အလင်းနှစ် သန်း ၃၀၀၀ အကွာရှိ ကြယ်စုမှ ဂြိုဟ်သားအချက်ပြကို အေအိုင်နည်းပညာဖြင့် ထောက်လှမ်းတွေ့ရှိ

အလင်းနှစ် သန်း ၃၀၀၀ အကွာရှိ ကြယ်စုမှ ဂြိုဟ်သားအချက်ပြကို အေအိုင်နည်းပညာဖြင့် ထောက်လှမ်းတွေ့ရှိ

အခြားသော ကြယ်စုတစ်ခုမှ ထူးဆန်းတဲ့ အချက်ပြ ၇၂ ခုကို ဉာဏ်ရည်တု အေအိုင်နည်းပညာနဲ့ ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ကမ္ဘာခြားသက်ရှိတွေကို ရှာဖွေနေတဲ့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

SETI လို့ ခေါ်တဲ့ ကမ္ဘာခြားသက်ရှိရှာဖွေမှု အင်စတီကျုမှ သုတေသီတွေဟာ ကမ္ဘာဂြိုဟ်မှ အလင်းနှစ် သန်း ၃၀၀၀ ကွာဝေးတဲ့ ကြယ်စုတစ်ခုမှ ရေဒီယိုဒေတာ ၄၀၀ တယ်ရာဘိုက်ခန့်ကို စစ်ဆေးကြည့်တဲ့အခါမှာ သမရိုးကျမဟုတ်တဲ့ အချက်ပြတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဉာဏ်ရည်တုနည်းပညာ အားလုံးမှာက ဒေတာတွေကို အလိုအလျောက် သရုပ်ခွဲပြီး ပုံစံတွေ (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေကို ခွဲခြားဖော်ထုတ်မှုတွေကိုလည်း လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။သူတို့တွေ့ရှိလိုက်တဲ့ အချက်ပြတွေဟာ FRBs လို့ ခေါ်တဲ့ မြန်ဆန်တဲ့ ရေဒီယိုပေါက်ကွဲမှုတွေဖြစ်ပြီး ဒီတောက်ပမြန်ဆန်တဲ့ တုန်ခါမှုကို ပထမဦးစွာ ၂၀၀၇ ခုနှစ်က တွေ့ရှိခဲ့တာဖြစ်ပြီး ဝေးလှမ်းတဲ့ ကြယ်စုတွေဆီက လာတယ်လို့ ယူဆရပေမယ့်လည်း ဘာက ဒီအချက်ပြတွေကို ဖြစ်ပွားစေသလဲ ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒီအချက်ပြတွေကို ထုတ်လွှတ်နေတဲ့ ရုပ်ဝတ္ထုရဲ့ သဘောသဘာဝကို မသိသေးပါဘူး။သီအိုရီအများအပြားရှိရာမှာ ဒီအချက်ပြတွေဟာ ကမ္ဘာခြားသက်ရှိတွေက တီထွင်လိုက်တဲ့ နည်းပညာ သင်္ကေတလည်း ဖြစ်နေနိုင်ပါတယ်” လို့ SETI က ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီ FRBs တွေဟာ ကမ္ဘာ့ယဉ်ကျေးမှုတွေက ကြယ်စုတွေကြား ခရီးသွားတဲ့ ဧရာမအလင်းရွက်လွှင့် သင်္ဘောကြီးတွေကို စေလွှတ်ဖို့ တည်ဆောက်ထားတဲ့ စွမ်းအားကြီးတဲ့ လှိုင်းထုတ်စက်တွေက ဖိတ်စင်လာတဲ့ စွမ်းအင်တွေကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။

အလင်းရွက်လွှင့်တယ် ဆိုတာကတော့ အလင်းက စိုက်ထုတ်လိုက်တဲ့ အင်မတန်သေးငယ်တဲ့ ဖိအားပမာဏက သေးငယ်ပေမယ့်လည်း ပုံသေဖြစ်တဲ့အရှိန်ကို ထုတ်လုပ်ပေးရာက အာကာသယာဉ်ဟာ ဧရာမအမြန်နှုန်းကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

AI Tech
Ref : Sky News
စက်တင်ဘာ - ၁၇

( Zawgyi )

အျခားေသာ ၾကယ္စုတစ္ခုမွ ထူးဆန္းတဲ့ အခ်က္ျပ ၇၂ ခုကို ဉာဏ္ရည္တု ေအအိုင္နည္းပညာနဲ႔ ေထာက္လွမ္းေတြ႕ရွိခဲ့တယ္လို႔ ကမာၻျခားသက္ရွိေတြကို ရွာေဖြေနတဲ့ သိပၸံပညာရွင္ေတြက ေျပာၾကားလိုက္ပါတယ္။

SETI လို႔ ေခၚတဲ့ ကမာၻျခားသက္ရွိရွာေဖြမႈ အင္စတီက်ဳမွ သုေတသီေတြဟာ ကမာၻၿဂိဳဟ္မွ အလင္းႏွစ္ သန္း ၃၀၀၀ ကြာေဝးတဲ့ ၾကယ္စုတစ္ခုမွ ေရဒီယိုေဒတာ ၄၀၀ တယ္ရာဘိုက္ခန႔္ကို စစ္ေဆးၾကည့္တဲ့အခါမွာ သမ႐ိုးက်မဟုတ္တဲ့ အခ်က္ျပေတြကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ဉာဏ္ရည္တုနည္းပညာ အားလုံးမွာက ေဒတာေတြကို အလိုအေလ်ာက္ သ႐ုပ္ခြဲၿပီး ပုံစံေတြ (သို႔မဟုတ္) ပုံမွန္မဟုတ္တဲ့ ျဖစ္ရပ္ေတြကို ခြဲျခားေဖာ္ထုတ္မႈေတြကိုလည္း လုပ္ေဆာင္ႏိုင္တယ္လို႔ ဆိုပါတယ္။သူတို႔ေတြ႕ရွိလိုက္တဲ့ အခ်က္ျပေတြဟာ FRBs လို႔ ေခၚတဲ့ ျမန္ဆန္တဲ့ ေရဒီယိုေပါက္ကြဲမႈေတြျဖစ္ၿပီး ဒီေတာက္ပျမန္ဆန္တဲ့ တုန္ခါမႈကို ပထမဦးစြာ ၂၀၀၇ ခုႏွစ္က ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေဝးလွမ္းတဲ့ ၾကယ္စုေတြဆီက လာတယ္လို႔ ယူဆရေပမယ့္လည္း ဘာက ဒီအခ်က္ျပေတြကို ျဖစ္ပြားေစသလဲ ဆိုတာကိုေတာ့ မသိႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

“ဒီအခ်က္ျပေတြကို ထုတ္လႊတ္ေနတဲ့ ႐ုပ္ဝတၳဳရဲ႕ သေဘာသဘာဝကို မသိေသးပါဘူး။သီအိုရီအမ်ားအျပားရွိရာမွာ ဒီအခ်က္ျပေတြဟာ ကမာၻျခားသက္ရွိေတြက တီထြင္လိုက္တဲ့ နည္းပညာ သေကၤတလည္း ျဖစ္ေနႏိုင္ပါတယ္” လို႔ SETI က ေျပာၾကားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ ဟားဗတ္တကၠသိုလ္က သိပၸံပညာရွင္ေတြက ဒီ FRBs ေတြဟာ ကမာၻ႔ယဥ္ေက်းမႈေတြက ၾကယ္စုေတြၾကား ခရီးသြားတဲ့ ဧရာမအလင္း႐ြက္လႊင့္ သေဘၤာႀကီးေတြကို ေစလႊတ္ဖို႔ တည္ေဆာက္ထားတဲ့ စြမ္းအားႀကီးတဲ့ လႈိင္းထုတ္စက္ေတြက ဖိတ္စင္လာတဲ့ စြမ္းအင္ေတြေၾကာင့္ ျဖစ္ဖြယ္ရွိတယ္လို႔ ေျပာၾကားခဲ့ၾကပါတယ္။

အလင္း႐ြက္လႊင့္တယ္ ဆိုတာကေတာ့ အလင္းက စိုက္ထုတ္လိုက္တဲ့ အင္မတန္ေသးငယ္တဲ့ ဖိအားပမာဏက ေသးငယ္ေပမယ့္လည္း ပုံေသျဖစ္တဲ့အရွိန္ကို ထုတ္လုပ္ေပးရာက အာကာသယာဥ္ဟာ ဧရာမအျမန္ႏႈန္းကို ေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။

AI Tech
Ref : Sky News
စက္တင္ဘာ - ၁၇