐ုံမတင္ေသးေတာ့ ပရိသတ္ရဲ႕ေရွ႕ကို မေရာက္သလိုျဖစ္တာေပါ့၊ ႐ုံတင္ခြင့္ရမယ့္ရက္ကိုပဲ ဆုေတာင္းရမွာပဲေလ” လို႔လည္း သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၁၀