အနုပညာအလုပ်တွေ ပြန်လုပ်နေတဲ့ ဖွေးဖွေး

အနုပညာအလုပ်တွေ ပြန်လုပ်နေတဲ့ ဖွေးဖွေး

လွန်ခဲ့တဲ့ လအနည်းငယ်လောက် ကတည်းက အနုပညာ အလုပ်တွေကို ခေတ္တရပ်နားထားတဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ ယခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်ပြီး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

"အခု ၂၀၁၉ ခုနှစ်က ဖွေးရဲ့ Rest Year ပေါ့၊ ပရိသတ် တွေကိုလည်း လွမ်းပါတယ်၊ ဖွေးကို စိတ်ပူ ပေးတဲ့ သူတွေ၊ ဖွေးကို အားပေးနေတဲ့သူတွေ အကုန်လုံးကို ဖွေးက အရမ်းလည်း ကျေးဇူးတင်ပါတယ်၊ အခု အပြင်ပြန်ထွက်တာ သိပ်တော့ မကြာသေးဘူး၊ တစ်ရက်နှစ်ရက်လောက်ပဲ ရှိပါသေးတယ်၊ ဖွေးကို ချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာ အလုပ်တွေကို ဖွေး ပြန်လုပ်နေပါပြီ၊ ရုပ်ရှင်ကားကြီး ရိုက်တာ ကိုပဲ နားထားပေ မယ့် ပွဲတက်တာတို့ ကြော်ငြာ ရိုက်တာတို့ ဓာတ်ပုံ ရိုက်တာတို့ တွေကိုတော့ ပြန်လုပ်နေပါပြီ၊ ကြော်ငြာ တွေ အတွက်လည်း လက်ခံထားတာတွေ ရှိပါသေးတယ်"ဟု သရုပ်ဆောင် ဖွေးဖွေးက ပြောပါတယ်။

သူမဟာ ယာဉ်မတော်တဆဖြစ်စဉ်တစ်ခု ကြုံခဲ့ရတာကြောင့် အနုပညာအလုပ်တွေကို ယာယီရပ်နားခဲ့ပေမယ့် ဇွန်လကုန်မှ စတင်ကာ ပွဲတက် တာတွေ အပါအဝင် ကြော်ငြာ ရိုက်ကူး တာတွေကိုလည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။ လတ်တလော မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေ ကို ရိုက်ကူးမှု နားထားပေမယ့် အလှကုန်ပစ္စည်း ပွဲတွေကဖိတ်ကြား လာတာတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဖိတ်ကြားလာသော ပွဲတွေကိုတော့ ပြန်လည်တက်ရောက်ဖြစ်နေတာ ဖြစ်ပါတယ်။

 "ကျန်းမာရေးဆိုတာ တကယ့်ကိုအရေးကြီးပါတယ်၊ ပရိသတ် ကြီးအနေနဲ့လည်း ကျန်းမာရေးကို ဂရုစိုက်ပါနော်၊ အနားယူ နေတဲ့ အချိန်မှာ အခုလိုကျန်းမာရေးက တော်တော်လေး အရေးကြီးတယ်ဆိုတာ ဖွေးလည်း သိနားလည်လာခဲ့ပါတယ်" လို့လည်း သရုပ်ဆောင် ဖွေးဖွေးက ပြောပါတယ်။

သူမဟာ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုအများအပြားကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို မျိုးဆက်သစ် သရုပ်ဆောင်တွေ ရဲ့ကြားမှာ အကယ်ဒမီဆု တွေကိုလည်း ပိုင်ဆိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၁

(  Zawgyi  )

 လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္ ကတည္းက အႏုပညာ အလုပ္ေတြကို ေခတၱရပ္နားထားတဲ့ သ႐ုပ္ေဆာင္ ေဖြးေဖြးဟာ ယခုဆိုရင္ အႏုပညာလႈပ္ရွားမႈေတြကို ျပန္လည္ၿပီး လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

"အခု ၂၀၁၉ ခုႏွစ္က ေဖြးရဲ႕ Rest Year ေပါ့၊ ပရိသတ္ ေတြကိုလည္း လြမ္းပါတယ္၊ ေဖြးကို စိတ္ပူ ေပးတဲ့ သူေတြ၊ ေဖြးကို အားေပးေနတဲ့သူေတြ အကုန္လုံးကို ေဖြးက အရမ္းလည္း ေက်းဇူးတင္ပါတယ္၊ အခု အျပင္ျပန္ထြက္တာ သိပ္ေတာ့ မၾကာေသးဘူး၊ တစ္ရက္ႏွစ္ရက္ေလာက္ပဲ ရွိပါေသးတယ္၊ ေဖြးကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ အႏုပညာ အလုပ္ေတြကို ေဖြး ျပန္လုပ္ေနပါၿပီ၊ ႐ုပ္ရွင္ကားႀကီး ႐ိုက္တာ ကိုပဲ နားထားေပ မယ့္ ပြဲတက္တာတို႔ ေၾကာ္ျငာ ႐ိုက္တာတို႔ ဓာတ္ပုံ ႐ိုက္တာတို႔ ေတြကိုေတာ့ ျပန္လုပ္ေနပါၿပီ၊ ေၾကာ္ျငာ ေတြ အတြက္လည္း လက္ခံထားတာေတြ ရွိပါေသးတယ္"ဟု သ႐ုပ္ေဆာင္ ေဖြးေဖြးက ေျပာပါတယ္။

သူမဟာ ယာဥ္မေတာ္တဆျဖစ္စဥ္တစ္ခု ႀကဳံခဲ့ရတာေၾကာင့္ အႏုပညာအလုပ္ေတြကို ယာယီရပ္နားခဲ့ေပမယ့္ ဇြန္လကုန္မွ စတင္ကာ ပြဲတက္ တာေတြ အပါအဝင္ ေၾကာ္ျငာ ႐ိုက္ကူး တာေတြကိုလည္း လုပ္ေဆာင္ေနၿပီလို႔ သိရပါတယ္။ လတ္တေလာ မွာေတာ့ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြ ကို ႐ိုက္ကူးမႈ နားထားေပမယ့္ အလွကုန္ပစၥည္း ပြဲေတြကဖိတ္ၾကား လာတာေတြ၊ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ဖိတ္ၾကားလာေသာ ပြဲေတြကိုေတာ့ ျပန္လည္တက္ေရာက္ျဖစ္ေနတာ ျဖစ္ပါတယ္။

 "က်န္းမာေရးဆိုတာ တကယ့္ကိုအေရးႀကီးပါတယ္၊ ပရိသတ္ ႀကီးအေနနဲ႔လည္း က်န္းမာေရးကို ဂ႐ုစိုက္ပါေနာ္၊ အနားယူ ေနတဲ့ အခ်ိန္မွာ အခုလိုက်န္းမာေရးက ေတာ္ေတာ္ေလး အေရးႀကီးတယ္ဆိုတာ ေဖြးလည္း သိနားလည္လာခဲ့ပါတယ္" လို႔လည္း သ႐ုပ္ေဆာင္ ေဖြးေဖြးက ေျပာပါတယ္။

သူမဟာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈအမ်ားအျပားကို ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္သလို မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္ေတြ ရဲ႕ၾကားမွာ အကယ္ဒမီဆု ေတြကိုလည္း ပိုင္ဆိုင္ရရွိထားသူလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၁