ဟာသကားတွေနဲ့ အပြိုင်ရုံတင်မယ့် အဆိပ်ရှိလူရိုင်း ဒရမ်မာဇာတ်ကား နိုဝင်ဘာလကုန်၌ ပြသမည်

ဟာသကားတွေနဲ့ အပြိုင်ရုံတင်မယ့် အဆိပ်ရှိလူရိုင်း ဒရမ်မာဇာတ်ကား နိုဝင်ဘာလကုန်၌ ပြသမည်

အခုရက်ပိုင်းထဲ ရုံတင်နေတဲ့ ဟာသဇာတ်ကားတွေရဲ့ကြားမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဒရမ်မာ ဇာတ်ကွက်တွေကို ပရိသတ်ကြားထဲ ပြသဖို့ပြင်ဆင်နေတဲ့ “အဆိပ်ရှိလူရိုင်း” လို့ နာမည်ရတဲ့ ရုပ်ရှင်ကားတစ်ကားဟာလည်း ဒီလကုန်ပိုင်းမှာ ရုံတင်ပြသတော့မယ်လို့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပြောကြားပါတယ်။

“ဒီဇာတ်ကားလေးက ဒရမ်မာကားလေးပါ၊ အချစ်ဟာ လူတွေရဲ့စိတ်ကိုနူးညံ့စေတတ်သလို လူတွေရဲ့ စိတ်ကို ရိုင်းစိုင်းစေတတ်တယ် ဆိုတာမျိုးကို အားပြိုင်ပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်”လို့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ရှင်းပြပါတယ်။ အဲ့ဒီ “အဆိပ်ရှိလူရိုင်း”လို့ နာမည်ရတဲ့ ရုပ်ရှင်ကားကိုတော့ နိုဝင်ဘာ ၃၀ ရက်မှာ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ရှိနေပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် နိုင်းနိုင်း ၊ ရွှေသမီး ၊ ခါရာ ၊ ထွန်းကိုကို နဲ့ တခြား အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဒါ့အပြင် မိဘတွေကနေ သားသမီးတွေအပေါ် ဆုံးမသွန်သင်မှုတွေပြုလုပ်တာဟာ အလွန်ပဲအရေးကြီးသလို နည်းမှန်လမ်းမှန်လည်း ဖြစ်ဖို့လိုအပ်ကြောင်း၊ နည်းလမ်းမကျတဲ့ ဆုံးမသွန်သင်မှုတွေအပါအဝင် အုပ်ထိန်းမှု မကောင်းတဲ့ အခြေအနေတွေကြောင့် သားသမီးတွေရဲ့ ဒုက္ခရောက်သွားတဲ့ အခြေအနေတွေကိုလည်း ဒီဇာတ်ကားမှာ ပုံဖော်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ပညာပေးဇာတ်ကားလေးပါ၊ တကယ့်ကိုလည်း ပီပီပြင်ပြင်ဖြစ်အောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်၊ ဟာသဇာတ်ကားတွေ အများအပြားရုံတင်နေတဲ့ အချိန်မှာ ဒီဇာတ်ကားကို ရုံတင်တာနဲ့ပတ်သက်ပြီးတော့ ဘာမှတော့ ဝေဖန်ပြောစရာအကြောင်းမရှိပါဘူး၊ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံးတော့ ဖန်တီးထားပါတယ်၊ ပရိသတ်တွေလည်း ကြိုက်ကြမယ်လို့ မျှော်လင့်မိ ပါတယ်”လို့ လည်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ဆက်လက်ပြောကြားပါတယ်။

ထိုဇာတ်ကားကို လွန်ခဲ့တဲ့နှစ်ကတည်းက ပြင်ဆင်ရိုက်ကူးခဲ့တာဖြစ်ပေမယ့် နိုဝင်ဘာ ၃၀ ရက်မှာတော့ ရုံတင်ပြသခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ “ကျွန်တော်လိုချင်တဲ့ ဇာတ်ရုပ်မျိုးကို နိုင်းနိုင်းတို့က အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်၊ အိစိကွေးဆိုရင်လည်း တကယ့်ကိုအရိုက်ခံပြီး သရုပ်ဆောင်ထားတာ၊ တကယ်ကောင်းတဲ့ ကားလေးဖြစ်မှာပါ”လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၄

( Zawgyi )

အခုရက္ပိုင္းထဲ ႐ုံတင္ေနတဲ့ ဟာသဇာတ္ကားေတြရဲ႕ၾကားမွာ ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ဒရမ္မာ ဇာတ္ကြက္ေတြကို ပရိသတ္ၾကားထဲ ျပသဖို႔ျပင္ဆင္ေနတဲ့ “အဆိပ္ရွိလူ႐ိုင္း” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ကားတစ္ကားဟာလည္း ဒီလကုန္ပိုင္းမွာ ႐ုံတင္ျပသေတာ့မယ္လို႔ ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ)က ေျပာၾကားပါတယ္။

“ဒီဇာတ္ကားေလးက ဒရမ္မာကားေလးပါ၊ အခ်စ္ဟာ လူေတြရဲ႕စိတ္ကိုႏူးညံ့ေစတတ္သလို လူေတြရဲ႕ စိတ္ကို ႐ိုင္းစိုင္းေစတတ္တယ္ ဆိုတာမ်ိဳးကို အားၿပိဳင္ၿပီး ႐ိုက္ကူးပုံေဖာ္ထားတာ ျဖစ္ပါတယ္”လို႔ ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ)က ရွင္းျပပါတယ္။ အဲ့ဒီ “အဆိပ္ရွိလူ႐ိုင္း”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ကားကိုေတာ့ ႏိုဝင္ဘာ ၃၀ ရက္မွာ ရန္ကုန္အပါအဝင္ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသဖို႔ရွိေနၿပီး ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ) ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြအျဖစ္ ႏိုင္းႏိုင္း ၊ ေ႐ႊသမီး ၊ ခါရာ ၊ ထြန္းကိုကို နဲ႔ တျခား အႏုပညာရွင္ေတြမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ဒါ့အျပင္ မိဘေတြကေန သားသမီးေတြအေပၚ ဆုံးမသြန္သင္မႈေတြျပဳလုပ္တာဟာ အလြန္ပဲအေရးႀကီးသလို နည္းမွန္လမ္းမွန္လည္း ျဖစ္ဖို႔လိုအပ္ေၾကာင္း၊ နည္းလမ္းမက်တဲ့ ဆုံးမသြန္သင္မႈေတြအပါအဝင္ အုပ္ထိန္းမႈ မေကာင္းတဲ့ အေျခအေနေတြေၾကာင့္ သားသမီးေတြရဲ႕ ဒုကၡေရာက္သြားတဲ့ အေျခအေနေတြကိုလည္း ဒီဇာတ္ကားမွာ ပုံေဖာ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

“ပညာေပးဇာတ္ကားေလးပါ၊ တကယ့္ကိုလည္း ပီပီျပင္ျပင္ျဖစ္ေအာင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္၊ ဟာသဇာတ္ကားေတြ အမ်ားအျပား႐ုံတင္ေနတဲ့ အခ်ိန္မွာ ဒီဇာတ္ကားကို ႐ုံတင္တာနဲ႔ပတ္သက္ၿပီးေတာ့ ဘာမွေတာ့ ေဝဖန္ေျပာစရာအေၾကာင္းမရွိပါဘူး၊ ကြၽန္ေတာ္တို႔ အေနနဲ႔ အေကာင္းဆုံးေတာ့ ဖန္တီးထားပါတယ္၊ ပရိသတ္ေတြလည္း ႀကိဳက္ၾကမယ္လို႔ ေမွ်ာ္လင့္မိ ပါတယ္”လို႔ လည္း ဒါ႐ိုက္တာ စတီးလ္ (ေဒြးေမတၱာ)က ဆက္လက္ေျပာၾကားပါတယ္။

ထိုဇာတ္ကားကို လြန္ခဲ့တဲ့ႏွစ္ကတည္းက ျပင္ဆင္႐ိုက္ကူးခဲ့တာျဖစ္ေပမယ့္ ႏိုဝင္ဘာ ၃၀ ရက္မွာေတာ့ ႐ုံတင္ျပသခြင့္ရေတာ့မွာလည္း ျဖစ္ပါတယ္။ “ကြၽန္ေတာ္လိုခ်င္တဲ့ ဇာတ္႐ုပ္မ်ိဳးကို ႏိုင္းႏိုင္းတို႔က အေကာင္းဆုံး သ႐ုပ္ေဆာင္ထားပါတယ္၊ အိစိေကြးဆိုရင္လည္း တကယ့္ကိုအ႐ိုက္ခံၿပီး သ႐ုပ္ေဆာင္ထားတာ၊ တကယ္ေကာင္းတဲ့ ကားေလးျဖစ္မွာပါ”လို႔လည္း သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၄