အရင်အမှားတွေလို ထပ်မမှားဖို့ကြိုးစားနေတဲ့ အဆိုတော် မိုးမိုး

အရင်အမှားတွေလို ထပ်မမှားဖို့ကြိုးစားနေတဲ့ အဆိုတော် မိုးမိုး

အရင်အတိတ်ကာလက အမှားတွေအများကြီးလုပ်ခဲ့ရတာကြောင့် အခုကာလမှာ အဲ့ဒီလိုအမှားတွေ ထပ်မဖြစ်ဖို့ ကြိုးစားနေတယ်လို့ တေးသံရှင် မိုးမိုးက ပြောလာပါတယ်။ “အရင်တုန်းက ကျွန်တော်အမှားတွေအများကြီးလုပ်ခဲ့တယ်၊ အားလုံးလည်း သိပြီးသားပါ၊ အဲ့ဒီအတွက် သက်ဆိုင်သူတွေရော၊

ပရိသတ်ကိုရော တောင်းပန်ပါတယ်၊ ထပ်ပြီးမမှားဖို့ ကြိုးစားနေတယ်၊ တကယ်လည်း အမှန်တရားနဲ့ လမ်းဆက်လျှောက်ဖို့ အမှန်တရားနဲ့နေထိုင်ဖို့ ဖြစ်လာပါတယ်”လို့ သူကပြောပါတယ်။

ယခုအခါ သရုပ်ဆောင် ကျော်ကျော်ဗို ပါဝင်သရုပ်ဆောင်ထားတဲ့ “ဆလိမ်” ဆိုတဲ့ ဇာတ်လမ်း တွဲမှာ နောက်ခံ တေးသီချင်းအတွက် လုပ်ကိုင်နေကြောင်း၊ ဇာတ်လမ်းတွဲတစ်ခုလုံးကို ခြုံငုံအောင်ရေးဖွဲ့ ရပေမယ့် လုပ်ကိုင်ရတဲ့ အချိန်ကာလ တိုတောင်းတာကြောင့် ခက်ခဲစွာကြိုးပမ်းရေးဖွဲ့နေရကြောင်း၊ တစ်ကိုယ်တော် အတွက်လည်း ကိုယ်ပိုင်တေးသီချင်းများကို လုပ်ကိုင်နေဆဲဖြစ်ပြီး ၂၀၁၈ အကုန်၊ ၂၀၁၉ ထဲလောက်မှာ Natural ကြိုးပမ်းထားမှုတွေကို ပရိသတ်တွေရဲ့ ကြားမှာ ချပြနိုင်ဖို့ လုပ်ကိုင်နေကြောင်း သိရပါတယ်။

“ကျွန်တော့်ရဲ့ Natural ကြိုးပမ်းမှုတွေကို ပရိတ်သတ်တွေဆီပေးမှာပါ၊ လောလောဆယ်တော့ သီချင်း တွေ လုပ်ဆဲပါပဲ၊ စိုင်းစိုင်း၊ ဖြိုးကြီး၊ ဖြိုးလေး တို့နဲ့လည်း တွဲလုပ်နေတာတွေ ရှိပါတယ်၊ တခြားသူတွေ အတွက် လည်း သီချင်းရေးပေးနေပါတယ်”လို့လည်း တေးသံရှင် မိုးမိုးက ပြောပါတယ်။

ဒါ့အပြင် စိတ်ဓာတ် ကျတယ်ဆိုတဲ့ အရာကလည်း မကောင်းတဲ့အရာဖြစ်တယ်လို့ ဆိုကာ သူကိုယ်တိုင်စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ကြိုးပမ်းနေပြီး စိတ်ဓာတ်ကျလာပါက အလုပ်ကိုဖိလုပ်နေတယ်လို့ သိရပါတယ်။

“တကယ်တော့ စိတ်ဓာတ်ကျတယ်ဆိုတာ မကောင်းတဲ့အရာပါ၊ ကျွန်တော် ဆေးလိပ်မသောက်တာ တစ်နှစ်ခွဲ၊ အရက်မသောက်တာ သုံးနှစ်လောက်ရှိပြီ၊ ဘုရားလှူထားတယ်ပေါ့၊ အဲ့ဒီလိုပဲ စိတ်ဓာတ် ကျတာကိုလည်း ဘုရားလှူထားတယ်၊ အဲ့ဒီအတွက်လည်း စိတ်ဓာတ်ကျတာမရှိဘူးလို့ ကိုယ့်ကိုယ် ကိုခံယူတယ်၊ စိတ်ဓာတ် ကျလာရင် အရက်ပြန်သောက်ချင်စိတ်ဖြစ်မိတယ်၊ ဒါပေမဲ့ မသောက်ဘူး ကွာလို့ပေါ့၊ အစပိုင်းကတော့ ကျွန်တော့်အတွက် ခက်ခဲပါတယ်၊ အလုပ်ကိုဖိပြီး လုပ်ရတာပေါ့၊ အဲ့ဒါကြောင့်လည်း စိတ်ဓာတ်ကျစရာ ရှိရင် အလုပ်ကို ဖိလုပ်တယ်၊ ကိုယ့်ကိုယ်ကိုကောင်းအောင် အမှန်တရားအနေနဲ့ဖြစ်အောင် အမှားတွေ မလုပ်မိအောင် ကြိုးပမ်းနေတယ်”လို့ သူက ဆက်ပြောပြပါတယ်။

လတ်တလောမှာ ရုပ်ရှင်ကိစ္စတွေနဲ့ ရှုပ်နေသေးတာ ဖြစ်တဲ့အတွက် ရုပ်ရှင်ကိစ္စပြီးတဲ့ အချိန်တေး သီချင်းကိစ္စကို အားထည့်လုပ်ကိုင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ စက်တင်ဘာ ၁၇  

 

(    Zawgyi  ) 

အရင္အတိတ္ကာလက အမွားေတြအမ်ားႀကီးလုပ္ခဲ့ရတာေၾကာင့္ အခုကာလမွာ အဲ့ဒီလိုအမွားေတြ ထပ္မျဖစ္ဖို႔ ႀကိဳးစားေနတယ္လို႔ ေတးသံရွင္ မိုးမိုးက ေျပာလာပါတယ္။ “အရင္တုန္းက ကြၽန္ေတာ္အမွားေတြအမ်ားႀကီးလုပ္ခဲ့တယ္၊ အားလုံးလည္း သိၿပီးသားပါ၊ အဲ့ဒီအတြက္ သက္ဆိုင္သူေတြေရာ၊

ပရိသတ္ကိုေရာ ေတာင္းပန္ပါတယ္၊ ထပ္ၿပီးမမွားဖို႔ ႀကိဳးစားေနတယ္၊ တကယ္လည္း အမွန္တရားနဲ႔ လမ္းဆက္ေလွ်ာက္ဖို႔ အမွန္တရားနဲ႔ေနထိုင္ဖို႔ ျဖစ္လာပါတယ္”လို႔ သူကေျပာပါတယ္။

ယခုအခါ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ဗို ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ဆလိမ္” ဆိုတဲ့ ဇာတ္လမ္း တြဲမွာ ေနာက္ခံ ေတးသီခ်င္းအတြက္ လုပ္ကိုင္ေနေၾကာင္း၊ ဇာတ္လမ္းတြဲတစ္ခုလုံးကို ၿခဳံငုံေအာင္ေရးဖြဲ႕ ရေပမယ့္ လုပ္ကိုင္ရတဲ့ အခ်ိန္ကာလ တိုေတာင္းတာေၾကာင့္ ခက္ခဲစြာႀကိဳးပမ္းေရးဖြဲ႕ေနရေၾကာင္း၊ တစ္ကိုယ္ေတာ္ အတြက္လည္း ကိုယ္ပိုင္ေတးသီခ်င္းမ်ားကို လုပ္ကိုင္ေနဆဲျဖစ္ၿပီး ၂၀၁၈ အကုန္၊ ၂၀၁၉ ထဲေလာက္မွာ Natural ႀကိဳးပမ္းထားမႈေတြကို ပရိသတ္ေတြရဲ႕ ၾကားမွာ ခ်ျပႏိုင္ဖို႔ လုပ္ကိုင္ေနေၾကာင္း သိရပါတယ္။

“ကြၽန္ေတာ့္ရဲ႕ Natural ႀကိဳးပမ္းမႈေတြကို ပရိတ္သတ္ေတြဆီေပးမွာပါ၊ ေလာေလာဆယ္ေတာ့ သီခ်င္း ေတြ လုပ္ဆဲပါပဲ၊ စိုင္းစိုင္း၊ ၿဖိဳးႀကီး၊ ၿဖိဳးေလး တို႔နဲ႔လည္း တြဲလုပ္ေနတာေတြ ရွိပါတယ္၊ တျခားသူေတြ အတြက္ လည္း သီခ်င္းေရးေပးေနပါတယ္”လို႔လည္း ေတးသံရွင္ မိုးမိုးက ေျပာပါတယ္။

ဒါ့အျပင္ စိတ္ဓာတ္ က်တယ္ဆိုတဲ့ အရာကလည္း မေကာင္းတဲ့အရာျဖစ္တယ္လို႔ ဆိုကာ သူကိုယ္တိုင္စိတ္ဓာတ္က်တာမ်ိဳးမျဖစ္ေအာင္ ႀကိဳးပမ္းေနၿပီး စိတ္ဓာတ္က်လာပါက အလုပ္ကိုဖိလုပ္ေနတယ္လို႔ သိရပါတယ္။

“တကယ္ေတာ့ စိတ္ဓာတ္က်တယ္ဆိုတာ မေကာင္းတဲ့အရာပါ၊ ကြၽန္ေတာ္ ေဆးလိပ္မေသာက္တာ တစ္ႏွစ္ခြဲ၊ အရက္မေသာက္တာ သုံးႏွစ္ေလာက္ရွိၿပီ၊ ဘုရားလႉထားတယ္ေပါ့၊ အဲ့ဒီလိုပဲ စိတ္ဓာတ္ က်တာကိုလည္း ဘုရားလႉထားတယ္၊ အဲ့ဒီအတြက္လည္း စိတ္ဓာတ္က်တာမရွိဘူးလို႔ ကိုယ့္ကိုယ္ ကိုခံယူတယ္၊ စိတ္ဓာတ္ က်လာရင္ အရက္ျပန္ေသာက္ခ်င္စိတ္ျဖစ္မိတယ္၊ ဒါေပမဲ့ မေသာက္ဘူး ကြာလို႔ေပါ့၊ အစပိုင္းကေတာ့ ကြၽန္ေတာ့္အတြက္ ခက္ခဲပါတယ္၊ အလုပ္ကိုဖိၿပီး လုပ္ရတာေပါ့၊ အဲ့ဒါေၾကာင့္လည္း စိတ္ဓာတ္က်စရာ ရွိရင္ အလုပ္ကို ဖိလုပ္တယ္၊ ကိုယ့္ကိုယ္ကိုေကာင္းေအာင္ အမွန္တရားအေနနဲ႔ျဖစ္ေအာင္ အမွားေတြ မလုပ္မိေအာင္ ႀကိဳးပမ္းေနတယ္”လို႔ သူက ဆက္ေျပာျပပါတယ္။

လတ္တေလာမွာ ႐ုပ္ရွင္ကိစၥေတြနဲ႔ ရႈပ္ေနေသးတာ ျဖစ္တဲ့အတြက္ ႐ုပ္ရွင္ကိစၥၿပီးတဲ့ အခ်ိန္ေတး သီခ်င္းကိစၥကို အားထည့္လုပ္ကိုင္သြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ စက္တင္ဘာ ၁၇