သြင်္ကန်မှာဖျော်ဖြေပေးဖို့ နေ့တိုင်းသီချင်းတိုက် နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

သြင်္ကန်မှာဖျော်ဖြေပေးဖို့ နေ့တိုင်းသီချင်းတိုက် နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

မနက်ဖြန်မှာ ရောက်ရှိတော့မယ့် မဟာသြင်္ကန်ကာလမှာ တေးသီချင်းတွေနဲ့ ဖျော်ဖြေနိုင်ဖို့ နေ့စဉ်သီချင်းတိုက်ကာ လေ့ကျင့်နေတယ်လို့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

သူဟာ မကြာသေးခင်ရက်ပိုင်းထဲ သူ့မွေးနေ့ဖျော်ဖြေသီဆိုတာကို ပြုလုပ်ခဲ့တဲ့အပြင် သြင်္ကန်မှာလည်း မြကျွန်းသာထဲမှာ ဖျော်ဖြေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ “ကျွန်တော့် မွေးနေ့လည်းရှိတဲ့ ဒီကာလမှာ အရမ်းရင်ခုန်တယ်၊ နေ့တိုင်းလည်း သီချင်းတိုက်နေရတယ်၊ ပရိသတ်အတွက် ကျွန်တော် အကောင်းဆုံး လုပ်သွားမှာပါ”လို့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

သူဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါ ပါဝင်သရုပ်ဆောင်နေသူတစ်ဦးဖြစ်သလို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပြီး သူထုတ်လုပ်လိုက်တဲ့ သီချင်းတိုင်းလိုလို အောင်မြင်မှုရခဲ့တယ်လို့ ဆိုပေမယ့် အဲ့ဒီလို ထုတ်လုပ်နိုင်ဖို့ ပစ်ပယ်ခဲ့ရတဲ့ သီချင်းတွေလည်း အများကြီးရှိခဲ့တယ်လို့ ဆိုပါသေးတယ်။ “ကျွန်တော့်ကို ဘာလုပ်လုပ်အောင်မြင်တယ်လို့ မထင်စေချင်ဘူး၊ ကျွန်တော်မအောင်မြင်ဘဲ ပစ်ပယ်ခဲ့ရတဲ့ သီချင်းတွေ အများကြီးရှိပါတယ်၊ အဓိက ကတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်တာကြောင့်လို့ ကျွန်တော်မြင်ပါတယ်၊ ဥပမာပြောရရင် တေးသီချင်း ပုဒ် ၁၀၀ လောက် ရေးထားရင် ၁၀ ပုဒ်လောက်ကို အကောင်းဆုံးအဖြစ်နဲ့ ပရိသတ်ကို ချပြနိုင်ပေမယ့် ကျွန်တော်ပစ်ပယ်ခဲ့ရတဲ့ အပုဒ် ၉၀ လောက်ကိုတော့ ပရိသတ်တွေ ဘယ်သူမှမသိလိုက်ပါဘူး၊ ဒါကြောင့်လည်း ဒီဟာလုပ်လည်း အောင်မြင်တယ်၊ ဟိုဟာ လုပ်လည်း အောင်မြင်တယ်လို့ မြင်ကြတာပါ၊ အနုပညာဖန်တီးမှု တစ်ခုနဲ့တစ်ခုကြားမှာ ပစ်ပယ်ခဲ့ရတဲ့ဖန်တီးမှုတွေ အများကြီး ရှိခဲ့တယ်ဆိုတာ ကျွန်တော့်ကိုယ်သာ ကျွန်တော်အသိဆုံးပါပဲ”လို့ သူက ရှင်းပြပါတယ်။

သြင်္ကန်ကာလထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းဖို့ အတွက် ထွက်ရှိပြီးသား အခွေတွေထဲက တေးသီချင်း ကောင်းတွေကိုသာ ရွေးချယ်စီစဉ်နေ တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ နှစ်သက်ကြလိမ့်မယ်လို့လည်း မျှော်လင့် ထားတယ်လို့ ဆိုပါသေးတယ်။ သူ့ရဲ့သီဆိုဖျော်ဖြေမှုတွေကို ခံစားနားဆင်နိုင်ဖို့ မြကျွန်းသာဥယျာဉ်ထဲကို လာလည်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါသေးတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၁၂ 

(  Zawgyi  )

 မနက္ျဖန္မွာ ေရာက္ရွိေတာ့မယ့္ မဟာၾသကၤန္ကာလမွာ ေတးသီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖႏိုင္ဖို႔ ေန႔စဥ္သီခ်င္းတိုက္ကာ ေလ့က်င့္ေနတယ္လို႔ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္က ေျပာပါတယ္။

သူဟာ မၾကာေသးခင္ရက္ပိုင္းထဲ သူ႔ေမြးေန႔ေဖ်ာ္ေျဖသီဆိုတာကို ျပဳလုပ္ခဲ့တဲ့အျပင္ ၾသကၤန္မွာလည္း ျမကြၽန္းသာထဲမွာ ေဖ်ာ္ေျဖဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ “ကြၽန္ေတာ့္ ေမြးေန႔လည္းရွိတဲ့ ဒီကာလမွာ အရမ္းရင္ခုန္တယ္၊ ေန႔တိုင္းလည္း သီခ်င္းတိုက္ေနရတယ္၊ ပရိသတ္အတြက္ ကြၽန္ေတာ္ အေကာင္းဆုံး လုပ္သြားမွာပါ”လို႔ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္က ေျပာပါတယ္။

သူဟာ အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာပါ ပါဝင္သ႐ုပ္ေဆာင္ေနသူတစ္ဦးျဖစ္သလို ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ဦးလည္းျဖစ္ၿပီး သူထုတ္လုပ္လိုက္တဲ့ သီခ်င္းတိုင္းလိုလို ေအာင္ျမင္မႈရခဲ့တယ္လို႔ ဆိုေပမယ့္ အဲ့ဒီလို ထုတ္လုပ္ႏိုင္ဖို႔ ပစ္ပယ္ခဲ့ရတဲ့ သီခ်င္းေတြလည္း အမ်ားႀကီးရွိခဲ့တယ္လို႔ ဆိုပါေသးတယ္။ “ကြၽန္ေတာ့္ကို ဘာလုပ္လုပ္ေအာင္ျမင္တယ္လို႔ မထင္ေစခ်င္ဘူး၊ ကြၽန္ေတာ္မေအာင္ျမင္ဘဲ ပစ္ပယ္ခဲ့ရတဲ့ သီခ်င္းေတြ အမ်ားႀကီးရွိပါတယ္၊ အဓိက ကေတာ့ အေကာင္းဆုံးျဖစ္ေအာင္ ျပင္ဆင္ႏိုင္တာေၾကာင့္လို႔ ကြၽန္ေတာ္ျမင္ပါတယ္၊ ဥပမာေျပာရရင္ ေတးသီခ်င္း ပုဒ္ ၁၀၀ ေလာက္ ေရးထားရင္ ၁၀ ပုဒ္ေလာက္ကို အေကာင္းဆုံးအျဖစ္နဲ႔ ပရိသတ္ကို ခ်ျပႏိုင္ေပမယ့္ ကြၽန္ေတာ္ပစ္ပယ္ခဲ့ရတဲ့ အပုဒ္ ၉၀ ေလာက္ကိုေတာ့ ပရိသတ္ေတြ ဘယ္သူမွမသိလိုက္ပါဘူး၊ ဒါေၾကာင့္လည္း ဒီဟာလုပ္လည္း ေအာင္ျမင္တယ္၊ ဟိုဟာ လုပ္လည္း ေအာင္ျမင္တယ္လို႔ ျမင္ၾကတာပါ၊ အႏုပညာဖန္တီးမႈ တစ္ခုနဲ႔တစ္ခုၾကားမွာ ပစ္ပယ္ခဲ့ရတဲ့ဖန္တီးမႈေတြ အမ်ားႀကီး ရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ့္ကိုယ္သာ ကြၽန္ေတာ္အသိဆုံးပါပဲ”လို႔ သူက ရွင္းျပပါတယ္။

ၾသကၤန္ကာလထဲမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျဖတ္သန္းဖို႔ အတြက္ ထြက္ရွိၿပီးသား အေခြေတြထဲက ေတးသီခ်င္း ေကာင္းေတြကိုသာ ေ႐ြးခ်ယ္စီစဥ္ေန တာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ႏွစ္သက္ၾကလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ ထားတယ္လို႔ ဆိုပါေသးတယ္။ သူ႔ရဲ႕သီဆိုေဖ်ာ္ေျဖမႈေတြကို ခံစားနားဆင္ႏိုင္ဖို႔ ျမကြၽန္းသာဥယ်ာဥ္ထဲကို လာလည္ၾကဖို႔လည္း ဖိတ္ေခၚလိုက္ပါေသးတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၁၂