အနုပညာအရည်အသွေးနဲ့ ဇာတ်ကားအောင်မြင်မှု တိုက်ရိုက်မကျသော အခြေအနေမျိုးဖြစ်နေကြောင်း သရုပ်ဆောင် ခန့်စည်သူ က ပြောလာ

အနုပညာအရည်အသွေးနဲ့ ဇာတ်ကားအောင်မြင်မှု တိုက်ရိုက်မကျသော အခြေအနေမျိုးဖြစ်နေကြောင်း သရုပ်ဆောင် ခန့်စည်သူ က ပြောလာ

ယခုနောက်ပိုင်းတွင် ဇာတ်ကားအောင်မြင်မှုဟာ အနုပညာ အရည်အသွေးနဲ့ တိုက်ရိုက်မကျသော အခြေအနေမျိုးဖြစ်နေ တယ်လို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။

"ဒါကျွန်တော် အပြစ်တင်စကားဆိုတာမဟုတ်ပါဘူး၊ တော်တော်များများက ကိုယ်ချစ်တဲ့ သရုပ်ဆောင်ဆိုရင် ရုံထဲ အထိ အားပေးကြပေမယ့် တစ်ချို့ကျတော့ ဇာတ်ကားရဲ့ အရည်အသွေးလည်း ကောင်းပေမယ့် ပရိသတ်လာမကြည့် ကြတော့ ရုံထဲလူမရှိဘူး၊ ဇာတ်ကားဖန်တီးတဲ့ သူတွေအဖို့ နောက်ထပ်တစ်လှမ်းအတွက် အခက်အခဲတွေဖြစ်လာရော၊ ကျွန်တော် ပရိသတ်ကို request လုပ်ချင်တာလေး တစ်ခုက ရုံထဲရောက်အောင် အားပေးကြည့်ပါလို့၊ ဖေ့ဘွတ်ပေါ်ကပဲ ကောင်းတယ်မကောင်းဘူး ဝေဖန်နေတာထက် ရုံထဲအထိလာပြီး အားပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ"လို့ သူက ရုပ်ရှင်အခမ်းအနားပွဲတစ်ခုကို တက်ရောက်လာစဉ် မေးမြန်းတဲ့အခါ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ သူ့ရဲ့မိခင် ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးကုသမှုခံယူနေတာကြောင့် မိခင်ကို အနီးကပ်ပြုစုပေး နေရပြီး အရမ်းခင်မင်တဲ့အခမ်းအနားတွေလောက်သာ မဖြစ်မနေတက်ရောက်တာဖြစ်တယ်လို့ သိရပါတယ်။

"ခန္ဓာရှိရင်ဝေဒနာရှိမယ်၊ မပျောက်ကင်းနိုင်ပေမယ့်၊ တရားအသိနဲ့ ခံစားနေရသော ဝေဒနာများမှ အမြန်ဆုံး သက်သာပါစေလို့ မေမေ့အတွက် ဆုတောင်းနေရင်း အနီးကပ်ပြုစုနေပါတယ်၊ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒီရက်ပိုင်းထဲ သိပ်မလုပ်နိုင်သေးဘူး၊ မဖြစ်မနေတဲ့ ပွဲတွေလောက်ပဲ ရံဖန်ရံခါတက်ဖြစ်တာပါ"လို့ သူက ဆိုပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်က ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် ဆုကို ရရှိထားသူဖြစ်ပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ ဘွဲ့ကိုလည်း ရရှိထားသလို "မေတ္တာသိင်္ဂဟ" အသင်းကြီးကို ဦးဆောင်ကာ ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေလျက်ရှိပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၈

( Zawgyi )

ယခုေနာက္ပိုင္းတြင္ ဇာတ္ကားေအာင္ျမင္မႈဟာ အႏုပညာ အရည္အေသြးနဲ႔ တိုက္႐ိုက္မက်ေသာ အေျခအေနမ်ိဳးျဖစ္ေန တယ္လို႔ သ႐ုပ္ေဆာင္ ခန႔္စည္သူက ေျပာပါတယ္။

"ဒါကြၽန္ေတာ္ အျပစ္တင္စကားဆိုတာမဟုတ္ပါဘူး၊ ေတာ္ေတာ္မ်ားမ်ားက ကိုယ္ခ်စ္တဲ့ သ႐ုပ္ေဆာင္ဆိုရင္ ႐ုံထဲ အထိ အားေပးၾကေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ ဇာတ္ကားရဲ႕ အရည္အေသြးလည္း ေကာင္းေပမယ့္ ပရိသတ္လာမၾကည့္ ၾကေတာ့ ႐ုံထဲလူမရွိဘူး၊ ဇာတ္ကားဖန္တီးတဲ့ သူေတြအဖို႔ ေနာက္ထပ္တစ္လွမ္းအတြက္ အခက္အခဲေတြျဖစ္လာေရာ၊ ကြၽန္ေတာ္ ပရိသတ္ကို request လုပ္ခ်င္တာေလး တစ္ခုက ႐ုံထဲေရာက္ေအာင္ အားေပးၾကည့္ပါလို႔၊ ေဖ့ဘြတ္ေပၚကပဲ ေကာင္းတယ္မေကာင္းဘူး ေဝဖန္ေနတာထက္ ႐ုံထဲအထိလာၿပီး အားေပးပါလို႔ ေတာင္းဆိုပါရေစခင္ဗ်ာ"လို႔ သူက ႐ုပ္ရွင္အခမ္းအနားပြဲတစ္ခုကို တက္ေရာက္လာစဥ္ ေမးျမန္းတဲ့အခါ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာ သူ႔ရဲ႕မိခင္ က်န္းမာေရးမေကာင္းတဲ့အတြက္ ေဆးကုသမႈခံယူေနတာေၾကာင့္ မိခင္ကို အနီးကပ္ျပဳစုေပး ေနရၿပီး အရမ္းခင္မင္တဲ့အခမ္းအနားေတြေလာက္သာ မျဖစ္မေနတက္ေရာက္တာျဖစ္တယ္လို႔ သိရပါတယ္။

"ခႏၶာရွိရင္ေဝဒနာရွိမယ္၊ မေပ်ာက္ကင္းႏိုင္ေပမယ့္၊ တရားအသိနဲ႔ ခံစားေနရေသာ ေဝဒနာမ်ားမွ အျမန္ဆုံး သက္သာပါေစလို႔ ေမေမ့အတြက္ ဆုေတာင္းေနရင္း အနီးကပ္ျပဳစုေနပါတယ္၊ အႏုပညာလႈပ္ရွားမႈအေနနဲ႔ကေတာ့ ဒီရက္ပိုင္းထဲ သိပ္မလုပ္ႏိုင္ေသးဘူး၊ မျဖစ္မေနတဲ့ ပြဲေတြေလာက္ပဲ ရံဖန္ရံခါတက္ျဖစ္တာပါ"လို႔ သူက ဆိုပါတယ္။

သူဟာ ၂၀၀၈ ခုႏွစ္က ‘’အမ်ားႏွင့္ မသက္ဆိုင္ေသာသူ’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ ဆုကို ရရွိထားသူျဖစ္ၿပီး သီဟသုဓမၼမဏိေဇာတဓရ၊ အဘိဓမၼဓရ ဘြဲ႕ကိုလည္း ရရွိထားသလို "ေမတၱာသိဂၤဟ" အသင္းႀကီးကို ဦးေဆာင္ကာ ပရဟိတအလုပ္ေတြကိုလည္း လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၈