ဟွာဝေးက ခေါက်ဖုန်းကို တစ်နှစ်အတွင်း ဈေးကွက်တင်နိုင်တော့မည်

ဟွာဝေးက ခေါက်ဖုန်းကို တစ်နှစ်အတွင်း ဈေးကွက်တင်နိုင်တော့မည်

ကုမ္ပဏီ စီအီးအိုရဲ့ ပြောကြားချက်အရ စမတ်ဖုန်းဘီလူးကြီး ဟွာဝေး (Huawei) ဟာ တစ်နှစ်အတွင်းမှာကိုပဲ ခေါက်သိမ်းနိုင်တဲ့ ဖန်ပြင်နဲ့ စမတ်ဖုန်းကို ပွဲထုတ်ဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ စီအီးအို ရစ်ချတ် ယူ က ဂျာမန်သတင်းစာ Die Welt ကို ပြောကြားရာမှာတော့ ဟွာဝေးဟာ ခေါက်ဖုန်းကို တီထွင်ထုတ်လုပ်နေခဲ့ပြီလို့ ဆိုပါတယ်။

ယခုလအစောပိုင်းကပဲ ဟွာဝေးရဲ့ တောင်ကိုရီးယားပြိုင်ဘက်ကြီး ဆမ်ဆောင်းရဲ့ အမှုဆောင်အရာရှိတစ်ယောက်က ခေါက်စမတ်ဖုန်းကို ပွဲထုတ်ဖို့ အချိန်ကျပြီလို့ ပြောကြားခဲ့ပါတယ်။

ဝေဖန်သုံးသပ်သူ တစ်ယောက်ကတော့ ခေါက်ဖန်ပြင်တွေဟာ ဈေးကွက်မှာ အမှန်တကယ် ဆွဲဆောင်နိုင်ပါ့မလားဆိုတာတော့ မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။

ထွက်ပေါ်အံ့ဆဲဆဲ နည်းပညာအသစ်အဆန်းတွေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ မစ္စတာယူ က “ခင်ဗျားတို့ ကွန်ပျူတာတွေကို ဘာ့ကြောင့် သုံးနေကြသေးလဲ။စမတ်ဖုန်း ရုပ်ပြဖန်ပြင်က အခုအချိန်အထိ သေးလွန်းနေသေးတာကြောင့် မဟုတ်လား။ဒါကို ကျွန်တော်တို့ ပြောင်းလဲပစ်မယ်။တကယ်လို့ ရုပ်ပြဖန်ပြင်က ခေါက်လို့ဖြန့်လို့ရတယ်ဆိုရင် ဖြစ်နိုင်တယ် မဟုတ်လား” လို့ ပြောကြားခဲ့ပါတယ်။

ဟွာဝေးဟာ ဒီလိုခေါက်ဖုန်းမျိုးကို ကြံဆတီထွင်နေခဲ့ပြီး တစ်နှစ်အတွင်းမှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့လည်း မစ္စတာယူ က ထပ်လောင်းပြောကြားပါတယ်။

ဟွာဝေးနဲ့ ဆမ်ဆောင်းဟာ ခေါက်နိုင်ဖြန့်နိုင်တဲ့ ရုပ်ပြဖန်ပြင်နဲ့ ဖုန်းကို သူ့ထက်ငါ လက်ဦးမှုယူပြီး ဈေးကွက်တင်ဖို့ ကြိုးစားနေကြတာကြောင့် ပြိုင်ဆိုင်မှုက ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

Smartphone Tip
Ref : BBC
စက်တင်ဘာ - ၁၄

( Zawgyi )

ကုမၸဏီ စီအီးအိုရဲ႕ ေျပာၾကားခ်က္အရ စမတ္ဖုန္းဘီလူးႀကီး ဟြာေဝး (Huawei) ဟာ တစ္ႏွစ္အတြင္းမွာကိုပဲ ေခါက္သိမ္းႏိုင္တဲ့ ဖန္ျပင္နဲ႔ စမတ္ဖုန္းကို ပြဲထုတ္ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။

ကုမၸဏီရဲ႕ စီအီးအို ရစ္ခ်တ္ ယူ က ဂ်ာမန္သတင္းစာ Die Welt ကို ေျပာၾကားရာမွာေတာ့ ဟြာေဝးဟာ ေခါက္ဖုန္းကို တီထြင္ထုတ္လုပ္ေနခဲ့ၿပီလို႔ ဆိုပါတယ္။

ယခုလအေစာပိုင္းကပဲ ဟြာေဝးရဲ႕ ေတာင္ကိုရီးယားၿပိဳင္ဘက္ႀကီး ဆမ္ေဆာင္းရဲ႕ အမႈေဆာင္အရာရွိတစ္ေယာက္က ေခါက္စမတ္ဖုန္းကို ပြဲထုတ္ဖို႔ အခ်ိန္က်ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ေဝဖန္သုံးသပ္သူ တစ္ေယာက္ကေတာ့ ေခါက္ဖန္ျပင္ေတြဟာ ေဈးကြက္မွာ အမွန္တကယ္ ဆြဲေဆာင္ႏိုင္ပါ့မလားဆိုတာေတာ့ မေသခ်ာဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ထြက္ေပၚအံ့ဆဲဆဲ နည္းပညာအသစ္အဆန္းေတြနဲ႔ ပတ္သက္လို႔ ေမးျမန္းတဲ့အခါမွာေတာ့ မစၥတာယူ က “ခင္ဗ်ားတို႔ ကြန္ပ်ဴတာေတြကို ဘာ့ေၾကာင့္ သုံးေနၾကေသးလဲ။စမတ္ဖုန္း ႐ုပ္ျပဖန္ျပင္က အခုအခ်ိန္အထိ ေသးလြန္းေနေသးတာေၾကာင့္ မဟုတ္လား။ဒါကို ကြၽန္ေတာ္တို႔ ေျပာင္းလဲပစ္မယ္။တကယ္လို႔ ႐ုပ္ျပဖန္ျပင္က ေခါက္လို႔ျဖန႔္လို႔ရတယ္ဆိုရင္ ျဖစ္ႏိုင္တယ္ မဟုတ္လား” လို႔ ေျပာၾကားခဲ့ပါတယ္။

ဟြာေဝးဟာ ဒီလိုေခါက္ဖုန္းမ်ိဳးကို ႀကံဆတီထြင္ေနခဲ့ၿပီး တစ္ႏွစ္အတြင္းမွာ အဆင္သင့္ျဖစ္လိမ့္မယ္လို႔လည္း မစၥတာယူ က ထပ္ေလာင္းေျပာၾကားပါတယ္။

ဟြာေဝးနဲ႔ ဆမ္ေဆာင္းဟာ ေခါက္ႏိုင္ျဖန႔္ႏိုင္တဲ့ ႐ုပ္ျပဖန္ျပင္နဲ႔ ဖုန္းကို သူ႔ထက္ငါ လက္ဦးမႈယူၿပီး ေဈးကြက္တင္ဖို႔ ႀကိဳးစားေနၾကတာေၾကာင့္ ၿပိဳင္ဆိုင္မႈက ျပင္းထန္ေနတယ္လို႔ ဆိုပါတယ္။

Smartphone Tip
Ref : BBC
စက္တင္ဘာ - ၁၄