အချစ်ဇာတ်ကားတွေ ရိုက်ဖို့စီစဉ်ထားတဲ့ နေခြည်ဦး

အချစ်ဇာတ်ကားတွေ ရိုက်ဖို့စီစဉ်ထားတဲ့ နေခြည်ဦး

မျိုးဆက်သစ် အနုပညာရှင်တွေထဲမှာ လူသိများလာတဲ့ သရုပ်ဆောင်နေခြည်ဦးဟာ အချစ်ဇာတ်ကားတွေအပါ အဝင် ဒရမ်မာဇာတ်ကားတွေ လည်း ယခုနှစ်ထဲ ရိုက်ကူးဖို့ရှိနေတယ်လို့ သိရပါတယ်။သူမရဲ့ သွက်လက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာတွေကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်တွေက သိရှိလာခဲ့ကြသလို သူမဘက်ကလည်း ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင် တာကို အချိန်ယူလုပ်ဆောင်နေတာဖြစ်ပါတယ်။ “ဒီနှစ်ထဲတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ရှိပါသေးတယ်၊ လောလောဆယ်က ကာရိုက်တာပိုင်းအတွက် ကြိုပြီးတော့ ပြင်ဆင်နေတာပေါ့”လို့ သရုပ်ဆောင် နေခြည်ဦးက ပြောပါတယ်။

အနုပညာလောကမှာ လက်ရှိအောင်မြင်နေတဲ့ ထိပ်တန်း မင်းသားတွေနဲ့အတူ သရုပ်ဆောင်နိုင်ခဲ့သလို ဝါရင့် သရုပ်ဆောင်တွေကဲ့သို့ ပီပြင်အောင် လုပ်ဆောင်နိုင်တာဟာ ကြိုတင်ပြင်ဆင်တာတွေကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း ကိုရီးယားကို သွားရောက်ပြီး နားနဲ့ နှာခေါင်းမှာ အရေပြားကို ဖောက်ကာ အလှဆင်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ “အစတုန်းကတော့ နေခြည်က ယိုးဒယားမှာ သွားပြီးဖောက်မလို့ပါ၊ အပ်ကိုလည်း တအားကြောက်တယ်လေ၊ ဒါနဲ့မဖောက်ဖြစ်ခဲ့ဘူး၊ ကိုရီးယားကို ရောက်တဲ့ အခါမှာ ဒါတွေက ဖောက်ဖြစ်ခဲ့တာ၊ အသားနာတာလည်း မရှိဘူး၊ ယောင်တာတွေ ဘာတွေလည်း မရှိဘူး၊ နောက်ရိုက်ရမယ့် ကားက အချစ်ဇာတ်ကားလေး ဆိုတော့ ကာရိုက်တာပိုင်းအရလည်း ပြင်ဆင်ရင်းနဲ့ ဒီလိုလေး လုပ်ဖြစ်သွားတာ”လို့ သရုပ်ဆောင် နေခြည်ဦးက ရှင်းပြပါတယ်။

ရုပ်ရှင်ဇာတ်ကားအများအပြားမှာ ပါဝင်ရိုက်ကူးလာရပေမယ့် သရုပ်ဆောင်ရတဲ့ ပညာရပ်မှာ ဆည်းပူးဖို့လိုအပ် တယ်လို့ ခံယူထားကြောင်း၊ အထူးသဖြင့်ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ရင်းကနေ ၎င်းတို့ဆီက အတွေ့အကြုံတွေကိုလည်း ရစေခဲ့တယ်လို့ ဆိုပါတယ်။ “နေခြည်က မအောင်မြင်သေးပါဘူးနော်၊ အခုထိ ကြိုးစားသင်ယူနေဆဲပါ၊ နေခြည်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း အများကြီး ရှိပါသေးတယ်၊ ကာရိုက်တာ စုံအောင်လို့တော့ ရိုက်ဖူးအောင် လုပ်သွားမှာပါ၊ ကိုနေတိုးတို့လို ဝါရင့်တွေနဲ့ သရုပ်ဆောင်ရတဲ့အခါ နေခြည် အတွက်လည်း ပညာတွေရစေပါတယ်၊ ဝါရင့်သရုပ်ဆောင်တွေကလည်း နေခြည့်ကို လက်တွဲခေါ်ကြပါတယ်၊ အားပေးကြပါတယ်၊ နေခြည်အနေ နဲ့လည်း ကြိုးစားနေမှာပါ၊ ချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း အားပေးကြပါနော်”လို့ သူမက ဆိုပါတယ်။

ဇာတ်ကားထဲမှာ ဇာတ်ကောင်ကာရိုက်တာနဲ့ အပြင်မှာ တစ်ထပ်တည်းနီးပါးကျအောင် ကြိုတင်ပြင်ဆင်ထားနိုင်တဲ့အခါ သရုပ်ဆောင်တဲ့ဟာကို ပိုပြီးပီပြင်စေတာကြောင့် ကာရိုက်တာပိုင်းကို အဓိကထား ပြင်ဆင်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၁၇ 

(  Zawgyi  )

 မ်ိဳးဆက္သစ္ အႏုပညာရွင္ေတြထဲမွာ လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ေနျခည္ဦးဟာ အခ်စ္ဇာတ္ကားေတြအပါ အဝင္ ဒရမ္မာဇာတ္ကားေတြ လည္း ယခုႏွစ္ထဲ ႐ိုက္ကူးဖို႔ရွိေနတယ္လို႔ သိရပါတယ္။သူမရဲ႕ သြက္လက္တဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေတြေၾကာင့္ အခ်ိန္တိုအတြင္းမွာ ပရိသတ္ေတြက သိရွိလာခဲ့ၾကသလို သူမဘက္ကလည္း ပါဝင္သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္အတြက္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္ တာကို အခ်ိန္ယူလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ “ဒီႏွစ္ထဲေတာ့ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ဖို႔ ရွိပါေသးတယ္၊ ေလာေလာဆယ္က ကာ႐ိုက္တာပိုင္းအတြက္ ႀကိဳၿပီးေတာ့ ျပင္ဆင္ေနတာေပါ့”လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ေျပာပါတယ္။

အႏုပညာေလာကမွာ လက္ရွိေအာင္ျမင္ေနတဲ့ ထိပ္တန္း မင္းသားေတြနဲ႔အတူ သ႐ုပ္ေဆာင္ႏိုင္ခဲ့သလို ဝါရင့္ သ႐ုပ္ေဆာင္ေတြကဲ့သို႔ ပီျပင္ေအာင္ လုပ္ေဆာင္ႏိုင္တာဟာ ႀကိဳတင္ျပင္ဆင္တာေတြေၾကာင့္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ မၾကာေသးခင္ကလည္း ကိုရီးယားကို သြားေရာက္ၿပီး နားနဲ႔ ႏွာေခါင္းမွာ အေရျပားကို ေဖာက္ကာ အလွဆင္တာေတြကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္။ “အစတုန္းကေတာ့ ေနျခည္က ယိုးဒယားမွာ သြားၿပီးေဖာက္မလို႔ပါ၊ အပ္ကိုလည္း တအားေၾကာက္တယ္ေလ၊ ဒါနဲ႔မေဖာက္ျဖစ္ခဲ့ဘူး၊ ကိုရီးယားကို ေရာက္တဲ့ အခါမွာ ဒါေတြက ေဖာက္ျဖစ္ခဲ့တာ၊ အသားနာတာလည္း မရွိဘူး၊ ေယာင္တာေတြ ဘာေတြလည္း မရွိဘူး၊ ေနာက္႐ိုက္ရမယ့္ ကားက အခ်စ္ဇာတ္ကားေလး ဆိုေတာ့ ကာ႐ိုက္တာပိုင္းအရလည္း ျပင္ဆင္ရင္းနဲ႔ ဒီလိုေလး လုပ္ျဖစ္သြားတာ”လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ရွင္းျပပါတယ္။

႐ုပ္ရွင္ဇာတ္ကားအမ်ားအျပားမွာ ပါဝင္႐ိုက္ကူးလာရေပမယ့္ သ႐ုပ္ေဆာင္ရတဲ့ ပညာရပ္မွာ ဆည္းပူးဖို႔လိုအပ္ တယ္လို႔ ခံယူထားေၾကာင္း၊ အထူးသျဖင့္ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ သ႐ုပ္ေဆာင္ရင္းကေန ၎တို႔ဆီက အေတြ႕အႀကဳံေတြကိုလည္း ရေစခဲ့တယ္လို႔ ဆိုပါတယ္။ “ေနျခည္က မေအာင္ျမင္ေသးပါဘူးေနာ္၊ အခုထိ ႀကိဳးစားသင္ယူေနဆဲပါ၊ ေနျခည္မလုပ္ဖူးေသးတဲ့ ကာ႐ိုက္တာေတြလည္း အမ်ားႀကီး ရွိပါေသးတယ္၊ ကာ႐ိုက္တာ စုံေအာင္လို႔ေတာ့ ႐ိုက္ဖူးေအာင္ လုပ္သြားမွာပါ၊ ကိုေနတိုးတို႔လို ဝါရင့္ေတြနဲ႔ သ႐ုပ္ေဆာင္ရတဲ့အခါ ေနျခည္ အတြက္လည္း ပညာေတြရေစပါတယ္၊ ဝါရင့္သ႐ုပ္ေဆာင္ေတြကလည္း ေနျခည့္ကို လက္တြဲေခၚၾကပါတယ္၊ အားေပးၾကပါတယ္၊ ေနျခည္အေန နဲ႔လည္း ႀကိဳးစားေနမွာပါ၊ ခ်စ္တဲ့ ပရိသတ္ေတြအေနနဲ႔လည္း အားေပးၾကပါေနာ္”လို႔ သူမက ဆိုပါတယ္။

ဇာတ္ကားထဲမွာ ဇာတ္ေကာင္ကာ႐ိုက္တာနဲ႔ အျပင္မွာ တစ္ထပ္တည္းနီးပါးက်ေအာင္ ႀကိဳတင္ျပင္ဆင္ထားႏိုင္တဲ့အခါ သ႐ုပ္ေဆာင္တဲ့ဟာကို ပိုၿပီးပီျပင္ေစတာေၾကာင့္ ကာ႐ိုက္တာပိုင္းကို အဓိကထား ျပင္ဆင္ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၁၇