အနုပညာအလုပ် လုပ်ရင်း သက်ကြီးလူရွှင်တော်များအတွက် အလှူပြုရန် ဖောင်ဒေးရှင်းတစ်ခု အသက်သွင်းဆောင်ရွက်နေတဲ့ ခင်လှိုင်

အနုပညာအလုပ် လုပ်ရင်း သက်ကြီးလူရွှင်တော်များအတွက် အလှူပြုရန် ဖောင်ဒေးရှင်းတစ်ခု အသက်သွင်းဆောင်ရွက်နေတဲ့ ခင်လှိုင်

အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ တစ်ဖက်ကလည်း ပရဟိတအလုပ်အဖြစ် သက်ကြီးလူရွှင်တော်တွေကို အလှူပြုဖို့ ဖောင်ဒေးရှင်းတစ်ခုကို အသက်သွင်းတည်ထောင်ကာ လုပ်ဆောင်နေပြီး လစဉ်လှူဒါန်းနေလျက်ရှိတယ်လို့ သရုပ်ဆောင် ခင်လှိုင် က ပြောပါတယ်။

“ကျွန်တော်တို့ သဘင်သည်တွေဆိုတာက ကြုံတဲ့နေရာမှာ ကပြဖျော်ဖြေကြတယ်၊ ကြုံတဲ့နေရာမှာ ကွယ်လွန်သဂြိုဟ်ခဲ့ရတယ်၊ အခုတော့ ကူညီတဲ့သူတွေလည်းများလာတယ်၊ ကျွန်တော့အနေနဲ့ ဇဝန ဖောင်ဒေးရှင်းကို ဘာလို့ထူထောင်ဖြစ်သလဲဆိုတော့ ဒါကို ခင်လှိုင်ဖောင်ဒေးရှင်းလို့ ပေးလည်းရပါတယ်၊ ကျွန်တော် အဓိကဦးစီးပြီး လှူနေတာပဲ၊ ဒါပေမဲ့ ခင်လှိုင်ဖောင်ဒေးရှင်းဆိုရင် ကျွန်တော်သေသွားရင် ဒီဖောင်ဒေးရှင်းကို အသက်သွင်းမယ့်သူ ရှိမှာမဟုတ်တော့ဘူး၊ ဇဝန ဆိုတာက ဘယ်သူ့နာမည်မှ မဟုတ်တဲ့အခါကျတော့ တခြားတစ်ယောက်ကလည်း ဒီဇဝန နာမည်ကို သယ်သွားလို့ရတယ်၊ ဒါကြောင့်နာမည်ပေးတာပါ၊ အများပိုင်တဲ့ နာမည်ပေါ့၊ ဥပမာ ကျွန်တော့်နေရာမှာ အောင်သော် က ကျွန်တော်မရှိတော့တဲ့အခါ ဇဝန ဖောင်ဒေးရှင်းကို ဆက်ထမ်းမယ်ဆိုလည်း ရတယ်၊ ဒါမှမဟုတ် အပြင်လူတစ်ယောက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ခင်လှိုင် လုပ်သွားတဲ့ ဇဝန ဖောင်ဒေးရှင်းကို ငါဆက်ယူပြီး လုပ်မယ်ဆိုတာမျိုး ရအောင်လို့ ဒီနာမည်လေးကို ပေးတာပါ” လို့ သရုပ်ဆောင် ခင်လှိုင် က ပြောပါတယ်။

သူတည်ထောင်ထားတဲ့ ဇဝန ဖောင်ဒေးရှင်းဟာ လစဉ် လဆန်း ၁ ရက်တွင် လှူဒါန်းမယ့်သူကို မဲနှိုက်ရွေးချယ်ပြီး လဆန်း ၅ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့သလို ယခုဆိုရင် ခုနစ်ကြိမ်မြောက်အဖြစ် လှူဒါန်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ထိုသို့လှူဒါန်းတဲ့အခါ အနည်းဆုံး အလှူငွေ ကျပ် ၁၀ သိန်းအထက်ရှိပြီး ယင်းပမာဏဟာ ဈေးဆိုင်ဖွင့်ကာ ရင်းနှီးစားသောက်ရန်ပဲဖြစ်ဖြစ်၊ တစ်စီးကို ကျပ်သုံးသိန်းနှုန်းနဲ့ သုံးစီးလောက်ဝယ်ပြီး ဆိုင်ကယ်ကယ်ရီထောင်ကာ ပုံမှန် နေ့စဉ်ဝင်ငွေရအောင် လုပ်ဆောင်နိုင်ဖို့ အရင်းအနှီးမျိုး အသုံးချနိုင်ရန် စီစဉ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တစ်ယောက်ထဲ လှူမယ်ဆိုရင်လည်း လူရွှင်တော်တစ်ယောက်ကို တစ်လနှစ်သိန်းပေါ့ဗျာ၊ အဲ့ဒီလောက်ဆိုရင် သူတို့အတွက်ကို ဘာမှလည်း အရာမရောက်ဘူးလေ၊ ၁၂ သိန်းလောက်ဆိုတာ လူရွှင်တော်တစ်ယောက်အတွက် တကယ်လိုအပ်နေသူတွေအတွက် အများကြီး အထောက်အပံ့ဖြစ်ပါတယ်၊ အဖေကြီးတို့အနေနဲ့ ဘယ်လိုလုပ်ငန်းလေးတွေတော့ လုပ်လို့ရတယ်ပေါ့၊ ကျွန်တော်က လူကြီးကို ဆရာလုပ်တာမဟုတ်ဘူး၊ ခွဲဝေသုံးစွဲမှုကတော့ သူတို့ပေါ် မူတည်တာပေါ့၊ ကျွန်တော် နယ်တွေကိုရောက်တဲ့အခါ သက်ကြီးလူရွှင်တော်တွေကိုတွေ့ရင် တတ်နိုင်သလောက် ကန်တော့တယ်၊ ကျွန်တော် အဲ့ဒါလေးကို တွေးကြည့်တယ်၊ ငါဘယ်လောက်အထိ လှူနိုင်မလဲ သူတို့တွေကို အမြဲတမ်းလည်း မလှူနိုင်ဘူး၊ ကိုယ့်မှာလည်း မိသားစုရှိတယ်၊ အမြဲတမ်းလှူရင် အသင်းအဖွဲ့ဖြစ်မှဆိုပြီး တည်ထောင်ဖြစ်တာပါ၊ စေတနာရှင် ဘယ်သူမဆိုလည်း လှူဒါန်းနိုင်ပါတယ်၊ ၅၀၀၊ ၁၀၀၀ လှူလည်းရတယ်၊ ဘယ်လောက်မှ ဆိုတာမျိုးတော့ သတ်မှတ်ထားတာ မရှိဘူး၊ အဲ့ဒီ ၅၀၀ ၁၀၀၀ တွေ ပေါင်းလိုက်ရင် များသွားတာပေါ့၊ လစဉ်လည်း ကျွန်တော်တို့ ဖောင်ဒေးရှင်းမှာ လာလှူသူတွေရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အနုပညာနဲ့ပတ်သက်လို့ မကြာခင်ရောက်ရှိတော့မယ့် ပွင့်လင်းရာသီကာလထဲမှာ ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်ဖို့ ပြင်ဆင်နေတာတွေရှိသလို တစ်ဖက်ကလည်း ပရဟိတအလုပ်တွေကို လုပ်ဆောင်နေလျက်ရှိပါတယ်။

သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း လှူဒါန်းတာတွေရှိသလို ပါဝင်လှူဒါန်းလိုတဲ့သူတွေအနေနဲ့လည်း ငွေ ၅၀၀၊ ၁၀၀၀ မှစတင်လို့ လစဉ်လှူဒါန်းနိုင်သလို ဖုန်း ၀၉၅၅၀၁၃၆၆ သို့ ဆက်သွယ်နိုင်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၉

( Zawgyi )

အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္းနဲ႔ တစ္ဖက္ကလည္း ပရဟိတအလုပ္အျဖစ္ သက္ႀကီးလူ႐ႊင္ေတာ္ေတြကို အလႉျပဳဖို႔ ေဖာင္ေဒးရွင္းတစ္ခုကို အသက္သြင္းတည္ေထာင္ကာ လုပ္ေဆာင္ေနၿပီး လစဥ္လႉဒါန္းေနလ်က္ရွိတယ္လို႔ သ႐ုပ္ေဆာင္ ခင္လႈိင္ က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ သဘင္သည္ေတြဆိုတာက ႀကဳံတဲ့ေနရာမွာ ကျပေဖ်ာ္ေျဖၾကတယ္၊ ႀကဳံတဲ့ေနရာမွာ ကြယ္လြန္သၿဂိဳဟ္ခဲ့ရတယ္၊ အခုေတာ့ ကူညီတဲ့သူေတြလည္းမ်ားလာတယ္၊ ကြၽန္ေတာ့အေနနဲ႔ ဇဝန ေဖာင္ေဒးရွင္းကို ဘာလို႔ထူေထာင္ျဖစ္သလဲဆိုေတာ့ ဒါကို ခင္လႈိင္ေဖာင္ေဒးရွင္းလို႔ ေပးလည္းရပါတယ္၊ ကြၽန္ေတာ္ အဓိကဦးစီးၿပီး လႉေနတာပဲ၊ ဒါေပမဲ့ ခင္လႈိင္ေဖာင္ေဒးရွင္းဆိုရင္ ကြၽန္ေတာ္ေသသြားရင္ ဒီေဖာင္ေဒးရွင္းကို အသက္သြင္းမယ့္သူ ရွိမွာမဟုတ္ေတာ့ဘူး၊ ဇဝန ဆိုတာက ဘယ္သူ႔နာမည္မွ မဟုတ္တဲ့အခါက်ေတာ့ တျခားတစ္ေယာက္ကလည္း ဒီဇဝန နာမည္ကို သယ္သြားလို႔ရတယ္၊ ဒါေၾကာင့္နာမည္ေပးတာပါ၊ အမ်ားပိုင္တဲ့ နာမည္ေပါ့၊ ဥပမာ ကြၽန္ေတာ့္ေနရာမွာ ေအာင္ေသာ္ က ကြၽန္ေတာ္မရွိေတာ့တဲ့အခါ ဇဝန ေဖာင္ေဒးရွင္းကို ဆက္ထမ္းမယ္ဆိုလည္း ရတယ္၊ ဒါမွမဟုတ္ အျပင္လူတစ္ေယာက္ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္က ခင္လႈိင္ လုပ္သြားတဲ့ ဇဝန ေဖာင္ေဒးရွင္းကို ငါဆက္ယူၿပီး လုပ္မယ္ဆိုတာမ်ိဳး ရေအာင္လို႔ ဒီနာမည္ေလးကို ေပးတာပါ” လို႔ သ႐ုပ္ေဆာင္ ခင္လႈိင္ က ေျပာပါတယ္။

သူတည္ေထာင္ထားတဲ့ ဇဝန ေဖာင္ေဒးရွင္းဟာ လစဥ္ လဆန္း ၁ ရက္တြင္ လႉဒါန္းမယ့္သူကို မဲႏႈိက္ေ႐ြးခ်ယ္ၿပီး လဆန္း ၅ ရက္ေန႔မွာ သြားေရာက္လႉဒါန္းခဲ့သလို ယခုဆိုရင္ ခုနစ္ႀကိမ္ေျမာက္အျဖစ္ လႉဒါန္းလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ထိုသို႔လႉဒါန္းတဲ့အခါ အနည္းဆုံး အလႉေငြ က်ပ္ ၁၀ သိန္းအထက္ရွိၿပီး ယင္းပမာဏဟာ ေဈးဆိုင္ဖြင့္ကာ ရင္းႏွီးစားေသာက္ရန္ပဲျဖစ္ျဖစ္၊ တစ္စီးကို က်ပ္သုံးသိန္းႏႈန္းနဲ႔ သုံးစီးေလာက္ဝယ္ၿပီး ဆိုင္ကယ္ကယ္ရီေထာင္ကာ ပုံမွန္ ေန႔စဥ္ဝင္ေငြရေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ အရင္းအႏွီးမ်ိဳး အသုံးခ်ႏိုင္ရန္ စီစဥ္လႉဒါန္းခဲ့တာလို႔ သိရပါတယ္။

“ကြၽန္ေတာ္တစ္ေယာက္ထဲ လႉမယ္ဆိုရင္လည္း လူ႐ႊင္ေတာ္တစ္ေယာက္ကို တစ္လႏွစ္သိန္းေပါ့ဗ်ာ၊ အဲ့ဒီေလာက္ဆိုရင္ သူတို႔အတြက္ကို ဘာမွလည္း အရာမေရာက္ဘူးေလ၊ ၁၂ သိန္းေလာက္ဆိုတာ လူ႐ႊင္ေတာ္တစ္ေယာက္အတြက္ တကယ္လိုအပ္ေနသူေတြအတြက္ အမ်ားႀကီး အေထာက္အပံ့ျဖစ္ပါတယ္၊ အေဖႀကီးတို႔အေနနဲ႔ ဘယ္လိုလုပ္ငန္းေလးေတြေတာ့ လုပ္လို႔ရတယ္ေပါ့၊ ကြၽန္ေတာ္က လူႀကီးကို ဆရာလုပ္တာမဟုတ္ဘူး၊ ခြဲေဝသုံးစြဲမႈကေတာ့ သူတို႔ေပၚ မူတည္တာေပါ့၊ ကြၽန္ေတာ္ နယ္ေတြကိုေရာက္တဲ့အခါ သက္ႀကီးလူ႐ႊင္ေတာ္ေတြကိုေတြ႕ရင္ တတ္ႏိုင္သေလာက္ ကန္ေတာ့တယ္၊ ကြၽန္ေတာ္ အဲ့ဒါေလးကို ေတြးၾကည့္တယ္၊ ငါဘယ္ေလာက္အထိ လႉႏိုင္မလဲ သူတို႔ေတြကို အၿမဲတမ္းလည္း မလႉႏိုင္ဘူး၊ ကိုယ့္မွာလည္း မိသားစုရွိတယ္၊ အၿမဲတမ္းလႉရင္ အသင္းအဖြဲ႕ျဖစ္မွဆိုၿပီး တည္ေထာင္ျဖစ္တာပါ၊ ေစတနာရွင္ ဘယ္သူမဆိုလည္း လႉဒါန္းႏိုင္ပါတယ္၊ ၅၀၀၊ ၁၀၀၀ လႉလည္းရတယ္၊ ဘယ္ေလာက္မွ ဆိုတာမ်ိဳးေတာ့ သတ္မွတ္ထားတာ မရွိဘူး၊ အဲ့ဒီ ၅၀၀ ၁၀၀၀ ေတြ ေပါင္းလိုက္ရင္ မ်ားသြားတာေပါ့၊ လစဥ္လည္း ကြၽန္ေတာ္တို႔ ေဖာင္ေဒးရွင္းမွာ လာလႉသူေတြရွိပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

အႏုပညာနဲ႔ပတ္သက္လို႔ မၾကာခင္ေရာက္ရွိေတာ့မယ့္ ပြင့္လင္းရာသီကာလထဲမွာ ႐ိုက္ကူးဖို႔စီစဥ္ထားတဲ့ ဇာတ္ကားတစ္ကားအတြက္ သ႐ုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတာေတြရွိသလို တစ္ဖက္ကလည္း ပရဟိတအလုပ္ေတြကို လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

သဘာဝေဘးအႏၲရာယ္ ျပန္လည္ထူေထာင္ေရးအတြက္ကိုလည္း လႉဒါန္းတာေတြရွိသလို ပါဝင္လႉဒါန္းလိုတဲ့သူေတြအေနနဲ႔လည္း ေငြ ၅၀၀၊ ၁၀၀၀ မွစတင္လို႔ လစဥ္လႉဒါန္းႏိုင္သလို ဖုန္း ၀၉၅၅၀၁၃၆၆ သို႔ ဆက္သြယ္ႏိုင္တယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၉