အနုပညာဆိုတာ ရူးသွပ်နေမှ ဆိုတဲ့ သရုပ်ဆောင် လူရွှင်တော် မိုးဒီ

အနုပညာဆိုတာ ရူးသွပ်နေမှ ဆိုတဲ့  သရုပ်ဆောင် လူရွှင်တော် မိုးဒီ

အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့အခါ ရူးသွပ်အောင် လုပ်ဆောင်နိုင်မှသာ တော်ရာကျမယ်လို့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်တဲ့ မိုးဒီက ပြောပါတယ်။ အနုပညာအလုပ်ကို အပေါ်ယံအနေနဲ့ ပေါ်ပင်လုပ်တဲ့အခါ ခဏလေးနဲ့တင်ပျောက်ကွယ် သွားနိုင်တယ် လို့လည်း ဆိုပါတယ်။

“ကျွန်တော်ဆိုရင် ငယ်ငယ်က သရုပ်ဆောင်ဖြစ်ချင်တော့ အိမ်ကမသိအောင်လို့ ဇာတ်ထဲလိုက်သွား ခဲ့တယ်၊ ဇာတ်ထဲမှာ ဇာတ်ဆရာက ခိုင်းတာကိုအကုန်လုပ်ရတယ်၊ နောက်တော့ မီးထိုးအဖြစ်နေရာရတယ်၊ အဲ့ဒီတုန်းက တစ်ရက်ကို ငွေနှစ်ကျပ်ရတယ်၊ မီးထိုးတာက ဇာတ်ကို ကြည့်နေလို့မရဘူး၊ ဇာတ်စင်ရဲ့ ဟိုဘက်ဒီဘက်ကနေ ကိုယ်တွေမီးထိုးရမယ့်သူကိုပဲ အာရုံစိုက်ပြီးတော့ ကြည့်နေရတယ်၊ ဇာတ်ကိုကြည့်နေရင် မှားပြီး မီးထိုးမိရင် ဆူခံရရော၊ အဲ့ဒီလိုအာရုံစိုက်ကြည့်ရင်းနဲ့ သူပြောတာတွေအကုန်လုံး အလွတ်ကျက်သလို ရလာတယ်၊ နောက်တော့ စင်ပေါ်တက်ဖို့ လူလိုတဲ့အချိန်ကိုယ်ကလည်း သရုပ်ဆောင်ဖို့ကို အရမ်းရူးသွပ်နေတဲ့ အချိန်ဆိုတော့ ခေါ်ပြီး စမ်းသုံးကြည့်ရာကနေ အဆင်ပြေတယ်ဆိုပြီး စင်ပေါ်တက်ခွင့်ရခဲ့တယ်၊ အဲ့ဒီလို စင်ပေါ် တက်ပေမယ့် လုပ်အားခက နှစ်ကျပ်ပဲ၊ သူတို့က အနစ်နာမခံဘူး၊ မီးသမားအနေနဲ့လည်းခိုင်းတယ်၊ စင်ပေါ်လည်းခိုင်းတယ်၊ နောက်တော့တစ်နှစ်လောက် ကြာတော့မှ တစ်ကျပ်လောက်ထပ်တိုးပြီးရတယ်၊ ဒီလိုနဲ့ လုပ်လာခဲ့ရတာ အမှတ်တရပါပဲ”လို့ ဝါရင့်သရုပ်ဆောင် မိုးဒီက ပြောပါတယ်။

သူဟာ ယောက်ဖတော်စပ်သူ ဦးစိန်ရိုးရဲ့ ဇာတ်အဖွဲ့မှာ ပြောင်းလဲလုပ်ကိုင်ခွင့်ရလာခဲ့ပြီး တဖြေးဖြေးနဲ့ လူသိများ လာကာ ပရိသတ်နှစ် သက်အောင် ဖျော်ဖြေနိုင်တဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ “အခုခေတ်နဲ့တော့ မတူဘူးပေါ့၊ ဟိုခေတ်တုန်းကတော့ ရုပ်ရှင်နဲ့ ဇာတ်သဘင်က ဆက်နွယ်နေတာ၊ အခုနောက်ပိုင်းတော့ မြို့ကြီး ပြကြီး တွေမှာက ဟိုခေတ်တုန်းကလို ဘုရားပွဲတွေ ဘာပွဲညာပွဲပေါ့ ပွဲလမ်းသဘင်တွေမှာ ဇာတ်ရုံကြီးတွေဆောက်ပြီး ဖျော်ဖြေတာမျိုး မရှိသလောက်ပဲ၊ အနုပညာဆိုတာ အရိုးထဲ အသည်းထဲ စွဲနေဖို့ လိုတယ်လို့တော့ ယူဆပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ အသက်အရွယ်ကြီးရင့်နေပေမယ့် Free to Air ရုပ်သံလိုင်းတွေမှာ ပြသမယ့် ရုပ်သံဇာတ်လမ်း တွဲတွေအတွက် ရိုက်ကူးနေတာတွေလည်း ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လတုန်းက ပုပ္ပါးမှာ ဇာတ်ကားသွားရိုက် ရင်း ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေကြုံခဲ့ပြီး ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ တတ်နိုင်တဲ့အပိုင်းကနေပြီး သူဝါသနာပါကာ စွဲလမ်းတဲ့ အနုပညာ အလုပ်ကို လုပ်ကိုင်နေသလို တရားဘာဝနာ ပွားများတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၂၅

(  Zawgyi  )

 အႏုပညာအလုပ္ေတြနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္တဲ့အခါ ႐ူးသြပ္ေအာင္ လုပ္ေဆာင္ႏိုင္မွသာ ေတာ္ရာက်မယ္လို႔ ဝါရင့္သ႐ုပ္ေဆာင္ႀကီး တစ္ဦးျဖစ္တဲ့ မိုးဒီက ေျပာပါတယ္။ အႏုပညာအလုပ္ကို အေပၚယံအေနနဲ႔ ေပၚပင္လုပ္တဲ့အခါ ခဏေလးနဲ႔တင္ေပ်ာက္ကြယ္ သြားႏိုင္တယ္ လို႔လည္း ဆိုပါတယ္။

“ကြၽန္ေတာ္ဆိုရင္ ငယ္ငယ္က သ႐ုပ္ေဆာင္ျဖစ္ခ်င္ေတာ့ အိမ္ကမသိေအာင္လို႔ ဇာတ္ထဲလိုက္သြား ခဲ့တယ္၊ ဇာတ္ထဲမွာ ဇာတ္ဆရာက ခိုင္းတာကိုအကုန္လုပ္ရတယ္၊ ေနာက္ေတာ့ မီးထိုးအျဖစ္ေနရာရတယ္၊ အဲ့ဒီတုန္းက တစ္ရက္ကို ေငြႏွစ္က်ပ္ရတယ္၊ မီးထိုးတာက ဇာတ္ကို ၾကည့္ေနလို႔မရဘူး၊ ဇာတ္စင္ရဲ႕ ဟိုဘက္ဒီဘက္ကေန ကိုယ္ေတြမီးထိုးရမယ့္သူကိုပဲ အာ႐ုံစိုက္ၿပီးေတာ့ ၾကည့္ေနရတယ္၊ ဇာတ္ကိုၾကည့္ေနရင္ မွားၿပီး မီးထိုးမိရင္ ဆူခံရေရာ၊ အဲ့ဒီလိုအာ႐ုံစိုက္ၾကည့္ရင္းနဲ႔ သူေျပာတာေတြအကုန္လုံး အလြတ္က်က္သလို ရလာတယ္၊ ေနာက္ေတာ့ စင္ေပၚတက္ဖို႔ လူလိုတဲ့အခ်ိန္ကိုယ္ကလည္း သ႐ုပ္ေဆာင္ဖို႔ကို အရမ္း႐ူးသြပ္ေနတဲ့ အခ်ိန္ဆိုေတာ့ ေခၚၿပီး စမ္းသုံးၾကည့္ရာကေန အဆင္ေျပတယ္ဆိုၿပီး စင္ေပၚတက္ခြင့္ရခဲ့တယ္၊ အဲ့ဒီလို စင္ေပၚ တက္ေပမယ့္ လုပ္အားခက ႏွစ္က်ပ္ပဲ၊ သူတို႔က အနစ္နာမခံဘူး၊ မီးသမားအေနနဲ႔လည္းခိုင္းတယ္၊ စင္ေပၚလည္းခိုင္းတယ္၊ ေနာက္ေတာ့တစ္ႏွစ္ေလာက္ ၾကာေတာ့မွ တစ္က်ပ္ေလာက္ထပ္တိုးၿပီးရတယ္၊ ဒီလိုနဲ႔ လုပ္လာခဲ့ရတာ အမွတ္တရပါပဲ”လို႔ ဝါရင့္သ႐ုပ္ေဆာင္ မိုးဒီက ေျပာပါတယ္။

သူဟာ ေယာက္ဖေတာ္စပ္သူ ဦးစိန္႐ိုးရဲ႕ ဇာတ္အဖြဲ႕မွာ ေျပာင္းလဲလုပ္ကိုင္ခြင့္ရလာခဲ့ၿပီး တေျဖးေျဖးနဲ႔ လူသိမ်ား လာကာ ပရိသတ္ႏွစ္ သက္ေအာင္ ေဖ်ာ္ေျဖႏိုင္တဲ့သူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ “အခုေခတ္နဲ႔ေတာ့ မတူဘူးေပါ့၊ ဟိုေခတ္တုန္းကေတာ့ ႐ုပ္ရွင္နဲ႔ ဇာတ္သဘင္က ဆက္ႏြယ္ေနတာ၊ အခုေနာက္ပိုင္းေတာ့ ၿမိဳ႕ႀကီး ျပႀကီး ေတြမွာက ဟိုေခတ္တုန္းကလို ဘုရားပြဲေတြ ဘာပြဲညာပြဲေပါ့ ပြဲလမ္းသဘင္ေတြမွာ ဇာတ္႐ုံႀကီးေတြေဆာက္ၿပီး ေဖ်ာ္ေျဖတာမ်ိဳး မရွိသေလာက္ပဲ၊ အႏုပညာဆိုတာ အ႐ိုးထဲ အသည္းထဲ စြဲေနဖို႔ လိုတယ္လို႔ေတာ့ ယူဆပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ အသက္အ႐ြယ္ႀကီးရင့္ေနေပမယ့္ Free to Air ႐ုပ္သံလိုင္းေတြမွာ ျပသမယ့္ ႐ုပ္သံဇာတ္လမ္း တြဲေတြအတြက္ ႐ိုက္ကူးေနတာေတြလည္း ရွိခဲ့ပါတယ္။ လြန္ခဲ့တဲ့ ဇြန္လတုန္းက ပုပၸါးမွာ ဇာတ္ကားသြား႐ိုက္ ရင္း ဆိုး႐ြားတဲ့ က်န္းမာေရးအေျခအေနႀကဳံခဲ့ၿပီး ေကာလာဟလ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။ လက္ရွိမွာေတာ့ တတ္ႏိုင္တဲ့အပိုင္းကေနၿပီး သူဝါသနာပါကာ စြဲလမ္းတဲ့ အႏုပညာ အလုပ္ကို လုပ္ကိုင္ေနသလို တရားဘာဝနာ ပြားမ်ားတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၂၅