အနုပညာလောကမှာ အစ်ကိုဖြစ်သူရဲ့ ပုံရိပ်ထက် ကိုယ်ပိုင်အစွမ်းအစ ရှိအောင် ကြိုးစားနေတယ်ဆိုတဲ့ သရုပ်ဆောင်သစ်လေး ရွှေစင်ဝင်းကိုက ပြောလာ
ယခုနောက်ပိုင်းမှာ အနုပညာလောကကို ဝင်ရောက်လာပေမယ့် အစ်ကိုဖြစ်သူရဲ့ အောင်မြင်မှုပုံရိပ်တွေထက် ကိုယ်ပိုင်အစွမ်းအစရှိအောင် ဖော်ထုတ်ကြိုးစားနေတယ်လို့ သရုပ်ဆောင်သစ် ရွှေစင်ဝင်းကို က ပြောကြားခဲ့ပါတယ်။
သူမဟာ သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမလည်းဖြစ်သလို ယခုနောက်ပိုင်းမှာ ကြော်ငြာတွေ၊ ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လာပြီး လက်ရှိမှာတော့ ကြော်ငြာအတွက် အလှဓာတ်ပုံတွေကို ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ “အခုအနုပညာအလုပ်တွေလုပ်ဖြစ်တာကလည်း ညီမကိုယ်တိုင် ဝါသနာပါတာကြောင့် ဖြစ်ပါတယ်၊ အရင်တုန်းကတော့ ပညာရေးတစ်ပိုင်းတစ်စနဲ့ဆိုတော့ အိမ်ကခွင့်မပြုဘူးလေ၊ အခုကတော့ ပညာရေးမှာက မိဘတွေလိုချင်တဲ့ အနေအထားတစ်ခုကိုရောက်လာတာကြောင့် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊ ညီမအနေနဲ့ အများကြီးကြိုးစားသွားမှာပါ၊ အစ်ကိုရဲ့ Image နဲ့ တက်တာမျိုးထက် ညီမရဲ့ ကြိုးစားမှုနဲ့ တက်တာမျိုးကို မျှော်လင့်တာကြောင့် လည်း ကြိုးလည်းကြိုးစားနေပါတယ်”လို့ သရုပ်ဆောင် ရွှေစင်ဝင်းကို က ရှင်းပြပါတယ်။
သူမအနေနဲ့ ရှေ့ဆက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ဖ့ို စီစဉ်ထားတာတွေရှိသလို အစ်ကိုဖြစ်သူ ဟိန်းဝေယံနဲ့အတူ လုပ်ကိုင်သွား ဖို့လည်း စီစဉ်ထားလျက်ရှိပါတယ်။ “သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အစ်ကိုက သင်ပေးတာတွေတော့ရှိပါတယ်၊ တစ်ချို့ကာ ရိုက်တာ မျိုးတွေကျတော့ မိန်းကလေး သရုပ်ဆောင် ရမယ့် ကာရိုက်တာဟာမျိုးကို အစ်ကိုကသင်ပြတော့ ဘယ်လိုပြောရမလဲ တစ်မျိုးတော့ ဖြစ်တာပေါ့၊ အစ်ကို့ဆီ ကလည်း ပညာတွေရပါတယ်၊ သူကလည်း ဒါရိုက်တာလုပ်နေတော့ သူ့ရဲ့သွန်သင်မှုတွေလည်း ရတယ်လေ၊ သူ့ရဲ့အတွေ့အကြုံတွေ လည်း ရှင်းပြပေးပါတယ်”လို့ သူက ရှင်းပြပါတယ်။ သူမရဲ့သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့လည်း အကြံပြုနိုင်သလို သူမကို အားပေးကြဖို့ လည်း ဆိုပါသေးတယ်။
မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၄
(   Zawgyi   )
မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၄