အတိတ်ကို ဖြတ်သန်းမယ့် စိုင်းစိုင်း show ပွဲ

အတိတ်ကို ဖြတ်သန်းမယ့် စိုင်းစိုင်း show ပွဲ

တေးသီချင်းများကို သီဆိုရင်း သရုပ်ဆောင်လောကထဲကိုပါ ဝင်ရောက်လာတဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလှို င်ဟာ သူဖြတ်သန်းခဲ့တဲ့ ဂီတသက်တမ်းတစ်လျှောက်က အမှတ်တရရှိနေခဲ့တဲ့ တေးသီချင်းတွေကို စုစည်းပြီး တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲတစ်ခုကို လာမယ့် အောက်တိုဘာလထဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကိုလည်း ဒီကနေ့ (စက်တင်ဘာ ၁၄ ရက်) မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ပြည်လမ်း ဟံသာဝတီအဝိုင်းနားမှာရှိတဲ့ Pyay Garden Residence မှာ ကျင်းပခဲ့ပါတယ်။
 

"ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ အမှတ်တရဖြစ်တဲ့ သီချင်းတွေကို သီဆိုမှာပါ၊ ဒီပွဲမှာ ထူးခြားတာက ဒေါက်ဖိနပ်နဲ့လည်း လာလို့ရတယ်၊ ဆိုလိုတာကလေ ကျွန်တော့် show ပွဲတွေဆိုရင် ကျွန်တော်ကလည်း ခုန်ပေါက်ပြီး ဆိုတယ်၊ ပရိသတ်ကလည်း လိုက်ပြီးခုန်တယ်၊ ဒီလိုမျိုး ထိုင်ပြီးဆိုတာမျိုးတော့ တစ်ခါမှ မလုပ်ဖူးသေးလို့ ရင်ခုန်ပါတယ်၊ အဲ့ဒါကြောင့်လည်း ဒေါက်ဖိနပ်စီးပြီး လာလို့ရတယ်ပေါ့၊ လက်ကလေးတွေပဲမြှောက်ပြီး အားပေးနိုင်တာပေါ့" လို့ သူက ရှင်းပြပါတယ်။

အဲ့ဒီ ဂီတဖျော်ဖြေပွဲကိုတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာပါ။

ထိုဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လက်မှတ်တွေကိုတော့ စက်တင်ဘာ ၁၆ ရက်က စတင်လို့ Junction City မှာ ရောင်းချမှာဖြစ်ပြီး တစ်ယောက်ကို လက်မှတ်နှစ်စောင်နှုန်းသာ ရောင်းချမယ်လို့ ဆိုပါတယ်။

"တစ်ယောက်ကို လက်မှတ်နှစ်စောင်ပဲ ရောင်းမှာက လက်မှတ်တွေ အများကြီးဝယ်ပြီး ပရိသတ်တွေကို ဈေးတင်ရောင်းရင် ကျွန်တော်အသည်းကွဲရမှာ စိုးလို့ပါ" လို့ သူက ပြောပါသေးတယ်။

သူငယ်စဉ်က အိပ်မက်တစ်ခုဖြစ်ခဲ့ရတဲ့ အမျိုးသားကဇာတ်ရုံမှာ ဆိုဖို့စီစဉ်ထားတာကြောင့်လည်း ငယ်စဉ် ဂီတဖြတ်သန်းမှု တစ်လျှောက်ရဲ့ အမှတ်တရတွေကို ပုံဖော်မှာဖြစ်ပြီး ဖျော်ဖြေပွဲအစီအစဉ်ကိုတော့ "ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း" လို့ နာမည်ပေးထားပါတယ်။

ခုံနေရာပေါင်း ၁၄၆၀ လောက် စီစဉ်ထားပြီး လက်မှတ်ခတွေအနေနဲ့ ကျပ် ၅၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ အထိ အသီးသီးရှိမယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၄

( Zawgyi )

ေတးသီခ်င္းမ်ားကို သီဆိုရင္း သ႐ုပ္ေဆာင္ေလာကထဲကိုပါ ဝင္ေရာက္လာတဲ့ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိ င္ဟာ သူျဖတ္သန္းခဲ့တဲ့ ဂီတသက္တမ္းတစ္ေလွ်ာက္က အမွတ္တရရွိေနခဲ့တဲ့ ေတးသီခ်င္းေတြကို စုစည္းၿပီး တစ္ကိုယ္ေတာ္ ဂီတေဖ်ာ္ေျဖပြဲတစ္ခုကို လာမယ့္ ေအာက္တိုဘာလထဲ က်င္းပသြားဖို႔ စီစဥ္ထားပါတယ္။

အဆိုပါ ဂီတေဖ်ာ္ေျဖပြဲနဲ႔ ပတ္သက္ၿပီး စာနယ္ဇင္းရွင္းလင္းပြဲကိုလည္း ဒီကေန႔ (စက္တင္ဘာ ၁၄ ရက္) မြန္းလြဲ ၂ နာရီက ရန္ကုန္ၿမိဳ႕၊ ျပည္လမ္း ဟံသာဝတီအဝိုင္းနားမွာရွိတဲ့ Pyay Garden Residence မွာ က်င္းပခဲ့ပါတယ္။
 

"ကြၽန္ေတာ္ ျဖတ္သန္းခဲ့တဲ့ ကာလတစ္ေလွ်ာက္မွာ အမွတ္တရျဖစ္တဲ့ သီခ်င္းေတြကို သီဆိုမွာပါ၊ ဒီပြဲမွာ ထူးျခားတာက ေဒါက္ဖိနပ္နဲ႔လည္း လာလို႔ရတယ္၊ ဆိုလိုတာကေလ ကြၽန္ေတာ့္ show ပြဲေတြဆိုရင္ ကြၽန္ေတာ္ကလည္း ခုန္ေပါက္ၿပီး ဆိုတယ္၊ ပရိသတ္ကလည္း လိုက္ၿပီးခုန္တယ္၊ ဒီလိုမ်ိဳး ထိုင္ၿပီးဆိုတာမ်ိဳးေတာ့ တစ္ခါမွ မလုပ္ဖူးေသးလို႔ ရင္ခုန္ပါတယ္၊ အဲ့ဒါေၾကာင့္လည္း ေဒါက္ဖိနပ္စီးၿပီး လာလို႔ရတယ္ေပါ့၊ လက္ကေလးေတြပဲေျမႇာက္ၿပီး အားေပးႏိုင္တာေပါ့" လို႔ သူက ရွင္းျပပါတယ္။

အဲ့ဒီ ဂီတေဖ်ာ္ေျဖပြဲကိုေတာ့ လာမယ့္ ေအာက္တိုဘာ ၁၄ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕မေက်ာင္းလမ္းက အမ်ိဳးသားကဇာတ္႐ုံမွာ က်င္းပျပဳလုပ္မွာပါ။

ထိုေဖ်ာ္ေျဖပြဲနဲ႔ ပတ္သက္ၿပီး လက္မွတ္ေတြကိုေတာ့ စက္တင္ဘာ ၁၆ ရက္က စတင္လို႔ Junction City မွာ ေရာင္းခ်မွာျဖစ္ၿပီး တစ္ေယာက္ကို လက္မွတ္ႏွစ္ေစာင္ႏႈန္းသာ ေရာင္းခ်မယ္လို႔ ဆိုပါတယ္။

"တစ္ေယာက္ကို လက္မွတ္ႏွစ္ေစာင္ပဲ ေရာင္းမွာက လက္မွတ္ေတြ အမ်ားႀကီးဝယ္ၿပီး ပရိသတ္ေတြကို ေဈးတင္ေရာင္းရင္ ကြၽန္ေတာ္အသည္းကြဲရမွာ စိုးလို႔ပါ" လို႔ သူက ေျပာပါေသးတယ္။

သူငယ္စဥ္က အိပ္မက္တစ္ခုျဖစ္ခဲ့ရတဲ့ အမ်ိဳးသားကဇာတ္႐ုံမွာ ဆိုဖို႔စီစဥ္ထားတာေၾကာင့္လည္း ငယ္စဥ္ ဂီတျဖတ္သန္းမႈ တစ္ေလွ်ာက္ရဲ႕ အမွတ္တရေတြကို ပုံေဖာ္မွာျဖစ္ၿပီး ေဖ်ာ္ေျဖပြဲအစီအစဥ္ကိုေတာ့ "ၿပီးခဲ့ေသာ ဇာတ္လမ္းအက်ဥ္း" လို႔ နာမည္ေပးထားပါတယ္။

ခုံေနရာေပါင္း ၁၄၆၀ ေလာက္ စီစဥ္ထားၿပီး လက္မွတ္ခေတြအေနနဲ႔ က်ပ္ ၅၀၀၀၀ ကေန က်ပ္ ၁၀၀၀၀၀ အထိ အသီးသီးရွိမယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၄