အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါ ထူးချွန်ချင်တယ်ဆိုတဲ့ သရုပ်ဆောင် ဝင်းခန့်မိုး

အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါ ထူးချွန်ချင်တယ်ဆိုတဲ့ သရုပ်ဆောင် ဝင်းခန့်မိုး

အနုပညာအလုပ်တွေကို လုပ်တဲ့အခါ အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါ ထူးချွန်အောင် ကြိုးပမ်းနေတယ်လို့ သရုပ်ဆောင် ဝင်းခန့်မိုးက ပြောပါတယ်။

“ကျွန်တော်က ဘက်စုံတော်ချင်တယ်၊ အဆိုမှာလည်းဖြစ်ချင်တယ်၊ သရုပ်ဆောင်မှာလည်းဖြစ်ချင်တယ်၊ သရုပ်ဆောင်ဆိုလည်း ကာရိုက်တာမရွေး လုပ်ချင်တယ်၊ ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှားမှုအတွက်တော့ အိမ်ကလည်း လွတ်လွတ်လပ်လပ် ခွင့်ပြုပေးတာ မျိုးရှိပါတယ်၊ အဆိုတော်ဖြစ်ချင်ပေမယ့် အသံမကောင်းဘူးဖြစ်နေတယ်၊ အသံက သိပ်မကောင်းတော့ သရုပ်ဆောင်လုပ်တော့လည်း ရုပ်ကသိပ်မချောတော့ ကြိုးစားနေရတယ်”လို့ သူက ရှင်းပြပါတယ်။လက်ရှိကာလမှာ လိင်တူချစ်ကြိုက်ရတဲ့ ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရန် စိတ်ကူးရှိနေပြီး လာငှားသူရှိပါက ပျော်ရွှင်နှစ်သက်စွာဖြင့် လက်ခံရိုက်ကူးပေးသွားရန်ရှိနေကြောင်း သိရသည်။

“BL (ယောကျ်ားချင်းကြိုက်တဲ့ကားမျိုး) ကားတွေဆိုလည်း ရိုက်ချင်တယ်၊ စိတ်ထဲမှာ သရုပ်ဆောင်ကြည့်ချင်တာ၊ ကိုယ်က အခုမှသရုပ်ဆောင်လုပ်ကာစဆိုတော့ ကာရိုက်တာစုံအောင်လို့ လုပ်ကြည့်ချင်တယ်၊ ကျွန်တော့်ကို ဝိုင်းပြီးတော့ Comment ပေး ကြတယ်၊ ဂေးလားလို့လေ၊ ကျွန်တော်က အဲ့ဒီလိုတွေကို ဘယ်တော့မှ မဖြေရှင်းဘူး၊ ကျွန်တော့်ရဲ့ Personal လွတ်လပ်ခွင့်ဆိုတော့ ဘာမှကို မပြောဘူး၊ ဟုတ်တယ်မဟုတ်ဘူးအချိန်တန်ရင် သိမှာပဲလေ၊  အဲ့ဒါကအဖြေပဲပေါ့၊ ကျွန်တော်ကတော့ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်၊ ဇာတ်ကားတွေအတွက်လည်း ပြင်ဆင်နေတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ ဝါရင့်သရုပ်ဆောင် ချိုပြုံးရဲ့ အနုပညာမျိုးဆက်တစ်ဦးလည်းဖြစ်သလို ဂီတနဲ့ပတ်သက်လို့ သင်ယူရ လွယ်ကူခဲ့ကြောင်း၊ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအတွက် ရိုက်ကူးဖို့ပြင်ဆင်ရင်း COVID 19 ရောဂါကြောင့် ရပ်နားထားရတဲ့ အခြေအနေ မျိုးဖြစ်ပေမယ့် ဒီကာလထဲမှာ ဂီတဘက်ကိုလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၁၂

 

(  Zawgyi   )

 

 အႏုပညာအလုပ္ေတြကို လုပ္တဲ့အခါ အဆိုပိုင္းေရာ သ႐ုပ္ေဆာင္ပိုင္းပါ ထူးခြၽန္ေအာင္ ႀကိဳးပမ္းေနတယ္လို႔ သ႐ုပ္ေဆာင္ ဝင္းခန႔္မိုးက ေျပာပါတယ္။

“ကြၽန္ေတာ္က ဘက္စုံေတာ္ခ်င္တယ္၊ အဆိုမွာလည္းျဖစ္ခ်င္တယ္၊ သ႐ုပ္ေဆာင္မွာလည္းျဖစ္ခ်င္တယ္၊ သ႐ုပ္ေဆာင္ဆိုလည္း ကာ႐ိုက္တာမေ႐ြး လုပ္ခ်င္တယ္၊ ကြၽန္ေတာ့္ရဲ႕ အႏုပညာလႈပ္ရွားမႈအတြက္ေတာ့ အိမ္ကလည္း လြတ္လြတ္လပ္လပ္ ခြင့္ျပဳေပးတာ မ်ိဳးရွိပါတယ္၊ အဆိုေတာ္ျဖစ္ခ်င္ေပမယ့္ အသံမေကာင္းဘူးျဖစ္ေနတယ္၊ အသံက သိပ္မေကာင္းေတာ့ သ႐ုပ္ေဆာင္လုပ္ေတာ့လည္း ႐ုပ္ကသိပ္မေခ်ာေတာ့ ႀကိဳးစားေနရတယ္”လို႔ သူက ရွင္းျပပါတယ္။လက္ရွိကာလမွာ လိင္တူခ်စ္ႀကိဳက္ရတဲ့ ဇာတ္႐ုပ္မ်ိဳးကို သ႐ုပ္ေဆာင္ရန္ စိတ္ကူးရွိေနၿပီး လာငွားသူရွိပါက ေပ်ာ္႐ႊင္ႏွစ္သက္စြာျဖင့္ လက္ခံ႐ိုက္ကူးေပးသြားရန္ရွိေနေၾကာင္း သိရသည္။

“BL (ေယာက်္ားခ်င္းႀကိဳက္တဲ့ကားမ်ိဳး) ကားေတြဆိုလည္း ႐ိုက္ခ်င္တယ္၊ စိတ္ထဲမွာ သ႐ုပ္ေဆာင္ၾကည့္ခ်င္တာ၊ ကိုယ္က အခုမွသ႐ုပ္ေဆာင္လုပ္ကာစဆိုေတာ့ ကာ႐ိုက္တာစုံေအာင္လို႔ လုပ္ၾကည့္ခ်င္တယ္၊ ကြၽန္ေတာ့္ကို ဝိုင္းၿပီးေတာ့ Comment ေပး ၾကတယ္၊ ေဂးလားလို႔ေလ၊ ကြၽန္ေတာ္က အဲ့ဒီလိုေတြကို ဘယ္ေတာ့မွ မေျဖရွင္းဘူး၊ ကြၽန္ေတာ့္ရဲ႕ Personal လြတ္လပ္ခြင့္ဆိုေတာ့ ဘာမွကို မေျပာဘူး၊ ဟုတ္တယ္မဟုတ္ဘူးအခ်ိန္တန္ရင္ သိမွာပဲေလ၊  အဲ့ဒါကအေျဖပဲေပါ့၊ ကြၽန္ေတာ္ကေတာ့ အႏုပညာအလုပ္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္၊ ဇာတ္ကားေတြအတြက္လည္း ျပင္ဆင္ေနတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ ဝါရင့္သ႐ုပ္ေဆာင္ ခ်ိဳၿပဳံးရဲ႕ အႏုပညာမ်ိဳးဆက္တစ္ဦးလည္းျဖစ္သလို ဂီတနဲ႔ပတ္သက္လို႔ သင္ယူရ လြယ္ကူခဲ့ေၾကာင္း၊ လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားအတြက္ ႐ိုက္ကူးဖို႔ျပင္ဆင္ရင္း COVID 19 ေရာဂါေၾကာင့္ ရပ္နားထားရတဲ့ အေျခအေန မ်ိဳးျဖစ္ေပမယ့္ ဒီကာလထဲမွာ ဂီတဘက္ကိုလည္း လုပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၁၂