အနုပညာနဲ့ ပရဟိတအလုပ်တွေအတွက် အချိန်တစ်ခုယူထားသေးတယ်ဆိုတဲ့ သရုပ်ဆောင် ထွန်းကိုကို

အနုပညာနဲ့ ပရဟိတအလုပ်တွေအတွက် အချိန်တစ်ခုယူထားသေးတယ်ဆိုတဲ့ သရုပ်ဆောင် ထွန်းကိုကို

သရုပ်ဆောင် ထွန်းကိုကိုဟာ အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေအတွက် အချိန်တစ်ခုယူကာ လုပ်ဆောင်နေတာကြောင့် လတ်တလောမှာ အချစ်ရေးနဲ့ အိမ်ထောင်ရေးဘက်ကို သိပ်ပြီးအလေးထားလုပ်ဆောင်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
 
သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ “ကျွန်တော် အချိန်တန်ရင်တော့ ပရိသတ်ကိုချပြမှာပါ၊ လောလောဆယ်မှာတော့ အချိန်တစ်ခုတော့ ယူထားသေးတယ်၊ အနုပညာအလုပ်တွေကိုလည်း ကျွန်တော်လုပ်ဖို့ အများကြီးကျန်သေးတယ်၊ ဒီလိုပဲ ပရဟိတအလုပ်တွေကိုလည်းလုပ်ရင်း လေ့လာသင်ယူစရာတွေလည်း အများကြီး ရှိသေးတယ်၊ အဲ့ဒါကြောင့် အချိန်တစ်ခုတော့ ယူရဦးမယ်လေ၊ အနုပညာလုပ်လို့ ပရဟိတအလုပ် လုပ်လို့ ရည်းစားမထားရဘူး၊ အိမ်ထောင်မပြုရဘူးလို့ မဟုတ်ဘူးလေ၊ ကျွန်တော်က လူပဲလေ၊ အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်ဆိုတော့ အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပါ၊ လောလောဆယ်တော့ အချိန်မတန်သေးဘူး၊ အချိန်တန်ဖို့လည်း အများကြီးလိုသေးတယ်” လို့ ၎င်းက အခမ်းအနားတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာလည်း ပရဟိတသမားဖြစ်တဲ့အတွက် အနုပညာအလုပ်ကို နားလည်တဲ့သူ၊ ပရဟိတအလုပ်ကို နားလည်တဲ့သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်လို့ သိရပါတယ်။
 
အချစ်ရေးနဲ့ပတ်သက်ပြီး ၎င်းရဲ့ ခံယူချက်ကို ဆက်လက်မေးမြန်းရာမှာ “ချစ်တာက ကောင်းတယ်၊ မုန်းတာက မကောင်းဘူး၊ လူတိုင်းချစ်နေကြတာ ကောင်းတာပေါ့၊ ဒါပေမဲ့လည်း အရမ်းကြီးအချစ်လွန်ရင်တော့လည်း မကောင်းဘူး၊ ချစ်တော့ချစ်ပေါ့နော် စည်းနဲ့ဘောင်နဲ့ဆိုတာလည်းရှိတာပဲ” လို့ ၎င်းကရှင်းပြပါတယ်။
 
သူဟာ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ အခိုင်အမာအားပေးတဲ့ ပရိသတ်တွေ အများအပြားရှိလာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
 
နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ပရဟိတအလုပ်တွေကို ပါဝင်လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သလို ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ COVID 19 ကူးစက်ခံရချိန်မှာလည်း အနီးကပ်ပြုစုဖို့လိုက်ပါရင်း ကူးစက်ခံခဲ့ရပါတယ်။ယခုအခါ ရောဂါပျောက်ကင်းနေတဲ့အပြင် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ မီးသတ်တပ်ဖွဲ့နဲ့အတူ မီးငြှိမ်းသတ်တဲ့လုပ်ငန်းတွေမှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ - ၂၉
 
( Zawgyi )
 
သ႐ုပ္ေဆာင္ ထြန္းကိုကိုဟာ အႏုပညာအလုပ္ေတြနဲ႔ ပရဟိတအလုပ္ေတြအတြက္ အခ်ိန္တစ္ခုယူကာ လုပ္ေဆာင္ေနတာေၾကာင့္ လတ္တေလာမွာ အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးဘက္ကို သိပ္ၿပီးအေလးထားလုပ္ေဆာင္တာမ်ိဳး မရွိေသးဘူးလို႔ ေျပာပါတယ္။
 
သူ႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္လို႔ “ကြၽန္ေတာ္ အခ်ိန္တန္ရင္ေတာ့ ပရိသတ္ကိုခ်ျပမွာပါ၊ ေလာေလာဆယ္မွာေတာ့ အခ်ိန္တစ္ခုေတာ့ ယူထားေသးတယ္၊ အႏုပညာအလုပ္ေတြကိုလည္း ကြၽန္ေတာ္လုပ္ဖို႔ အမ်ားႀကီးက်န္ေသးတယ္၊ ဒီလိုပဲ ပရဟိတအလုပ္ေတြကိုလည္းလုပ္ရင္း ေလ့လာသင္ယူစရာေတြလည္း အမ်ားႀကီး ရွိေသးတယ္၊ အဲ့ဒါေၾကာင့္ အခ်ိန္တစ္ခုေတာ့ ယူရဦးမယ္ေလ၊ အႏုပညာလုပ္လို႔ ပရဟိတအလုပ္ လုပ္လို႔ ရည္းစားမထားရဘူး၊ အိမ္ေထာင္မျပဳရဘူးလို႔ မဟုတ္ဘူးေလ၊ ကြၽန္ေတာ္က လူပဲေလ၊ အေသြးနဲ႔ကိုယ္ အသားနဲ႔ကိုယ္ဆိုေတာ့ အခ်ိန္တန္ရင္ေတာ့ အိမ္ေထာင္ျပဳရမွာပါ၊ ေလာေလာဆယ္ေတာ့ အခ်ိန္မတန္ေသးဘူး၊ အခ်ိန္တန္ဖို႔လည္း အမ်ားႀကီးလိုေသးတယ္” လို႔ ၎က အခမ္းအနားတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
 
လက္ရွိမွာလည္း ပရဟိတသမားျဖစ္တဲ့အတြက္ အႏုပညာအလုပ္ကို နားလည္တဲ့သူ၊ ပရဟိတအလုပ္ကို နားလည္တဲ့သူကို ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္မယ္လို႔ သိရပါတယ္။
 
အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ၎ရဲ႕ ခံယူခ်က္ကို ဆက္လက္ေမးျမန္းရာမွာ “ခ်စ္တာက ေကာင္းတယ္၊ မုန္းတာက မေကာင္းဘူး၊ လူတိုင္းခ်စ္ေနၾကတာ ေကာင္းတာေပါ့၊ ဒါေပမဲ့လည္း အရမ္းႀကီးအခ်စ္လြန္ရင္ေတာ့လည္း မေကာင္းဘူး၊ ခ်စ္ေတာ့ခ်စ္ေပါ့ေနာ္ စည္းနဲ႔ေဘာင္နဲ႔ဆိုတာလည္းရွိတာပဲ” လို႔ ၎ကရွင္းျပပါတယ္။
 
သူဟာ မ်ိဳးဆက္သစ္အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ အခ်ိန္တိုအတြင္းမွာ အခိုင္အမာအားေပးတဲ့ ပရိသတ္ေတြ အမ်ားအျပားရွိလာခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း အဓိကဇာတ္ေဆာင္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ပါတယ္။
 
နာေရးကူညီမႈအသင္း (ရန္ကုန္) မွာ ပရဟိတအလုပ္ေတြကို ပါဝင္လုပ္ကိုင္ေနသူတစ္ဦးလည္းျဖစ္သလို ဥကၠ႒ ျဖစ္သူ ဦးေက်ာ္သူ COVID 19 ကူးစက္ခံရခ်ိန္မွာလည္း အနီးကပ္ျပဳစုဖို႔လိုက္ပါရင္း ကူးစက္ခံခဲ့ရပါတယ္။ယခုအခါ ေရာဂါေပ်ာက္ကင္းေနတဲ့အျပင္ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနၿပီး နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ႕ မီးသတ္တပ္ဖြဲ႕နဲ႔အတူ မီးျငႇိမ္းသတ္တဲ့လုပ္ငန္းေတြမွာလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ - ၂၉