အဆင်ပြေအောင် ကြိုးစားနေတဲ့ အက်ရှင်သရုပ်ဆောင် ယဉ်လတ်

အဆင်ပြေအောင် ကြိုးစားနေတဲ့ အက်ရှင်သရုပ်ဆောင် ယဉ်လတ်

ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာရတဲ့ သရုပ်ဆောင် ယဉ်လတ် ဟာ ဇာတ်ကောင်ကာရိုက်တာ နေရာမျိုးစုံမှာ သရုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေနဲ့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြန်မာသရုပ်ဆောင်တွေရဲ့ကြားမှာ ဖိုက်တင်တိုက်ကွက်တွေနဲ့ ကြမ်းကြမ်းရမ်းရမ်း ထိုးကြိတ်ရင်း အက်ရှင်သရုပ်ဆောင်အဖြစ် လူသိများတဲ့ ယဉ်လတ် ဟာ ယခုဆိုရင် ငြိမ်ငြိမ်လေးနဲ့ သရုပ်ဆောင်ရတဲ့ အချစ်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။

“ညီမက ကာရိုက်တာမျိုးစုံ လုပ်ဖူးချင်တော့ အချစ်ဇာတ်လမ်းလိုမျိုး ရိုးရိုးလေးနဲ့ သရုပ်ဆောင်ရတဲ့ဟာကို လုပ်ဖြစ်ပါတယ်၊ လောလောဆယ်မှာတော့ အချစ်ဇာတ်ကားလေးတစ်ခု ရိုက်နေပါတယ်၊ အသက်အရွယ်ကြီးတဲ့ ဦးနဲ့ကလေး ဇာတ်လမ်းမျိုးပါ၊ အဲ့ဒီထဲမှာ အရမ်းစွာတဲ့ အပျိုဖျန်းလေးအနေနဲ့ သရုပ်ဆောင်ရပါတယ်၊ အရင်ကလည်း သရုပ်ဆောင်ခဲ့တာက ကြမ်းကြမ်းရမ်းရမ်းနဲ့ ဖိုက်တင်ချတဲ့ ဇာတ်ကားတွေများတယ်လေ၊ အဲ့ဒီတော့ အချစ်ဇာတ်လမ်းလေးကျတော့ ကိုယ်က မနည်းကို ကြိုးစားနေရပါတယ်၊ အများကြီးလည်း ပြင်ဆင်နေရတာပေါ့” လို့ သရုပ်ဆောင် ယဉ်လတ် က ပြောပါတယ်။

သူမဟာ လက်ရှိမှာ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဦးနဲ့ကလေးရဲ့ ချစ်ခြင်းမေတ္တာဖော်ပြတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် ခန့်စည်သူ နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“အဲ့ဒီဇာတ်ကားလေး ထွက်လာရင် အားပေးကြပါဦးနော်၊ လိုအပ်တာများရှိရင်လည်း အကြံပေးကြပါ၊ ပရိသတ်ကြီးကိုလည်း အမြဲအားထားပါတယ်” လို့ သူမက ဆက်ပြောခဲ့ပါတယ်။

သူမဟာ ယခင်ဇာတ်ကားတွေတုန်းက ဖိုက်တင်ခန်းတွေရိုက်ဖို့ ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်ခဲ့သလို ရိုက်ကွင်းထဲမှာ သရုပ်ဆောင်ရတဲ့အခါ ပီပြင်အောင် အနာခံပြီး ကြိုးစားခဲ့တာတွေလည်း ရှိပါတယ်။မကြာသေးခင်ကလည်း ပုလင်းဖုံးကို ခြေထောက်နဲ့ကန်ပြီး ဖွင့်ပြခဲ့တဲ့ဟာကိုလည်း သူမကို အားပေးသော ပရိသတ်တွေ ကြည့်ရှုနိုင်အောင် သူမရဲ့ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ ဖော်ပြခဲ့ပါသေးတယ်။ယခင်က အက်ရှင်ဇာတ်ကားတွေကိုသာ ဝါသနာအရ အများဆုံး လက်ခံရိုက်ကူးခဲ့သော်လည်း ယခုနောက်ပိုင်းမှာ အချစ်ဇာတ်လမ်းတွေကို ရိုက်ကူးခဲ့သလို ဆက်လက်ပြီး ကမ်းလှမ်းလာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ကြော်ငြာတွေရိုက်နေရတာလည်း ရှိပါတယ်၊ ညီမကိုယ်တိုင်က ဒီလိုဖိုက်တင်တွေကို ဝါသနာပါတယ်လေ၊ တကယ့်ကို ပီပြင်အောင် သရုပ်ဆောင်ရင်း အသားနာတာတွေတော့ ရှိတာပေါ့၊ ဒါမှလည်း ပရိသတ်ကြည့်ရတာ ပီပြင်မှာလေ၊ အဲ့ဒီလို ဇာတ်ကားတွေအတွက်လည်း မရိုက်ခင်ကြိုပြီးတော့ အများကြီးကို လုပ်ထားရတယ်၊ ဒါပေမဲ့ ငြိမ်ငြိမ်လေး သရုပ်ဆောင်ရတဲ့ဟာတွေကျတော့ ခက်ခဲတယ်လို့ ခံစားရတယ်” လို့ သူမက ဆက်ပြောခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၇

( Zawgyi )

႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္လာရတဲ့ သ႐ုပ္ေဆာင္ ယဥ္လတ္ ဟာ ဇာတ္ေကာင္ကာ႐ိုက္တာ ေနရာမ်ိဳးစုံမွာ သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္တာေတြနဲ႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

ျမန္မာသ႐ုပ္ေဆာင္ေတြရဲ႕ၾကားမွာ ဖိုက္တင္တိုက္ကြက္ေတြနဲ႔ ၾကမ္းၾကမ္းရမ္းရမ္း ထိုးႀကိတ္ရင္း အက္ရွင္သ႐ုပ္ေဆာင္အျဖစ္ လူသိမ်ားတဲ့ ယဥ္လတ္ ဟာ ယခုဆိုရင္ ၿငိမ္ၿငိမ္ေလးနဲ႔ သ႐ုပ္ေဆာင္ရတဲ့ အခ်စ္ဇာတ္ကားေတြကိုလည္း လက္ခံ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။

“ညီမက ကာ႐ိုက္တာမ်ိဳးစုံ လုပ္ဖူးခ်င္ေတာ့ အခ်စ္ဇာတ္လမ္းလိုမ်ိဳး ႐ိုး႐ိုးေလးနဲ႔ သ႐ုပ္ေဆာင္ရတဲ့ဟာကို လုပ္ျဖစ္ပါတယ္၊ ေလာေလာဆယ္မွာေတာ့ အခ်စ္ဇာတ္ကားေလးတစ္ခု ႐ိုက္ေနပါတယ္၊ အသက္အ႐ြယ္ႀကီးတဲ့ ဦးနဲ႔ကေလး ဇာတ္လမ္းမ်ိဳးပါ၊ အဲ့ဒီထဲမွာ အရမ္းစြာတဲ့ အပ်ိဳဖ်န္းေလးအေနနဲ႔ သ႐ုပ္ေဆာင္ရပါတယ္၊ အရင္ကလည္း သ႐ုပ္ေဆာင္ခဲ့တာက ၾကမ္းၾကမ္းရမ္းရမ္းနဲ႔ ဖိုက္တင္ခ်တဲ့ ဇာတ္ကားေတြမ်ားတယ္ေလ၊ အဲ့ဒီေတာ့ အခ်စ္ဇာတ္လမ္းေလးက်ေတာ့ ကိုယ္က မနည္းကို ႀကိဳးစားေနရပါတယ္၊ အမ်ားႀကီးလည္း ျပင္ဆင္ေနရတာေပါ့” လို႔ သ႐ုပ္ေဆာင္ ယဥ္လတ္ က ေျပာပါတယ္။

သူမဟာ လက္ရွိမွာ မ်က္ျခယ္႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္မယ့္ ဦးနဲ႔ကေလးရဲ႕ ခ်စ္ျခင္းေမတၱာေဖာ္ျပတဲ့ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ ခန႔္စည္သူ နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

“အဲ့ဒီဇာတ္ကားေလး ထြက္လာရင္ အားေပးၾကပါဦးေနာ္၊ လိုအပ္တာမ်ားရွိရင္လည္း အႀကံေပးၾကပါ၊ ပရိသတ္ႀကီးကိုလည္း အၿမဲအားထားပါတယ္” လို႔ သူမက ဆက္ေျပာခဲ့ပါတယ္။

သူမဟာ ယခင္ဇာတ္ကားေတြတုန္းက ဖိုက္တင္ခန္းေတြ႐ိုက္ဖို႔ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ခဲ့သလို ႐ိုက္ကြင္းထဲမွာ သ႐ုပ္ေဆာင္ရတဲ့အခါ ပီျပင္ေအာင္ အနာခံၿပီး ႀကိဳးစားခဲ့တာေတြလည္း ရွိပါတယ္။မၾကာေသးခင္ကလည္း ပုလင္းဖုံးကို ေျခေထာက္နဲ႔ကန္ၿပီး ဖြင့္ျပခဲ့တဲ့ဟာကိုလည္း သူမကို အားေပးေသာ ပရိသတ္ေတြ ၾကည့္ရႈႏိုင္ေအာင္ သူမရဲ႕ကိုယ္ပိုင္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚကေန ေဖာ္ျပခဲ့ပါေသးတယ္။ယခင္က အက္ရွင္ဇာတ္ကားေတြကိုသာ ဝါသနာအရ အမ်ားဆုံး လက္ခံ႐ိုက္ကူးခဲ့ေသာ္လည္း ယခုေနာက္ပိုင္းမွာ အခ်စ္ဇာတ္လမ္းေတြကို ႐ိုက္ကူးခဲ့သလို ဆက္လက္ၿပီး ကမ္းလွမ္းလာတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

“ေလာေလာဆယ္ေတာ့ ေၾကာ္ျငာေတြ႐ိုက္ေနရတာလည္း ရွိပါတယ္၊ ညီမကိုယ္တိုင္က ဒီလိုဖိုက္တင္ေတြကို ဝါသနာပါတယ္ေလ၊ တကယ့္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ရင္း အသားနာတာေတြေတာ့ ရွိတာေပါ့၊ ဒါမွလည္း ပရိသတ္ၾကည့္ရတာ ပီျပင္မွာေလ၊ အဲ့ဒီလို ဇာတ္ကားေတြအတြက္လည္း မ႐ိုက္ခင္ႀကိဳၿပီးေတာ့ အမ်ားႀကီးကို လုပ္ထားရတယ္၊ ဒါေပမဲ့ ၿငိမ္ၿငိမ္ေလး သ႐ုပ္ေဆာင္ရတဲ့ဟာေတြက်ေတာ့ ခက္ခဲတယ္လို႔ ခံစားရတယ္” လို႔ သူမက ဆက္ေျပာခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၇