ဟွာဝေး Mate 20 Pro၊ iPhone XR နီးပါး ဈေးနှုန်းဖြင့် ထွက်လာဖွယ်ရှိဟုဆို

ဟွာဝေး Mate 20 Pro၊ iPhone XR နီးပါး ဈေးနှုန်းဖြင့် ထွက်လာဖွယ်ရှိဟုဆို

အောက်တိုဘာလ ၁၆ရက် လန်ဒန်မှာကျင်းပမယ့်ပွဲမှာတော့ စမတ်ဖုန်းဘီလူးကြီးဟွာဝေးက ၎င်းရဲ့နောက်ဆုံးထုတ် Mate 20 စီးရီးတွေကို ချပြတော့မှာပဲြ ဖြစ်ပါတယ်။ ထွက်အံ့ဆဲဆဲ ဟွာဝေး Mate 20 နဲ့ Mate 20 Pro တို့ရဲ့ ခန့်မှန်းဈေးနှုန်းတွေလည်း ပေါက်ကြားလာခဲ့ရာမှာ ဈေးနှုန်းက iPhone XRနဲ့ မနီးရိုးစွဲလိုက်နေတယ်လို့ ဆိုပါတယ်။

ဟွာဝေးက Mate 20ကို အလုပ်လုပ်မမ်မိုရီ 4GB, 6GB နဲ့ 8GBတွေနဲ့ ထွက်ရှိလာမှာမို့ ကြိုက်ရာကို ရွေးနိုင်သလို၊ သိုလှောင်ပမာဏကလည ်း 64GBနဲ့ 512GBကြားမှာ ရှိမယ်လို့ ဆိုပါတယ်။ Mate 20ရဲ့ စွမ်းဆောင်ရည်ပိုမြင့်တဲ့ မူကွဲ Mate 20 Proကတော့ အလုပ်လုပ်မမ်မိုရီ 4GB RAMနဲ့ နဂိုပါသိုလှောင်စွမ်းရည် 64GBအဆင့်ကို ကျော်လွှားလိုက်ပြီး အလုပ်လုပ်မမ်မိုရီ 6GB RAMနဲ့ သိုလှောင်စွမ်းရည် 128GB က စတင်မှာဖြစ်တယ်လို့ ဆိုပါတယ။

Mate 20 Proဟာ အလုပ်လုပ်မမ်မိုရီ 8GB RAMနဲ့လည်း ထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Mate 20 Porsche Design မှာ အလုပ်လုပ်မမ်မိုရီ 4GB နဲ့ 8GB RAM ကိုမှ သိုလှောင်စွမ်းရည် 64GB, 12GB, 256GBနဲ့ 512GB စသည်ဖြင့်် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။

ဟွာဝေး Mate 20 နဲ့ Mate 20 Pro ဖုန်းနှစ်လုံးစလုံးကို ဟွာဝေးရဲ့ နောက်ဆုံးထုတ် Kirin 980 ပရိုဆက်ဆာနဲ့ မောင်းနှင်မှာပဲ ဖြစ်ပါတယ်။ ဟွာဝေးဟာ အောက်တိုဘာ ၁၆ရက်နေ့မှာပဲ ၎င်းရဲ့ Mate 20 စီးရီးတွေနဲ့အတူ စမတ်နာရီသစ် Watch GTကိုလည်း ပွဲထုတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စမတ်နာရီက Watch GT Sport နဲ့ Watch GT Classic ဆိုပြီး ပုံစံနှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Sport ပုံစံက အနက်ရောင်နဲ့ဖြစ်ပြီး Classicကတော့ ငွေရောင်ဒီဇိုင်း၊ အညိုရောင်လတ်ပတ်နဲ့ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဟွာဝေးရဲ့ စမတ်နာရီတွေဟာ GPS, NFCနဲ့ Bluetooth လို့ ပုံမှန်ဆက်သွယ်စွမ်းရည်တွေအပြင် နှလုံးခုန်နှုန်းကို စောင့်ကြည့်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဟွာဝေးရဲ့ Watch GTဟာ ဘတ္ထရီသက်တမ်းက ၁၄ရက်ခံပြီး Gualcomm Snapdragon Wear 3100 ပရိုဆက်ဆာနဲ့ မောင်းနှင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref : Gadgetsnow
Smartpone Tip
 

(  Zawgyi  )

 ေအာက္တိုဘာလ ၁၆ရက္ လန္ဒန္မွာက်င္းပမယ့္ပြဲမွာေတာ့ စမတ္ဖုန္းဘီလူးႀကီးဟြာေဝးက ၎ရဲ႕ေနာက္ဆုံးထုတ္ Mate 20 စီးရီးေတြကို ခ်ျပေတာ့မွာပဲျ ျဖစ္ပါတယ္။ ထြက္အံ့ဆဲဆဲ ဟြာေဝး Mate 20 နဲ႔ Mate 20 Pro တို႔ရဲ႕ ခန႔္မွန္းေဈးႏႈန္းေတြလည္း ေပါက္ၾကားလာခဲ့ရာမွာ ေဈးႏႈန္းက iPhone XRနဲ႔ မနီး႐ိုးစြဲလိုက္ေနတယ္လို႔ ဆိုပါတယ္။

ဟြာေဝးက Mate 20ကို အလုပ္လုပ္မမ္မိုရီ 4GB, 6GB နဲ႔ 8GBေတြနဲ႔ ထြက္ရွိလာမွာမို႔ ႀကိဳက္ရာကို ေ႐ြးႏိုင္သလို၊ သိုေလွာင္ပမာဏကလည ္း 64GBနဲ႔ 512GBၾကားမွာ ရွိမယ္လို႔ ဆိုပါတယ္။ Mate 20ရဲ႕ စြမ္းေဆာင္ရည္ပိုျမင့္တဲ့ မူကြဲ Mate 20 Proကေတာ့ အလုပ္လုပ္မမ္မိုရီ 4GB RAMနဲ႔ နဂိုပါသိုေလွာင္စြမ္းရည္ 64GBအဆင့္ကို ေက်ာ္လႊားလိုက္ၿပီး အလုပ္လုပ္မမ္မိုရီ 6GB RAMနဲ႔ သိုေလွာင္စြမ္းရည္ 128GB က စတင္မွာျဖစ္တယ္လို႔ ဆိုပါတယ။

Mate 20 Proဟာ အလုပ္လုပ္မမ္မိုရီ 8GB RAMနဲ႔လည္း ထြက္ရွိလာႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Mate 20 Porsche Design မွာ အလုပ္လုပ္မမ္မိုရီ 4GB နဲ႔ 8GB RAM ကိုမွ သိုေလွာင္စြမ္းရည္ 64GB, 12GB, 256GBနဲ႔ 512GB စသည္ျဖင့္္ ႀကိဳက္ႏွစ္သက္ရာကို ေ႐ြးခ်ယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဟြာေဝး Mate 20 နဲ႔ Mate 20 Pro ဖုန္းႏွစ္လုံးစလုံးကို ဟြာေဝးရဲ႕ ေနာက္ဆုံးထုတ္ Kirin 980 ပ႐ိုဆက္ဆာနဲ႔ ေမာင္းႏွင္မွာပဲ ျဖစ္ပါတယ္။ ဟြာေဝးဟာ ေအာက္တိုဘာ ၁၆ရက္ေန႔မွာပဲ ၎ရဲ႕ Mate 20 စီးရီးေတြနဲ႔အတူ စမတ္နာရီသစ္ Watch GTကိုလည္း ပြဲထုတ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

စမတ္နာရီက Watch GT Sport နဲ႔ Watch GT Classic ဆိုၿပီး ပုံစံႏွစ္မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

Sport ပုံစံက အနက္ေရာင္နဲ႔ျဖစ္ၿပီး Classicကေတာ့ ေငြေရာင္ဒီဇိုင္း၊ အညိဳေရာင္လတ္ပတ္နဲ႔ ထြက္ရွိလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဟြာေဝးရဲ႕ စမတ္နာရီေတြဟာ GPS, NFCနဲ႔ Bluetooth လို႔ ပုံမွန္ဆက္သြယ္စြမ္းရည္ေတြအျပင္ ႏွလုံးခုန္ႏႈန္းကို ေစာင့္ၾကည့္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါဝင္လာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဟြာေဝးရဲ႕ Watch GTဟာ ဘတၳရီသက္တမ္းက ၁၄ရက္ခံၿပီး Gualcomm Snapdragon Wear 3100 ပ႐ိုဆက္ဆာနဲ႔ ေမာင္းႏွင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

Ref : Gadgetsnow
Smartpone Tip