အမေစုဘက်က ပြတ်ပြတ်သားသားရပ်မယ့် အဆိုတော်ပိုပို

အမေစုဘက်က ပြတ်ပြတ်သားသားရပ်မယ့် အဆိုတော်ပိုပို

ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကိုရရှိလာခဲ့တဲ့ တေးသံရှင် ပိုပိုဟာ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို တစ်ဖက်ကလုပ်သလို ဒေါ်အောင်ဆန်းစုကြည် ဘက်က အားပေးရင်း ရပ်တည်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ဒီလိုပြောတာဟာ ပါတီစွဲလို့မဟုတ်ဘူး၊ မြန်မာပြည်သူတစ်ယောက်အနေနဲ့ အမေစုကို ချစ်လို့ အားပေးတာ၊ ဆက်ပြီးလည်း အားပေးဖို့ ဆုံးဖြတ်ထားတယ်၊ လာမယ့်ကာလတွေမှာလည်း ကိုယ့်တတ်စွမ်းတဲ့ အနုပညာနဲ့ ရပ်တည်အားပေးမယ်၊ အခုဆိုရင် ကြည့်လေ တစ်နိုင်ငံလုံး အစား အမေစုအခုလိုရပ်တည်တာတောင် အမေရဲ့သားသမီးတွေဖြစ်တဲ့ တစ်ချို့သူတွေက ဘာလို့ မရပ်တည်တာလဲ၊ အမှန်ဆိုရင် အသက် ၆၀ လောက်ဆိုရင် သာမန်လူတွေအဖို့ အေးဆေးနေပြီး အငြိမ်းစားယူနေချိန်မှာ မြန်မာတွေအတွက် မြန်မာနိုင်ငံအတွက် အမေစုက ရင်ကော့ပြီး သွားနေတာ၊ အခုဆိုရင် အသက် ၇၄ နှစ်ရှိပြီ၊ မိသားစုနဲ့ အေးအေးဆေးဆေးနေလို့ရရဲ့သားနဲ့ မြန်မာပြည်သူလူထုကို သူ့ပခုံးပေါ်တင်ပြီး သွားနေတာကို တစ်ချို့တလေတွေက ဘာလို့ဝေဖန်ပြစ်တင်နေ ကြသလဲ “ပို”အနေနဲ့တော့ မစဉ်းစားတတ်အောင်ပဲ၊ နောက်တစ်ခုက ကိုယ့်နိုင်ငံ ကိုစွပ်စွဲတဲ့ ရှေ့နေကိုပဲ ပြန်ငှားထားတယ်ဆိုတာ အမေက ဘာလုပ်မလဲဆိုတာကို အရမ်းစိတ်ဝင်စားမိတယ်၊ အမေစု အတွက်လည်း သီချင်းလေးတွေ စီစဉ်မယ်၊ ဘယ်သူတွေ ဘာပြောပြောနေ “ပို”ကတော့ ရှေ့ဆက်ပြီး ရပ်တည်သွားဖို့ အခိုင်အမာဆုံးဖြတ်ထားတယ်”လို့ တေးသံရှင် ပိုပိုက အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အနုပညာမောင်နှစ်မတွေရဲ့ ပူးပေါင်းပါဝင်လှူဒါန်းမှုတွေနဲ့ စောင်တွေ၊ အဝတ်အထည်တွေ၊ ဆန်တွေ၊ အခြေခံစားသောက်ကုန်တွေ၊ ငွေကြေးတွေကိုလည်း ဆင်ခြေဖုံးဒေသတွေဆီကို တေးသံရှင်ချယ်ရီသင်းနဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယခု ICJ မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ ကိစ္စကို တေးသံရှင် ပိုပိုက အရမ်းစိတ်ဝင်စားနေကြောင်း၊ ရှုံးသွားရင်ဘာဖြစ်မလဲဆိုတာလည်း စိတ်ပူမိပြီး နားလည်တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်တွေဆီမှာ သွားရောက်မေးမြန်းတာတွေရှိသလို သတင်းဌာနတွေရဲ့ Live သတင်းဖော်ပြမှုတွေ ကို စောင့်ကြည့်နေကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လာတဲ့အခါ သွားရောက် တွေ့ဆုံဖို့ ကိုလည်း ကြိုးပမ်းသွားမယ်လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် သူမအနေနဲ့ တေးအယ်လ်ဘမ်တစ်ခု စီစဉ်နေတာရှိတာကြောင့် လာမယ့်နှစ်ထဲ ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ တေးအယ်လ် ဘမ် မထွက်ခင်စပ်ကြား ကာလထဲမှာ ပရိသတ်တွေအတွက် Single Song တွေကို အွန်လိုင်းကနေ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း

(ဓာတ်ပုံ - ကိုနိုင်-NG) 

(  Zawgyi  )

 ပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္မႈကိုရရွိလာခဲ့တဲ့ ေတးသံရွင္ ပိုပိုဟာ ေရွ႕ဆက္ၿပီး အႏုပညာအလုပ္ေတြကို တစ္ဖက္ကလုပ္သလို ေဒၚေအာင္ဆန္းစုၾကည္ ဘက္က အားေပးရင္း ရပ္တည္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

“ဒီလိုေျပာတာဟာ ပါတီစြဲလို႔မဟုတ္ဘူး၊ ျမန္မာျပည္သူတစ္ေယာက္အေနနဲ႔ အေမစုကို ခ်စ္လို႔ အားေပးတာ၊ ဆက္ၿပီးလည္း အားေပးဖို႔ ဆုံးျဖတ္ထားတယ္၊ လာမယ့္ကာလေတြမွာလည္း ကိုယ့္တတ္စြမ္းတဲ့ အႏုပညာနဲ႔ ရပ္တည္အားေပးမယ္၊ အခုဆိုရင္ ၾကည့္ေလ တစ္ႏိုင္ငံလုံး အစား အေမစုအခုလိုရပ္တည္တာေတာင္ အေမရဲ႕သားသမီးေတြျဖစ္တဲ့ တစ္ခ်ိဳ႕သူေတြက ဘာလို႔ မရပ္တည္တာလဲ၊ အမွန္ဆိုရင္ အသက္ ၆၀ ေလာက္ဆိုရင္ သာမန္လူေတြအဖို႔ ေအးေဆးေနၿပီး အၿငိမ္းစားယူေနခ်ိန္မွာ ျမန္မာေတြအတြက္ ျမန္မာႏိုင္ငံအတြက္ အေမစုက ရင္ေကာ့ၿပီး သြားေနတာ၊ အခုဆိုရင္ အသက္ ၇၄ ႏွစ္ရွိၿပီ၊ မိသားစုနဲ႔ ေအးေအးေဆးေဆးေနလို႔ရရဲ႕သားနဲ႔ ျမန္မာျပည္သူလူထုကို သူ႔ပခုံးေပၚတင္ၿပီး သြားေနတာကို တစ္ခ်ိဳ႕တေလေတြက ဘာလို႔ေဝဖန္ျပစ္တင္ေန ၾကသလဲ “ပို”အေနနဲ႔ေတာ့ မစဥ္းစားတတ္ေအာင္ပဲ၊ ေနာက္တစ္ခုက ကိုယ့္ႏိုင္ငံ ကိုစြပ္စြဲတဲ့ ေရွ႕ေနကိုပဲ ျပန္ငွားထားတယ္ဆိုတာ အေမက ဘာလုပ္မလဲဆိုတာကို အရမ္းစိတ္ဝင္စားမိတယ္၊ အေမစု အတြက္လည္း သီခ်င္းေလးေတြ စီစဥ္မယ္၊ ဘယ္သူေတြ ဘာေျပာေျပာေန “ပို”ကေတာ့ ေရွ႕ဆက္ၿပီး ရပ္တည္သြားဖို႔ အခိုင္အမာဆုံးျဖတ္ထားတယ္”လို႔ ေတးသံရွင္ ပိုပိုက အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူမဟာ အႏုပညာေမာင္ႏွစ္မေတြရဲ႕ ပူးေပါင္းပါဝင္လႉဒါန္းမႈေတြနဲ႔ ေစာင္ေတြ၊ အဝတ္အထည္ေတြ၊ ဆန္ေတြ၊ အေျခခံစားေသာက္ကုန္ေတြ၊ ေငြေၾကးေတြကိုလည္း ဆင္ေျခဖုံးေဒသေတြဆီကို ေတးသံရွင္ခ်ယ္ရီသင္းနဲ႔အတူ သြားေရာက္လႉဒါန္းခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ယခု ICJ မွာ သြားေရာက္တရားရင္ဆိုင္ေနတဲ့ ကိစၥကို ေတးသံရွင္ ပိုပိုက အရမ္းစိတ္ဝင္စားေနေၾကာင္း၊ ရႈံးသြားရင္ဘာျဖစ္မလဲဆိုတာလည္း စိတ္ပူမိၿပီး နားလည္တတ္ကြၽမ္းတဲ့ ဥပေဒပညာရွင္ေတြဆီမွာ သြားေရာက္ေမးျမန္းတာေတြရွိသလို သတင္းဌာနေတြရဲ႕ Live သတင္းေဖာ္ျပမႈေတြ ကို ေစာင့္ၾကည့္ေနေၾကာင္း၊ ျမန္မာႏိုင္ငံသို႔ ျပန္လာတဲ့အခါ သြားေရာက္ ေတြ႕ဆုံဖို႔ ကိုလည္း ႀကိဳးပမ္းသြားမယ္လို႔ သူမက ဆိုပါတယ္။

ဒါ့အျပင္ သူမအေနနဲ႔ ေတးအယ္လ္ဘမ္တစ္ခု စီစဥ္ေနတာရွိတာေၾကာင့္ လာမယ့္ႏွစ္ထဲ ျဖန႔္ခ်ိႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း၊ ေတးအယ္လ္ ဘမ္ မထြက္ခင္စပ္ၾကား ကာလထဲမွာ ပရိသတ္ေတြအတြက္ Single Song ေတြကို အြန္လိုင္းကေန ျဖန႔္ခ်ိဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း

(ဓာတ္ပုံ - ကိုႏိုင္-NG)