အိမ်ထောင်ကျပြီးမှရိုက်တဲ့ ကလေးအမေဇာတ်ရုပ်တွေအတွက် ပိုပီပြင်လာတယ်လို့ ခံစားမိကြောင်း သရုပ်ဆောင် သက်မွန်မြင့် က ပြောလာ

အိမ်ထောင်ကျပြီးမှရိုက်တဲ့ ကလေးအမေဇာတ်ရုပ်တွေအတွက် ပိုပီပြင်လာတယ်လို့ ခံစားမိကြောင်း
သရုပ်ဆောင် သက်မွန်မြင့် က ပြောလာ

အနုပညာလောကမှာ နေရာတစ်ခုရနေပြီး လက်ရှိထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်ဟာ သူမအနေနဲ့ ကလေးအမေ ဇာတ်ရုပ်တွေကို သရုပ်ဆောင်တဲ့အခါ အိမ်ထောင်မကျခင်က သရုပ်ဆောင်တာတွေထက် ယခုလိုအိမ်ထောင်ကျပြီးနောက်ပိုင်းမှ သရုပ်ဆောင်တာတွေက ပိုပီပြင်လာကြောင်း ခံစားမိတယ်လို့ ပြောပါတယ်။

“အရင်ကတော့ သက်မွန်က အဲ့ဒီလိုဇာတ်ရုပ်တွေကို စိတ်ကူးယဉ်သက်သက်အနေနဲ့ သရုပ်ဆောင်ခဲ့ရတာပေါ့၊ အခုတော့ ကလေးအမေလည်းဖြစ်နေတော့ ကလေးအမေဇာတ်ရုပ်တွေ၊ အိမ်ထောင်သည်တစ်ယောက်ရဲ့ ဇာတ်ရုပ်တွေကို ပိုပြီးပီပြင်လာတယ်လို့ ခံစားမိတာပေါ့၊ ကိုယ်အိမ်ထောင်မကျခင်က ရိုက်ခဲ့တဲ့ဇာတ်ကားတွေကို ပြန်ကြည့်တော့ အဲ့ဒီထဲမှာ သရုပ်ဆောင်ခဲ့တာ စိတ်ကူးယဉ်နဲ့ဆိုတော့လေ မပီပြင်ခဲ့ဘူးပေါ့၊ အခုက စိတ်ကူးယဉ်တာမျိုး မဟုတ်ဘဲ လက်တွေ့သိသွားတော့ နည်းနည်းပိုပြီး လက်တွေ့ကျလာတာပေါ့”လို့ သရုပ်ဆောင် သက်မွန်မြင့်က ပြောပါတယ်။

သူမ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာ ၂၀၁၉ ခုနှစ်ထဲမှာ ဆက်တိုက်ဆိုသလိုထွက်ရှိလာခဲ့ပြီးနောက် ဆက်လက်ရိုက်ကူးထားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“သက်မွန်ရဲ့ ဇာတ်ကားတွေကလေ မထွက်ဘူးဆိုရင်လည်း မထွက်ဘူး၊ ထွက်လာရင်လည်း ဆက်တိုက် ဖြစ်နေတော့ အမာခံအားပေးနေတဲ့ သက်မွန်ကို လိုက်ပြီး ဝန်းရံနေတဲ့ ပရိသတ်တွေကို ကျေးဇူးလည်း တင်တယ်၊ အားလည်းနာတယ်၊ သရုပ်ဆောင်တဲ့ အနုပညာကိုတော့ လျှော့မှာမဟုတ်ပါဘူး၊ အားပေးကြတဲ့ ပရိသတ်တွေအတွက် ပိုပြီးပီပြင်အောင် ကာရိုက်တာနဲ့ဝင်အောင် အကောင်းဆုံးသရုပ်ဆောင်သွားဦးမှာပါ၊ ဒီနှစ်ထဲမှာလည်း သက်မွန်ရဲ့ ထွက်မယ့်ဇာတ်ကားတွေရှိနေပါသေးတယ်၊ သက်မွန်ကို မျိုးစုံ ဝန်းရံနေပေးကြတဲ့ ပရိသတ်တွေအတွက် ကိုယ်ကဘာမှပြန်မလုပ်ပေးနိုင်ခဲ့တာ စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီနှစ်ထဲမှာတော့ အစီအစဉ်တစ်ခုခုတော့ လုပ်ပေးဖို့ကြိုးစားသွားမယ်”လို့ သရုပ်ဆောင် သက်မွန်မြင့်က ရှင်းပြပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ဟာ Music ဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရသူလည်းဖြစ်သလို အနုပညာလောကမှာ ၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အစရှိတဲ့ ဆုတွေကို ရရှိထားသူဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၉

( Zawgyi )

အႏုပညာေလာကမွာ ေနရာတစ္ခုရေနၿပီး လက္ရွိထိပ္တန္းစာရင္းဝင္ မင္းသမီးတစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ဟာ သူမအေနနဲ႔ ကေလးအေမ ဇာတ္႐ုပ္ေတြကို သ႐ုပ္ေဆာင္တဲ့အခါ အိမ္ေထာင္မက်ခင္က သ႐ုပ္ေဆာင္တာေတြထက္ ယခုလိုအိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွ သ႐ုပ္ေဆာင္တာေတြက ပိုပီျပင္လာေၾကာင္း ခံစားမိတယ္လို႔ ေျပာပါတယ္။

“အရင္ကေတာ့ သက္မြန္က အဲ့ဒီလိုဇာတ္႐ုပ္ေတြကို စိတ္ကူးယဥ္သက္သက္အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့ရတာေပါ့၊ အခုေတာ့ ကေလးအေမလည္းျဖစ္ေနေတာ့ ကေလးအေမဇာတ္႐ုပ္ေတြ၊ အိမ္ေထာင္သည္တစ္ေယာက္ရဲ႕ ဇာတ္႐ုပ္ေတြကို ပိုၿပီးပီျပင္လာတယ္လို႔ ခံစားမိတာေပါ့၊ ကိုယ္အိမ္ေထာင္မက်ခင္က ႐ိုက္ခဲ့တဲ့ဇာတ္ကားေတြကို ျပန္ၾကည့္ေတာ့ အဲ့ဒီထဲမွာ သ႐ုပ္ေဆာင္ခဲ့တာ စိတ္ကူးယဥ္နဲ႔ဆိုေတာ့ေလ မပီျပင္ခဲ့ဘူးေပါ့၊ အခုက စိတ္ကူးယဥ္တာမ်ိဳး မဟုတ္ဘဲ လက္ေတြ႕သိသြားေတာ့ နည္းနည္းပိုၿပီး လက္ေတြ႕က်လာတာေပါ့”လို႔ သ႐ုပ္ေဆာင္ သက္မြန္ျမင့္က ေျပာပါတယ္။

သူမ အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြဟာ ၂၀၁၉ ခုႏွစ္ထဲမွာ ဆက္တိုက္ဆိုသလိုထြက္ရွိလာခဲ့ၿပီးေနာက္ ဆက္လက္႐ိုက္ကူးထားတာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

“သက္မြန္ရဲ႕ ဇာတ္ကားေတြကေလ မထြက္ဘူးဆိုရင္လည္း မထြက္ဘူး၊ ထြက္လာရင္လည္း ဆက္တိုက္ ျဖစ္ေနေတာ့ အမာခံအားေပးေနတဲ့ သက္မြန္ကို လိုက္ၿပီး ဝန္းရံေနတဲ့ ပရိသတ္ေတြကို ေက်းဇူးလည္း တင္တယ္၊ အားလည္းနာတယ္၊ သ႐ုပ္ေဆာင္တဲ့ အႏုပညာကိုေတာ့ ေလွ်ာ့မွာမဟုတ္ပါဘူး၊ အားေပးၾကတဲ့ ပရိသတ္ေတြအတြက္ ပိုၿပီးပီျပင္ေအာင္ ကာ႐ိုက္တာနဲ႔ဝင္ေအာင္ အေကာင္းဆုံးသ႐ုပ္ေဆာင္သြားဦးမွာပါ၊ ဒီႏွစ္ထဲမွာလည္း သက္မြန္ရဲ႕ ထြက္မယ့္ဇာတ္ကားေတြရွိေနပါေသးတယ္၊ သက္မြန္ကို မ်ိဳးစုံ ဝန္းရံေနေပးၾကတဲ့ ပရိသတ္ေတြအတြက္ ကိုယ္ကဘာမွျပန္မလုပ္ေပးႏိုင္ခဲ့တာ စိတ္မေကာင္းျဖစ္မိပါတယ္၊ ဒီႏွစ္ထဲမွာေတာ့ အစီအစဥ္တစ္ခုခုေတာ့ လုပ္ေပးဖို႔ႀကိဳးစားသြားမယ္”လို႔ သ႐ုပ္ေဆာင္ သက္မြန္ျမင့္က ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္ သက္မြန္ျမင့္ဟာ Music ဗီဒီယိုေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ရဲ႕ အသိအမွတ္ျပဳတာကို ခံခဲ့ရသူလည္းျဖစ္သလို အႏုပညာေလာကမွာ ၂၀၁၀ ျပည့္ႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု၊ ၂၀၁၆ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု အစရွိတဲ့ ဆုေတြကို ရရွိထားသူျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၉