အိမ်မှာနေရင်း ဗဟုသုတရှာမှီးဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ယွန်းယွန်း

အိမ်မှာနေရင်း ဗဟုသုတရှာမှီးဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ယွန်းယွန်း

ကလေးသရုပ်ဆောင်ကနေ တက္ကသိုလ်ကျောင်းသူဖြစ်လာတဲ့ သရုပ်ဆောင် ယွန်းယွန်းဟာ ယခုလိုကာလမှာ အိမ်မှာနေရင်း အွန်လိုင်းကနေ ဗဟုသုတတွေသာ  ရှာမှီးဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ တက္ကသိုလ်စာမေးပွဲတွေ ဖြေဆိုနေရင်း ပြီးခါနီး နှစ်ရက်အလို ဒီကနေ့ (မတ်လ ၂၄ ရက်) မနက်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ မတ်လ ၂၃ ရက် ည ၁၁နာရီ ၄၅ မိနစ် ထုတ်ပြန်ချက်အရ COVID 19 Positive လူနာနှစ်ဦး တွေ့ရှိတာနဲ့ပတ်သက်ပြီး စာမေးပွဲကိုဆိုင်းငံ့လိုက်တဲ့အခြေအနေကြောင့် လောလောဆယ် အိမ်မှာပဲ နေနေရတယ်လို့ ဆိုပါတယ်။ “လူစုလူဝေးတွေ မလုပ်ရတော့ ပွဲတွေလည်းမရှိတော့ဘူးလေ၊ ဒီနှစ်က မကြုံဖူးပါဘူး၊ အစတုန်းက စာမေးပွဲဖြေဖို့ ညှိနှိုင်းနေတယ် ဘာညာနဲ့ ဖြစ်နေတော့ ညီမတို့လည်း စာကျက်ရတာ တန့်တန့် သွားတယ်၊ အခုလည်း ဖြေရှင်းနဲ့ တန့်သွားပြီ၊ ဘယ်တော့လောက်မှ ပြန်ဖြေရမလဲမသိတော့ဘူး၊ ဒါမျိုးလည်း တစ်ခါမှ မဖြစ်ဖူးဘူး၊ တက္ကသိုလ်ကျောင်းတွေက ဆယ်တန်းဖြေတာနဲ့မတူဘူး၊ ဆယ်တန်းတုန်းက တစ်နှစ်ပတ်လုံးကို အကုန်ကျက်ရတာ အခုက ဖြေခါနီးလက်ပူတိုက်ပြီး ကျက်ရတာဆိုတော့ စာတွေမေ့သွားမှာကိုပဲ စိတ်ပူတယ်”လို့ ၎င်းက ရှင်းပြပါတယ်။

ယခုလို ဆိုင်းငံ့လိုက်တဲ့အခြေအနေကြောင့် ဖြေဆိုရင်း ကတောက်ကဆလည်း ဖြစ်ရသလို စိတ်အနှောင့်အယှက်တွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

“အိမ်မှာနေရင်းနဲ့တော့ ပြင်ဆင်နေမှာပါ၊ အခုက ဘယ်နေ့မှာ ပြန်ဖြေရမယ်ဆိုတာလည်း မသိ၊ ဘာမသိနဲ့ဆိုတော့ စိတ်ထဲက တစ်ထင့်ထင့်နဲ့ပေါ့၊ အိမ်မှာနေပေမယ့် ဗဟုသုတတွေကိုတော့ ရသလောက် ရှာမှီးမယ်၊ သရုပ်ဆောင်အပိုင်းကိုလည်း အွန်လိုင်းကနေ ကြည့်ပြီးတော့ နမူနာယူတာတွေ ဘာတွေလည်း လုပ်သွားဖိုပ ရှိပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။ ပြည်သူအားလုံးကျန်းမာပါစေလို့လည်း သူက ဆုတောင်းစကား ဆိုခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် - ၂၄

( Zawgyi )

ကေလးသ႐ုပ္ေဆာင္ကေန တကၠသိုလ္ေက်ာင္းသူျဖစ္လာတဲ့ သ႐ုပ္ေဆာင္ ယြန္းယြန္းဟာ ယခုလိုကာလမွာ အိမ္မွာေနရင္း အြန္လိုင္းကေန ဗဟုသုတေတြသာ  ရွာမွီးဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

လက္ရွိမွာ တကၠသိုလ္စာေမးပြဲေတြ ေျဖဆိုေနရင္း ၿပီးခါနီး ႏွစ္ရက္အလို ဒီကေန႔ (မတ္လ ၂၄ ရက္) မနက္မွာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနရဲ႕ မတ္လ ၂၃ ရက္ ည ၁၁နာရီ ၄၅ မိနစ္ ထုတ္ျပန္ခ်က္အရ COVID 19 Positive လူနာႏွစ္ဦး ေတြ႕ရွိတာနဲ႔ပတ္သက္ၿပီး စာေမးပြဲကိုဆိုင္းငံ့လိုက္တဲ့အေျခအေနေၾကာင့္ ေလာေလာဆယ္ အိမ္မွာပဲ ေနေနရတယ္လို႔ ဆိုပါတယ္။ “လူစုလူေဝးေတြ မလုပ္ရေတာ့ ပြဲေတြလည္းမရွိေတာ့ဘူးေလ၊ ဒီႏွစ္က မႀကဳံဖူးပါဘူး၊ အစတုန္းက စာေမးပြဲေျဖဖို႔ ညႇိႏႈိင္းေနတယ္ ဘာညာနဲ႔ ျဖစ္ေနေတာ့ ညီမတို႔လည္း စာက်က္ရတာ တန႔္တန႔္ သြားတယ္၊ အခုလည္း ေျဖရွင္းနဲ႔ တန႔္သြားၿပီ၊ ဘယ္ေတာ့ေလာက္မွ ျပန္ေျဖရမလဲမသိေတာ့ဘူး၊ ဒါမ်ိဳးလည္း တစ္ခါမွ မျဖစ္ဖူးဘူး၊ တကၠသိုလ္ေက်ာင္းေတြက ဆယ္တန္းေျဖတာနဲ႔မတူဘူး၊ ဆယ္တန္းတုန္းက တစ္ႏွစ္ပတ္လုံးကို အကုန္က်က္ရတာ အခုက ေျဖခါနီးလက္ပူတိုက္ၿပီး က်က္ရတာဆိုေတာ့ စာေတြေမ့သြားမွာကိုပဲ စိတ္ပူတယ္”လို႔ ၎က ရွင္းျပပါတယ္။

ယခုလို ဆိုင္းငံ့လိုက္တဲ့အေျခအေနေၾကာင့္ ေျဖဆိုရင္း ကေတာက္ကဆလည္း ျဖစ္ရသလို စိတ္အေႏွာင့္အယွက္ေတြ ျဖစ္ရတယ္လို႔ ဆိုပါတယ္။

“အိမ္မွာေနရင္းနဲ႔ေတာ့ ျပင္ဆင္ေနမွာပါ၊ အခုက ဘယ္ေန႔မွာ ျပန္ေျဖရမယ္ဆိုတာလည္း မသိ၊ ဘာမသိနဲ႔ဆိုေတာ့ စိတ္ထဲက တစ္ထင့္ထင့္နဲ႔ေပါ့၊ အိမ္မွာေနေပမယ့္ ဗဟုသုတေတြကိုေတာ့ ရသေလာက္ ရွာမွီးမယ္၊ သ႐ုပ္ေဆာင္အပိုင္းကိုလည္း အြန္လိုင္းကေန ၾကည့္ၿပီးေတာ့ နမူနာယူတာေတြ ဘာေတြလည္း လုပ္သြားဖိုပ ရွိပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။ ျပည္သူအားလုံးက်န္းမာပါေစလို႔လည္း သူက ဆုေတာင္းစကား ဆိုခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ - ၂၄