အနုပညာလောကထဲ မျိုးဆက်သစ်အများအပြားဝင်ရောက်လာခြင်းက အလားအလာကောင်းဟု အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်ဆို

အနုပညာလောကထဲ မျိုးဆက်သစ်အများအပြားဝင်ရောက်လာခြင်းက အလားအလာကောင်းဟု အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်ဆို

အနုပညာလောကထဲမှာ ယခုအခါမျိုးဆက်သစ်လူငယ်လေးတွေအများအပြား ဝင်ရောက်လာတာကို တွေ့ရပြီး ယင်းအခြေအနေဟာ မြန်မာ့ ရုပ်ရှင်လောကရဲ့ အနာဂတ်မှာ ဖွံ့ဖြိုးစေဖို့ အလားအလာကောင်း တွေဖြစ်စေ တယ်လို့ အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

“အနုပညာလောကထဲကို ကလေးတွေအများကြီး ဝင်လာတာက တကယ့်ကိုအားရစရာပါပဲ၊ အခုခေတ် ကလေးတွေက တော်တော်လေးလည်း ကံကောင်းကြပါတယ်၊ အကုန်လုံးကို အဆင်သင့်နဲ့ ဖြစ်တာပေါ့၊ ဇာတ် ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ဟိုခေတ်တုန်းက မိတ်ကပ်တွေ ဘာတွေလိမ်းတဲ့ အလှဖန်တီးရှင် တွေလည်း အခုလိုမရှိဘူး၊ ကိုယ်ရှိတဲ့ပစ္စည်းနဲ့လုပ်ရတာ၊ အရင်ကဆိုရင် အဝတ်အစားရော အကုန်လုံး၊ ကိုယ့်ဟာကိုယ်ပဲ၊ ထမင်းစားတာကအစ ကိုယ့်ဟာကိုယ်ဝယ်စားခဲ့ရတာ၊ ကိုယ့်ဇာတ်ကားမှာ ကိုယ်တိုင်လည်း သီချင်းဆိုရတယ်၊ အဲ့ဒီမှာတုန်းက ဆိုရင် ဒီသီချင်းနဲ့ရိုက်မယ် ဒီလိုဆိုရင် ကြိုတင်ပြီးတော့ တစ်ပွဲထိုးလေ့ကျင့် ရတာတွေလည်း ရှိခဲ့တယ်၊ အခုက နည်းပညာတွေ တိုးတက်လာ တာတွေ လည်း ပါတာပေါ့နော်”လို့ သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က အခမ်းနားပွဲတစ်ခုမှာ တွေ့ဆုံမေးမြန်းတဲ့အခါ ပြောပြပါတယ်။
 
အသက် ၁၅ နှစ်သမီးအရွယ်ကနေ အနုပညာအလုပ်ကို လုပ်ခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၈၅ နှစ် အရွယ်ကို ရောက်ရှိလာခဲ့သလို ရုပ်ရှင်သက် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ရုပ်ရှင်အလုပ်နဲ့ ပြတ်တောက် သွားတာမျိုး မရှိကြောင်း၊ လက်ရှိကာလအထိလည်း အကယ်ဒမီဆု ငါးဆု အပြင် ရုပ်ရှင် တစ်သက်တာဆုနဲ့ နိုင်ငံတော်က ပေးအပ်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုလည်း ရရှိထားသူဖြစ်ပါတယ်။

 “ကလေးသာ ငါးယောက်မွေးသွားတယ်၊ ရုပ်ရှင်ကားတွေက ရိုက်နေတာပဲ၊ လူတွေ့ကတောင် အံ့သြ တယ်၊ ဘယ်လိုမွေးသွားသလဲတဲ့ အမေက ဒါကို ပြောပြပါတယ်၊ သတိထားမကြည့်လို့ပါလို့လေ၊ ရုပ်ရှင်ရိုက် တဲ့ အချိန်မှာ ကုတ်အင်္ကျီပွပွကြီးတွေ အကြီးကြီးတွေ ဝတ်တယ်၊ ပိုက်ဆံအိတ် အကြီးကြီးတွေကိုင်ရင် ဒါအမေ ကိုယ်ဝန်ရှိနေတာပဲလို့ ဒါပေမဲ့ ဒီဥစ္စာကိုဘယ်သူမှ အမေ့ကို ကိုယ်ဝန်ရှိတယ်လို့ မသိကြဘူးလေ”လို့လည်း အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

၎င်းရဲ့ ဘဝမှာ မိသားစုနဲ့ နေထိုင်တာတွေထက် ရုပ်ရှင်ရိုက်ရင်း အနုပညာသမားတွေနဲ့ နေထိုင်ရတဲ့ အချိန်တွေ များပြားခဲ့ပြီး လက်ရှိကာလ မှာလည်း အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ မျိုးဆက်သစ် တွေအတွက် လိုအပ်တဲ့ပံ့ပိုးကူညီတာတွေကို လုပ်ဆောင်ပေးနေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို အနုပညာအလုပ်တွေကို လုပ်နေရရင် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၂၉

(  Zawgyi  )

 အႏုပညာေလာကထဲမွာ ယခုအခါမ်ိဳးဆက္သစ္လူငယ္ေလးေတြအမ်ားအျပား ဝင္ေရာက္လာတာကို ေတြ႕ရၿပီး ယင္းအေျခအေနဟာ ျမန္မာ့ ႐ုပ္ရွင္ေလာကရဲ႕ အနာဂတ္မွာ ဖြံ႕ၿဖိဳးေစဖို႔ အလားအလာေကာင္း ေတြျဖစ္ေစ တယ္လို႔ အကယ္ဒမီ ေဒၚျမင့္ျမင့္ခင္က ေျပာပါတယ္။

“အႏုပညာေလာကထဲကို ကေလးေတြအမ်ားႀကီး ဝင္လာတာက တကယ့္ကိုအားရစရာပါပဲ၊ အခုေခတ္ ကေလးေတြက ေတာ္ေတာ္ေလးလည္း ကံေကာင္းၾကပါတယ္၊ အကုန္လုံးကို အဆင္သင့္နဲ႔ ျဖစ္တာေပါ့၊ ဇာတ္ ကားတစ္ကား ႐ိုက္ေတာ့မယ္ဆိုရင္ ဟိုေခတ္တုန္းက မိတ္ကပ္ေတြ ဘာေတြလိမ္းတဲ့ အလွဖန္တီးရွင္ ေတြလည္း အခုလိုမရွိဘူး၊ ကိုယ္ရွိတဲ့ပစၥည္းနဲ႔လုပ္ရတာ၊ အရင္ကဆိုရင္ အဝတ္အစားေရာ အကုန္လုံး၊ ကိုယ့္ဟာကိုယ္ပဲ၊ ထမင္းစားတာကအစ ကိုယ့္ဟာကိုယ္ဝယ္စားခဲ့ရတာ၊ ကိုယ့္ဇာတ္ကားမွာ ကိုယ္တိုင္လည္း သီခ်င္းဆိုရတယ္၊ အဲ့ဒီမွာတုန္းက ဆိုရင္ ဒီသီခ်င္းနဲ႔႐ိုက္မယ္ ဒီလိုဆိုရင္ ႀကိဳတင္ၿပီးေတာ့ တစ္ပြဲထိုးေလ့က်င့္ ရတာေတြလည္း ရွိခဲ့တယ္၊ အခုက နည္းပညာေတြ တိုးတက္လာ တာေတြ လည္း ပါတာေပါ့ေနာ္”လို႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ေဒၚျမင့္ျမင့္ခင္က အခမ္းနားပြဲတစ္ခုမွာ ေတြ႕ဆုံေမးျမန္းတဲ့အခါ ေျပာျပပါတယ္။
 
အသက္ ၁၅ ႏွစ္သမီးအ႐ြယ္ကေန အႏုပညာအလုပ္ကို လုပ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ ၈၅ ႏွစ္ အ႐ြယ္ကို ေရာက္ရွိလာခဲ့သလို ႐ုပ္ရွင္သက္ ႏွစ္ေပါင္း ၇၀ ေက်ာ္ကာလအတြင္း ႐ုပ္ရွင္အလုပ္နဲ႔ ျပတ္ေတာက္ သြားတာမ်ိဳး မရွိေၾကာင္း၊ လက္ရွိကာလအထိလည္း အကယ္ဒမီဆု ငါးဆု အျပင္ ႐ုပ္ရွင္ တစ္သက္တာဆုနဲ႔ ႏိုင္ငံေတာ္က ေပးအပ္တဲ့ ဘြဲ႕ထူးဂုဏ္ထူးေတြကိုလည္း ရရွိထားသူျဖစ္ပါတယ္။

 “ကေလးသာ ငါးေယာက္ေမြးသြားတယ္၊ ႐ုပ္ရွင္ကားေတြက ႐ိုက္ေနတာပဲ၊ လူေတြ႕ကေတာင္ အံ့ၾသ တယ္၊ ဘယ္လိုေမြးသြားသလဲတဲ့ အေမက ဒါကို ေျပာျပပါတယ္၊ သတိထားမၾကည့္လို႔ပါလို႔ေလ၊ ႐ုပ္ရွင္႐ိုက္ တဲ့ အခ်ိန္မွာ ကုတ္အက်ႌပြပြႀကီးေတြ အႀကီးႀကီးေတြ ဝတ္တယ္၊ ပိုက္ဆံအိတ္ အႀကီးႀကီးေတြကိုင္ရင္ ဒါအေမ ကိုယ္ဝန္ရွိေနတာပဲလို႔ ဒါေပမဲ့ ဒီဥစၥာကိုဘယ္သူမွ အေမ့ကို ကိုယ္ဝန္ရွိတယ္လို႔ မသိၾကဘူးေလ”လို႔လည္း အကယ္ဒမီ ေဒၚျမင့္ျမင့္ခင္က ေျပာပါတယ္။

၎ရဲ႕ ဘဝမွာ မိသားစုနဲ႔ ေနထိုင္တာေတြထက္ ႐ုပ္ရွင္႐ိုက္ရင္း အႏုပညာသမားေတြနဲ႔ ေနထိုင္ရတဲ့ အခ်ိန္ေတြ မ်ားျပားခဲ့ၿပီး လက္ရွိကာလ မွာလည္း အႏုပညာေလာကထဲကို ဝင္ေရာက္လာတဲ့ မ်ိဳးဆက္သစ္ ေတြအတြက္ လိုအပ္တဲ့ပံ့ပိုးကူညီတာေတြကို လုပ္ေဆာင္ေပးေနတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို အႏုပညာအလုပ္ေတြကို လုပ္ေနရရင္ ေပ်ာ္႐ႊင္မိတယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၂၉