အဆိုတော်အဖြစ် ဆက်လက်လုပ်ကိုင်မယ့် တေးသံရှင် ဆိုတေး

 အဆိုတော်အဖြစ် ဆက်လက်လုပ်ကိုင်မယ့်  တေးသံရှင် ဆိုတေး

ယာဉ်မတော်တဆဖြစ်ပွားမှုကြုံကာ ဂီတလောကနဲ့ဝေးကွာခဲ့ရတဲ့ တေးသံရှင် ဆိုတေး ဟာ အဆိုတော် အဖြစ် ဖြင့်သာ ဆက်လက်လုပ်ကိုင် သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကျန်းမာရေးကောင်းမွန်လာပေမယ့် လူကောင်းတစ်ယောက်လိုတော့ အခြေအနေမျိုး မဖြစ်သေးတာ တွေ့ရပါတယ်။ “ကျွန်တော့်ကို တစ်ချို့ပရိသတ်တွေက ဆိုတေး အတုလို့ပြောကြတယ်၊ အရင်ဆိုတေးက ပိန်တယ်၊ အခုက ၀ လာတယ်တဲ့ ဆိုတေးအစစ်က သေသွားပြီ အဲ့ဒီလိုတွေ ပြောကြတယ်၊ ကျွန်တော် ပိန်အောင်လို့ ဂျင်(မ်)သွားကစားတယ်၊ အခုအချိန်မှာတော့ ဘာမှပြန်ပြီးတော့လည်း မဖြေရှင်းတော့ဘူး၊ အဆိုတော် အဖြစ်နဲ့ပဲ ဆက်လုပ်မယ်၊ တေးရေးဆရာလည်း လုပ်မယ်”လို့ တေးသံရှင် ဆိုတေးက ပြောပါတယ်။

သူဟာ “မီးအိမ်ရှင်”လို့ နာမည်ရတဲ့အခွေနဲ့ ပရိသတ်တွေအားပေးတာကို ခံခဲ့ရသလို လွန်ခဲ့သော နှစ်အနည်းငယ်ထဲမှာ ယာဉ်မတော်တဆ ကြုံကာ ကာလရှည်ကြာစွာဆေးဝါးကုသမှုတွေ ခံယူခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အခွေသစ်တစ်ခွေထုတ်နိုင်ဖို့ ပြင်ဆင်နေတာရှိသလို ဆရာဝန်နဲ့ပုံမှန်ပြသကာ ဆေးဝါး ကုသမှုတွေခံယူနေပြီး ဆေးတွေကိုလည်း သောက်နေရသေးတယ်လို့ သိရပါတယ်။ “ကျွန်တော် ကျန်းမာရေး ကောင်းနေပါပြီ၊ ဆေးသောက်နေရပေမယ့် အားလုံးကောင်းနေပါပြီ၊ ပိန်တုန်းကတော့ ဆေးသမားတဲ့၊ အခု ဝလာတော့ အရက်သမားတဲ့ ဒါတွေက ပရိသတ်ချစ်လို့ပြောတဲ့စကားပဲလို့ မှတ်ယူပါတယ်၊ ဆရာဝန်ကြီးရော ပရိသတ်တွေကိုရော ကျေးဇူးတင်ပါတယ်”လို့ တေးသံရှင် ဆိုတေးက ရှင်းပြပါတယ်။

ယခုပြင်ဆင်နေတဲ့ အခွေမှာ သီချင်း ၁၀ပုဒ်လောက် ပါဝင်မှာဖြစ်သလို မီနီအယ်လ်ဘမ်ပုံစံမျိုး ထွက်ရှိမှာ ဖြစ်ကြောင်း၊ “ဘယ်လိုချစ်ရမလဲ”၊ “အဝေးကြီးချစ်ရမှာလား နီးနီးလေးချစ်ရမှာလား”၊ “ထားခဲ့ရမလား”၊ “ကျန်ခဲ့ရမလား”၊ “နေခဲ့ရမလား”၊ “ဘယ်တော့မှ ပေါင်းမလဲတော့ မသိဘူး” စတဲ့ အချစ်သီချင်းတွေ ပါဝင်မယ်လို့ တေးသံရှင် ဆိုတေးက ပြောပါတယ်။ လောလောဆယ်မှာတော့ ဘယ်အချိန်မှာ ထွက်မယ်လို့ မခန့်မှန်းနိုင်သေးဘူးလို့လည်း ဆိုပါသေးတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၁၆

(   Zawgyi   )

 ယာဥ္မေတာ္တဆျဖစ္ပြားမႈႀကဳံကာ ဂီတေလာကနဲ႔ေဝးကြာခဲ့ရတဲ့ ေတးသံရွင္ ဆိုေတး ဟာ အဆိုေတာ္ အျဖစ္ ျဖင့္သာ ဆက္လက္လုပ္ကိုင္ သြားဖို႔ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ က်န္းမာေရးေကာင္းမြန္လာေပမယ့္ လူေကာင္းတစ္ေယာက္လိုေတာ့ အေျခအေနမ်ိဳး မျဖစ္ေသးတာ ေတြ႕ရပါတယ္။ “ကြၽန္ေတာ့္ကို တစ္ခ်ိဳ႕ပရိသတ္ေတြက ဆိုေတး အတုလို႔ေျပာၾကတယ္၊ အရင္ဆိုေတးက ပိန္တယ္၊ အခုက ၀ လာတယ္တဲ့ ဆိုေတးအစစ္က ေသသြားၿပီ အဲ့ဒီလိုေတြ ေျပာၾကတယ္၊ ကြၽန္ေတာ္ ပိန္ေအာင္လို႔ ဂ်င္(မ္)သြားကစားတယ္၊ အခုအခ်ိန္မွာေတာ့ ဘာမွျပန္ၿပီးေတာ့လည္း မေျဖရွင္းေတာ့ဘူး၊ အဆိုေတာ္ အျဖစ္နဲ႔ပဲ ဆက္လုပ္မယ္၊ ေတးေရးဆရာလည္း လုပ္မယ္”လို႔ ေတးသံရွင္ ဆိုေတးက ေျပာပါတယ္။

သူဟာ “မီးအိမ္ရွင္”လို႔ နာမည္ရတဲ့အေခြနဲ႔ ပရိသတ္ေတြအားေပးတာကို ခံခဲ့ရသလို လြန္ခဲ့ေသာ ႏွစ္အနည္းငယ္ထဲမွာ ယာဥ္မေတာ္တဆ ႀကဳံကာ ကာလရွည္ၾကာစြာေဆးဝါးကုသမႈေတြ ခံယူခဲ့ရသူလည္း ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အေခြသစ္တစ္ေခြထုတ္ႏိုင္ဖို႔ ျပင္ဆင္ေနတာရွိသလို ဆရာဝန္နဲ႔ပုံမွန္ျပသကာ ေဆးဝါး ကုသမႈေတြခံယူေနၿပီး ေဆးေတြကိုလည္း ေသာက္ေနရေသးတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္ က်န္းမာေရး ေကာင္းေနပါၿပီ၊ ေဆးေသာက္ေနရေပမယ့္ အားလုံးေကာင္းေနပါၿပီ၊ ပိန္တုန္းကေတာ့ ေဆးသမားတဲ့၊ အခု ဝလာေတာ့ အရက္သမားတဲ့ ဒါေတြက ပရိသတ္ခ်စ္လို႔ေျပာတဲ့စကားပဲလို႔ မွတ္ယူပါတယ္၊ ဆရာဝန္ႀကီးေရာ ပရိသတ္ေတြကိုေရာ ေက်းဇူးတင္ပါတယ္”လို႔ ေတးသံရွင္ ဆိုေတးက ရွင္းျပပါတယ္။

ယခုျပင္ဆင္ေနတဲ့ အေခြမွာ သီခ်င္း ၁၀ပုဒ္ေလာက္ ပါဝင္မွာျဖစ္သလို မီနီအယ္လ္ဘမ္ပုံစံမ်ိဳး ထြက္ရွိမွာ ျဖစ္ေၾကာင္း၊ “ဘယ္လိုခ်စ္ရမလဲ”၊ “အေဝးႀကီးခ်စ္ရမွာလား နီးနီးေလးခ်စ္ရမွာလား”၊ “ထားခဲ့ရမလား”၊ “က်န္ခဲ့ရမလား”၊ “ေနခဲ့ရမလား”၊ “ဘယ္ေတာ့မွ ေပါင္းမလဲေတာ့ မသိဘူး” စတဲ့ အခ်စ္သီခ်င္းေတြ ပါဝင္မယ္လို႔ ေတးသံရွင္ ဆိုေတးက ေျပာပါတယ္။ ေလာေလာဆယ္မွာေတာ့ ဘယ္အခ်ိန္မွာ ထြက္မယ္လို႔ မခန႔္မွန္းႏိုင္ေသးဘူးလို႔လည္း ဆိုပါေသးတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၁၆