အက်ရှင်ဇာတ်ကား များမှ ဗီလိန်သရုပ်ဆောင်များ အဆင်ပြေနိုင်မယ်လို့ ကျော်ဇင်ထွဋ် ဆို

အက်ရှင်ဇာတ်ကား များမှ ဗီလိန်သရုပ်ဆောင်များ အဆင်ပြေနိုင်မယ်လို့ ကျော်ဇင်ထွဋ် ဆို

ဇာတ်လမ်းတွေ ရိုက်ကူးတဲ့အခါ ဟာသဇာတ်လမ်းတွေထက် အက်ရှင်ဇာတ်လမ်းတွေ များများစားစား ရိုက်ကူးလာမှသာ ဗီလိန်နေရာကနေ ပါဝင်သရုပ်နေရတဲ့ သရုပ်ဆောင်တွေရဲ့ ဘဝရပ်တည်မှု အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ ဗီလိန်သရုပ်ဆောင် ကျော်ဇင်ထွဋ် က ပြောလာပါတယ်။

“အရင်တုန်းကတော့ ဟာသကားတွေပဲ ရိုက်ကြတယ်၊ ခုနောက်ပိုင်းတော့ အက်ရှင်ကားတွေလည်း ရှိလာပါပြီ၊ တစ်လှည့်စီတော့ ပြန်ပြီးဖြစ်လာပြီပေါ့၊ ဟာသကားရိုက်ရင် လူကြမ်းတွေ၊ ဗီလိန်တွေက ခဏနားရတယ်၊ နောက်တစ်ခါ အက်ရှင်ကား ပြန်ရိုက်ကြတော့ ပြန်ပြီးအလုပ်ပြန်ဖြစ်လာတယ်ပေါ့” လို့လည်း သူက ပြောပါတယ်။

သူတို့ဟာ ဇာတ်ကားတစ်ကား ရိုက်ကူးပြီး တစ်လလောက်တောင် ထိုင်စားလို့မရသလို ကျန်းမာရေးမကောင်းပါကလည်း ရိုက်ကူးလို့မရဖြစ်ကာ ဝင်ငွေခက်ခဲခဲ့ကြောင်း၊ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း အခက်အခဲများ ကြုံလေ့ရှိကြပါတယ်။

“ကျန်းမာရေးကောင်းတုန်းတော့ ထိုးကြကြိတ်ကြ ကားတွေမှာ ရိုက်နေတာပဲလေ၊ ကျွန်တော့်အတွက် အမှတ်တရ ဆိုတာကတော့ အများကြီးပါပဲ၊ မရိုက်ခင်တော့ ပြင်ဆင်ရတာပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။

တစ်ချို့သော လူကြမ်းသရုပ်ဆောင်တွေအနေနဲ့ ထိုးကြိတ်ရင်း တကယ်ထိခိုက်မိသူတွေလည်း ရှိခဲ့သလို နယ်မြို့တွေမှာ ဇာတ်ကားရိုက်ဖို့သွားတာပဲဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် အလည်အပတ်သွားတာပဲ ဖြစ်ဖြစ် ရန်ပြုလိုသူတွေနဲ့ ကြုံတွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။

“အရင်တုန်းက တကယ်လည်း အမှတ်တရဖြစ်ဖူးတယ်၊ နယ်တွေမှာ ကျွန်တော်တို့ကိုမြင်ရင် လူဆိုးလူလိမ်တွေလာပြီ ဆိုပြီးတော့ ဝိုင်းရိုက်မယ် ဘာညာနဲ့တောင် ဖြစ်ဖူးတယ်၊ တစ်ဖက်ကနေ ပြန်ကြည့်တော့လည်း ကျွန်တော်တို့ သရုပ်ဆောင်ခဲ့တဲ့အပေါ် ပီတိဖြစ်မိတယ်၊ ထိုးကြိတ်ရင်းနဲ့ တကယ်ထိမိတာမျိုးတော့ ရှိဖူးတာပေါ့၊ သိပ်အများကြီး ထိတာတော့ မဟုတ်ဘူး၊ ဗိုက်နည်းနည်းနဲ့ လက်နည်းနည်း ထိခဲ့ဖူးတာတွေတော့ ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။

“ကျွန်တော်တို့ကို အားပေးပါဦး၊ ရုပ်ရှင်ထဲမှာ ကြမ်းကြမ်းရမ်းရမ်းပေမယ့် အပြင်မှာ တကယ့်ကို နူးညံ့ပါတယ်၊ ပီပြင်အောင် သရုပ်ဆောင်ရတာပါ၊ ကျွန်တော်တို့အပေါ် မမုန်းပါနဲ့” လို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလောမှာ အက်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီး ဇာတ်လမ်းတွဲတစ်ခုအတွက်လည်း ပါဝင်ဖို့ ပြောထားဆိုထားတာတွေ ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၄

( Zawgyi )

ဇာတ္လမ္းေတြ ႐ိုက္ကူးတဲ့အခါ ဟာသဇာတ္လမ္းေတြထက္ အက္ရွင္ဇာတ္လမ္းေတြ မ်ားမ်ားစားစား ႐ိုက္ကူးလာမွသာ ဗီလိန္ေနရာကေန ပါဝင္သ႐ုပ္ေနရတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ ဘဝရပ္တည္မႈ အဆင္ေျပႏိုင္မွာ ျဖစ္တယ္လို႔ ဗီလိန္သ႐ုပ္ေဆာင္ ေက်ာ္ဇင္ထြဋ္ က ေျပာလာပါတယ္။

“အရင္တုန္းကေတာ့ ဟာသကားေတြပဲ ႐ိုက္ၾကတယ္၊ ခုေနာက္ပိုင္းေတာ့ အက္ရွင္ကားေတြလည္း ရွိလာပါၿပီ၊ တစ္လွည့္စီေတာ့ ျပန္ၿပီးျဖစ္လာၿပီေပါ့၊ ဟာသကား႐ိုက္ရင္ လူၾကမ္းေတြ၊ ဗီလိန္ေတြက ခဏနားရတယ္၊ ေနာက္တစ္ခါ အက္ရွင္ကား ျပန္႐ိုက္ၾကေတာ့ ျပန္ၿပီးအလုပ္ျပန္ျဖစ္လာတယ္ေပါ့” လို႔လည္း သူက ေျပာပါတယ္။

သူတို႔ဟာ ဇာတ္ကားတစ္ကား ႐ိုက္ကူးၿပီး တစ္လေလာက္ေတာင္ ထိုင္စားလို႔မရသလို က်န္းမာေရးမေကာင္းပါကလည္း ႐ိုက္ကူးလို႔မရျဖစ္ကာ ဝင္ေငြခက္ခဲခဲ့ေၾကာင္း၊ အသက္အ႐ြယ္ႀကီးရင့္လာတဲ့အခါမွာလည္း အခက္အခဲမ်ား ႀကဳံေလ့ရွိၾကပါတယ္။

“က်န္းမာေရးေကာင္းတုန္းေတာ့ ထိုးၾကႀကိတ္ၾက ကားေတြမွာ ႐ိုက္ေနတာပဲေလ၊ ကြၽန္ေတာ့္အတြက္ အမွတ္တရ ဆိုတာကေတာ့ အမ်ားႀကီးပါပဲ၊ မ႐ိုက္ခင္ေတာ့ ျပင္ဆင္ရတာေပါ့” လို႔လည္း သူက ဆက္ေျပာပါတယ္။

တစ္ခ်ိဳ႕ေသာ လူၾကမ္းသ႐ုပ္ေဆာင္ေတြအေနနဲ႔ ထိုးႀကိတ္ရင္း တကယ္ထိခိုက္မိသူေတြလည္း ရွိခဲ့သလို နယ္ၿမိဳ႕ေတြမွာ ဇာတ္ကား႐ိုက္ဖို႔သြားတာပဲျဖစ္ျဖစ္၊ ကိုယ့္ဟာကိုယ္ အလည္အပတ္သြားတာပဲ ျဖစ္ျဖစ္ ရန္ျပဳလိုသူေတြနဲ႔ ႀကဳံေတြ႕ရေလ့ရွိတယ္လို႔ သိရပါတယ္။

“အရင္တုန္းက တကယ္လည္း အမွတ္တရျဖစ္ဖူးတယ္၊ နယ္ေတြမွာ ကြၽန္ေတာ္တို႔ကိုျမင္ရင္ လူဆိုးလူလိမ္ေတြလာၿပီ ဆိုၿပီးေတာ့ ဝိုင္း႐ိုက္မယ္ ဘာညာနဲ႔ေတာင္ ျဖစ္ဖူးတယ္၊ တစ္ဖက္ကေန ျပန္ၾကည့္ေတာ့လည္း ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ခဲ့တဲ့အေပၚ ပီတိျဖစ္မိတယ္၊ ထိုးႀကိတ္ရင္းနဲ႔ တကယ္ထိမိတာမ်ိဳးေတာ့ ရွိဖူးတာေပါ့၊ သိပ္အမ်ားႀကီး ထိတာေတာ့ မဟုတ္ဘူး၊ ဗိုက္နည္းနည္းနဲ႔ လက္နည္းနည္း ထိခဲ့ဖူးတာေတြေတာ့ ရွိပါတယ္” လို႔ သူက ရွင္းျပပါတယ္။

“ကြၽန္ေတာ္တို႔ကို အားေပးပါဦး၊ ႐ုပ္ရွင္ထဲမွာ ၾကမ္းၾကမ္းရမ္းရမ္းေပမယ့္ အျပင္မွာ တကယ့္ကို ႏူးညံ့ပါတယ္၊ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ရတာပါ၊ ကြၽန္ေတာ္တို႔အေပၚ မမုန္းပါနဲ႔” လို႔လည္း သူက ဆက္ေျပာပါတယ္။

လတ္တေလာမွာ အက္ရွင္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရၿပီး ဇာတ္လမ္းတြဲတစ္ခုအတြက္လည္း ပါဝင္ဖို႔ ေျပာထားဆိုထားတာေတြ ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၄