အားထည့်ပြီး ကြိုးစားထားတဲ့ ရုပ်ရှင်ဇာတ်ကားရုံတင်မယ့်အတွက် ကျေနပ်နေတဲ့ သရုပ်ဆောင် ထွန်းထွန်း (Examplez)

အားထည့်ပြီး ကြိုးစားထားတဲ့ ရုပ်ရှင်ဇာတ်ကားရုံတင်မယ့်အတွက် ကျေနပ်နေတဲ့ သရုပ်ဆောင် ထွန်းထွန်း (Examplez)

သူ့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အချိန်ယူလုပ်ဆောင်ပြီး အားထည့်ကာ ကြိုးစားသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ရုံတင်မှာဖြစ်တဲ့အတွက် ကျေနပ်စရာအခြေအနေမျိုးဖြစ်နေတယ်လို့ သရုပ်ဆောင် ထွန်းထွန်း (Examplez)က ပြောပါတယ်။ယခု ၂၀၁၉ ခုနှစ်ထဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း သုံးကားရုံတင်မှာဖြစ်သလို ယင်းအနက်က ကြိုတင်ပြင်ဆင် တာတွေ ကို လုပ်ဆောင်ထားတဲ့ “ပပဝတီစီရင်ခန်း”ရုပ်ရှင်ဇာတ်ကားလည်း တစ်ခု အပါအဝင်ဖြစ်ခဲ့ပါတယ်။

 “ဒီကားကို ကျွန်တော် အများကြီးပြင်ဆင်ထားခဲ့ပါတယ်၊ မရိုက်ခင်ကာလ မှာလည်း တော်တော်လေးကိုအချိန်ယူခဲ့ပြီးတော့ ရိုက်တဲ့အခါမှာလည်း အများကြီးကြိုးစားထားပါတယ်၊ ဒီနှစ်ထဲမှာ ကျွန်တော့်ကား သုံးကားရှိမယ်၊ အဲ့ဒီသုံးကားစလုံးက တစ်ခုနဲ့တစ်ခုက သရုပ်ဆောင်ထားတဲ့ ကာရိုက်တာချင်းတော့ မတူဘူး၊ ပရိသတ်တွေအနေနဲ့ ခပ်မိုက်မိုက်အနေနဲ့ မြင်ရမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ထွန်းထွန်း (Examplez)က ရှင်းပြပါတယ်။

ထို “ပပဝတီစီရင်ခန်း”ရုပ်ရှင်ဇာတ်ကားဟာ လာမယ့် အောက်တိုဘာ ၁၀ ရက်မှာ ရုံတင်ပြသမှာဖြစ်သလို သရုပ်ဆောင် ထွန်းထွန်း (Examplez) နဲ့အတူ မိုးဟေကို၊ အယ်နောင်း အစရှိတဲ့သရုပ်ဆောင်တွေ ပါဝင်မှာ ဖြစ်ပြီး မင်းသမီးနှစ်ယောက်အားပြိုင်မယ့် ဇာတ်မျိုးလည်းဖြစ်ပါတယ်။ “ဒီလိုအားပြိုင်တဲ့ကားက တော်တော် ရှားတာပါ၊ ရုံတင်ရင်တော့ ပရိသတ်တွေအနေနဲ့ အားပေးကြပါနော်၊ ကျွန်တော့်အနေနဲ့လည်း အများကြီး ကြိုးစားထားတယ်၊ တော်တော်လေးလည်း အချိန်ယူပြီး စိတ်တိုင်းလည်းကျတယ်၊ အားလည်းရတဲ့ ဇာတ်ကားလေးပါ”လို့ သူက ရှင်းပြပါတယ်။ယခု ၂၀၁၉ ခုနှစ်ထဲမှာ အဆိုပါ ပပဝတီစီရင်ခန်း အပါအဝင် တန်ဖိုး၊ ရှေ့သွားနောက်လိုက် စတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရုံတင်မှာဖြစ်သလို “တန်ဖိုး”နဲ့ “ရှေ့သွားနောက်လိုက်” လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ယခု စက်တင်ဘာလထဲ ရုံတင်ပြသမယ့် ဇာတ်ကားတွေလည်းဖြစ် တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ လုပ်ဆောင်နေတာတွေရှိသလို လက်ရှိမှာတော့ သူဟာ အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ ၂

(  Zawgyi  )

 သူ႔အေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြကို အခ်ိန္ယူလုပ္ေဆာင္ၿပီး အားထည့္ကာ ႀကိဳးစားသ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကား တစ္ကား ႐ုံတင္မွာျဖစ္တဲ့အတြက္ ေက်နပ္စရာအေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez)က ေျပာပါတယ္။ယခု ၂၀၁၉ ခုႏွစ္ထဲမွာ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္း သုံးကား႐ုံတင္မွာျဖစ္သလို ယင္းအနက္က ႀကိဳတင္ျပင္ဆင္ တာေတြ ကို လုပ္ေဆာင္ထားတဲ့ “ပပဝတီစီရင္ခန္း”႐ုပ္ရွင္ဇာတ္ကားလည္း တစ္ခု အပါအဝင္ျဖစ္ခဲ့ပါတယ္။

 “ဒီကားကို ကြၽန္ေတာ္ အမ်ားႀကီးျပင္ဆင္ထားခဲ့ပါတယ္၊ မ႐ိုက္ခင္ကာလ မွာလည္း ေတာ္ေတာ္ေလးကိုအခ်ိန္ယူခဲ့ၿပီးေတာ့ ႐ိုက္တဲ့အခါမွာလည္း အမ်ားႀကီးႀကိဳးစားထားပါတယ္၊ ဒီႏွစ္ထဲမွာ ကြၽန္ေတာ့္ကား သုံးကားရွိမယ္၊ အဲ့ဒီသုံးကားစလုံးက တစ္ခုနဲ႔တစ္ခုက သ႐ုပ္ေဆာင္ထားတဲ့ ကာ႐ိုက္တာခ်င္းေတာ့ မတူဘူး၊ ပရိသတ္ေတြအေနနဲ႔ ခပ္မိုက္မိုက္အေနနဲ႔ ျမင္ရမွာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez)က ရွင္းျပပါတယ္။

ထို “ပပဝတီစီရင္ခန္း”႐ုပ္ရွင္ဇာတ္ကားဟာ လာမယ့္ ေအာက္တိုဘာ ၁၀ ရက္မွာ ႐ုံတင္ျပသမွာျဖစ္သလို သ႐ုပ္ေဆာင္ ထြန္းထြန္း (Examplez) နဲ႔အတူ မိုးေဟကို၊ အယ္ေနာင္း အစရွိတဲ့သ႐ုပ္ေဆာင္ေတြ ပါဝင္မွာ ျဖစ္ၿပီး မင္းသမီးႏွစ္ေယာက္အားၿပိဳင္မယ့္ ဇာတ္မ်ိဳးလည္းျဖစ္ပါတယ္။ “ဒီလိုအားၿပိဳင္တဲ့ကားက ေတာ္ေတာ္ ရွားတာပါ၊ ႐ုံတင္ရင္ေတာ့ ပရိသတ္ေတြအေနနဲ႔ အားေပးၾကပါေနာ္၊ ကြၽန္ေတာ့္အေနနဲ႔လည္း အမ်ားႀကီး ႀကိဳးစားထားတယ္၊ ေတာ္ေတာ္ေလးလည္း အခ်ိန္ယူၿပီး စိတ္တိုင္းလည္းက်တယ္၊ အားလည္းရတဲ့ ဇာတ္ကားေလးပါ”လို႔ သူက ရွင္းျပပါတယ္။ယခု ၂၀၁၉ ခုႏွစ္ထဲမွာ အဆိုပါ ပပဝတီစီရင္ခန္း အပါအဝင္ တန္ဖိုး၊ ေရွ႕သြားေနာက္လိုက္ စတဲ့ ႐ုပ္ရွင္ ဇာတ္ကားေတြ ႐ုံတင္မွာျဖစ္သလို “တန္ဖိုး”နဲ႔ “ေရွ႕သြားေနာက္လိုက္” လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြဟာ ယခု စက္တင္ဘာလထဲ ႐ုံတင္ျပသမယ့္ ဇာတ္ကားေတြလည္းျဖစ္ တယ္လို႔ သိရပါတယ္။

ဆက္လက္ၿပီးေတာ့လည္း ႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္ကူးဖို႔ လုပ္ေဆာင္ေနတာေတြရွိသလို လက္ရွိမွာေတာ့ သူဟာ အုတ္ၾကားျမက္ေပါက္ ႐ုပ္ရွင္ဇာတ္ကားျဖင့္ ႐ုပ္ရွင္ထူးခြၽန္ဆုကို ရရွိထားသူလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ ၂