အလှဖန်တီးရှင်လေးဦးကို ပွဲထုတ်ထားသော ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကား သြဂုတ်နောက်ဆုံးပတ် ရုံတင်မည်

အလှဖန်တီးရှင်လေးဦးကို ပွဲထုတ်ထားသော ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကား သြဂုတ်နောက်ဆုံးပတ် ရုံတင်မည်

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာတော့ ပထမဆုံးအကြိမ်အဖြစ် အလှဖန်တီးရှင်လေးဦးကို ပွဲထုတ်ကာ စင်တင်ရိုက်ကူးပေးထားသော “ကျားကျားကြိုက်ကြိုက်”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ယခုသြဂုတ်လ ၂၉ ရက်က စတင်ပြီး မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါဇာတ်ကားမှာ မင်းမော်ကွန်း၊ မြင့်မြတ်၊ ခင်စန်းဝင်း၊ သုသု၊ လင်းလင်း၊ မထက်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကေညီ၊ အုန်းသီး၊ ချက်ကြီး၊ ဖိုးသဲ တို့ပါဝင်ထားကြပြီး ဧည့်သည်သရုပ်ဆောင်အဖြစ် ထက်ထက်ထွန်း နဲ့ ရွှေရင်အေး တို့က ပါဝင်သရုပ်ဆောင်ထားကြကြောင်း၊ ပြည်ဟိန်းသီဟနဲ့ ဒီဒီထက်အောင်တို့က ဇာတ်ညွှန်းရေးသားထားကြသလို ဒါရိုက်တာပြည်ဟိန်းသီဟက ရိုက်ကူးဖန်တီးထားပြီး Half & Half Film Production က ထုတ်လုပ်မှာဖြစ်ပါတယ်။ “ဒီဇာတ်ကားလေးက ဟာသဇာတ်ကားလေး ဖြစ်ပါတယ်၊ ရည်းစားနဲ့ပြတ်လို့ အသည်းကွဲပြီး ခရီးထွက်တဲ့လူ၊ ရည်းစားနဲ့ချိန်းထားလို့ ခရီးထွက်တဲ့လူ၊ အမွေရဖို့အကြံနဲ့ မောင်နှစ်မလိုလို ညီအကိုလို လူနှစ်ယောက်၊ အလုပ်လုပ်ရင်း အပျော်ခရီးထွက်တဲ့ လူသုံးယောက်၊ သူတို့အားလုံးဟာ ကားတစ်စီးထဲ အတူတူစီးမိကြတဲ့ အချိန်မှာတော့ ဘယ်လိုတွေဖြစ်လာသလဲဆိုတာ ကြည့်ရှုပါလို့၊ ပရိသတ်တွေ အနေနဲ့လည်း ကြိုက်မယ့်ဇာတ်ကားပါ၊ တကယ်လည်း ရယ်မောရပါလိမ့်မယ်”လို့ ဒါရိုက်တာဖြစ်သူ ပြည်ဟိန်းသီဟ က ရှင်းပြပါတယ်။

ထိုဇာတ်ကားအတွက် Red Carpet Show အဖြစ် Junction(JCVG) မှာ သြဂုတ် ၁၈ ရက် ညက ကျင်းပခဲ့တဲ့အခါ ဇာတ်ကားထဲမှာပါဝင်သူတွေနဲ့ အနုပညာနယ်ပယ်က အခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ "ရိုက်ထားတာကောင်းချင်တယ်၊ ပေါက်လည်း ပေါက်ချင်တယ်၊ ဘုရားစာတွေရွတ် ဖင်ဘူးတောင်းထောင်ပြီး ဘုရားရှိခိုးလိုက်ရတာ အမောပေါ့၊ ဒီကားထဲမှာ သုသုအနေနဲ့ အကောင်းဆုံးတော့လုပ်ထားတယ်”လို့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။ ထိုဇာတ်ကားထဲမှာ ဟာသလေးတွေနဲ့ ရိုက်ထားတာဖြစ်သလို ဆင်ဆာဖြတ်ခံရမယ်လို့ ထင်တဲ့အပိုင်းတွေလည်း မဖြတ်ခံရတဲ့အတွက် အံ့သြမိတယ်လို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မိတ်ကပ်ဖန်တီးရှင်တွေဆီက သိရပါတယ်။

မင်းခေတ်လင်း  
ရန်ကုန်၊ သြဂုတ် ၁၉

(  Zawgyi  )

 ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္သမိုင္းမွာေတာ့ ပထမဆုံးအႀကိမ္အျဖစ္ အလွဖန္တီးရွင္ေလးဦးကို ပြဲထုတ္ကာ စင္တင္႐ိုက္ကူးေပးထားေသာ “က်ားက်ားႀကိဳက္ႀကိဳက္”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ယခုၾသဂုတ္လ ၂၉ ရက္က စတင္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါဇာတ္ကားမွာ မင္းေမာ္ကြန္း၊ ျမင့္ျမတ္၊ ခင္စန္းဝင္း၊ သုသု၊ လင္းလင္း၊ မထက္၊ တကၠသိုလ္ဂြမ္းပုံ၊ ေကညီ၊ အုန္းသီး၊ ခ်က္ႀကီး၊ ဖိုးသဲ တို႔ပါဝင္ထားၾကၿပီး ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ထက္ထက္ထြန္း နဲ႔ ေ႐ႊရင္ေအး တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကေၾကာင္း၊ ျပည္ဟိန္းသီဟနဲ႔ ဒီဒီထက္ေအာင္တို႔က ဇာတ္ၫႊန္းေရးသားထားၾကသလို ဒါ႐ိုက္တာျပည္ဟိန္းသီဟက ႐ိုက္ကူးဖန္တီးထားၿပီး Half & Half Film Production က ထုတ္လုပ္မွာျဖစ္ပါတယ္။ “ဒီဇာတ္ကားေလးက ဟာသဇာတ္ကားေလး ျဖစ္ပါတယ္၊ ရည္းစားနဲ႔ျပတ္လို႔ အသည္းကြဲၿပီး ခရီးထြက္တဲ့လူ၊ ရည္းစားနဲ႔ခ်ိန္းထားလို႔ ခရီးထြက္တဲ့လူ၊ အေမြရဖို႔အႀကံနဲ႔ ေမာင္ႏွစ္မလိုလို ညီအကိုလို လူႏွစ္ေယာက္၊ အလုပ္လုပ္ရင္း အေပ်ာ္ခရီးထြက္တဲ့ လူသုံးေယာက္၊ သူတို႔အားလုံးဟာ ကားတစ္စီးထဲ အတူတူစီးမိၾကတဲ့ အခ်ိန္မွာေတာ့ ဘယ္လိုေတြျဖစ္လာသလဲဆိုတာ ၾကည့္ရႈပါလို႔၊ ပရိသတ္ေတြ အေနနဲ႔လည္း ႀကိဳက္မယ့္ဇာတ္ကားပါ၊ တကယ္လည္း ရယ္ေမာရပါလိမ့္မယ္”လို႔ ဒါ႐ိုက္တာျဖစ္သူ ျပည္ဟိန္းသီဟ က ရွင္းျပပါတယ္။

ထိုဇာတ္ကားအတြက္ Red Carpet Show အျဖစ္ Junction(JCVG) မွာ ၾသဂုတ္ ၁၈ ရက္ ညက က်င္းပခဲ့တဲ့အခါ ဇာတ္ကားထဲမွာပါဝင္သူေတြနဲ႔ အႏုပညာနယ္ပယ္က အျခားဖိတ္ၾကားထားသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ "႐ိုက္ထားတာေကာင္းခ်င္တယ္၊ ေပါက္လည္း ေပါက္ခ်င္တယ္၊ ဘုရားစာေတြ႐ြတ္ ဖင္ဘူးေတာင္းေထာင္ၿပီး ဘုရားရွိခိုးလိုက္ရတာ အေမာေပါ့၊ ဒီကားထဲမွာ သုသုအေနနဲ႔ အေကာင္းဆုံးေတာ့လုပ္ထားတယ္”လို႔ မိတ္ကပ္ ညီညီေမာင္(စမ္းေခ်ာင္း)က ေျပာပါတယ္။ ထိုဇာတ္ကားထဲမွာ ဟာသေလးေတြနဲ႔ ႐ိုက္ထားတာျဖစ္သလို ဆင္ဆာျဖတ္ခံရမယ္လို႔ ထင္တဲ့အပိုင္းေတြလည္း မျဖတ္ခံရတဲ့အတြက္ အံ့ၾသမိတယ္လို႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ မိတ္ကပ္ဖန္တီးရွင္ေတြဆီက သိရပါတယ္။

မင္းေခတ္လင္း  
ရန္ကုန္၊ ၾသဂုတ္ ၁၉