အေရိုစမစ် ရော့ခ်ဂီတအဖွဲ့ Twin Cities နွေရာသီဂီတပွဲတော်မှာ အောင်ပွဲခံ

အေရိုစမစ် ရော့ခ်ဂီတအဖွဲ့ Twin Cities နွေရာသီဂီတပွဲတော်မှာ အောင်ပွဲခံ

ယခုနှစ် Twin Cities Summer Jam ဂီတပွဲတော်ကို အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က ကန်တာဗျူရီပက်ခ်မှာ  ဇူလိုင် ၁၈ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့ပါတယ်။

 ဒီပွဲမှာ အေရိုစမစ် (Aerosmith)ရော့ခ်ဂီတအဖွဲ့နဲ့အတူ ရပ်ပ်စတားပစ်ချ်ဘူးလ်၊ ကန်းထရီးစူပါစတား တင်မက်ဂေါ စတဲ့ ဂီတနယ်ပယ်စုံက နာမည်ကြီး အဆိုတော်တွေ ပါဝင်တင်ဆက်ခဲ့ပါတယ်။

Twin Cities ဂီတပွဲတော်ကို နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး၊ ဒီနှစ်မှာ ဂီတအမျိုးအစားစုံလင်အောင် ပွဲစီစဉ်သူ ခရစ်ဟော်ကီးက စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အေရိုစမစ် အဖွဲ့ဖျော်ဖြေတဲ့ညမှာ ပရိသတ်အားပေးမှု အများဆုံးရခဲ့တာပဲ ဖြစ်ပါတယ်။

 ‘ဆယ်နှစ်အတွင်း အဆိုးရွားဆုံး ပရိသတ်အားပေးမှု’ ရခဲ့တယ်လို့လည်း အေရိုစမစ် အဆိုတော် စတီဗင်တိုင်လာက ပြောပါတယ်။ စတီဗင်တိုင် လာ ရဲ့ What It Takes သီချင်းဖျော်ဖြေချိန်မှာ ပရိသတ်တွေချည်း အကျော့ အပိုဒ်ကို ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ အေရိုစမစ် အဖွဲ့ရဲ့ အပေးအယူ ညီတဲ့ အမိုက်စားတီးခတ်သီဆိုမှုတွေကြောင့် ဂီတပွဲတော် ၃ ရက်အတွင်း ပရိသတ်စိတ်ဝင်စားမှုအရှိဆုံးပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အေရိုစမစ် အဖွဲ့အပြင်ရက်ပ်အဆိုကောင်းရုံတင်မက ကကွက်တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ပစ်ချ်ဘူးလ်ကလည်း ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

 

ဒီပွဲမှာ အေရိုစမစ် နဲ့ ပစ်ချ်ဘူးလ်အပြင် အသက် ၅၂နှစ်အရွယ် ကန်းထရီးစူပါစတား တင်မက်ဂေါ ကလည်း မကြာခင်ထွက်မယ့် အယ်လ်ဘမ်ထဲ က သီချင်းသစ် ၃ ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ရည်မွန်သော်
Ref:metal .com
နယူးယောက်ခ်၊ဇူလိုင် ၂၂

(  Zawgyi  )

 ယခုႏွစ္ Twin Cities Summer Jam ဂီတပြဲေတာ္ကို အေမရိကန္ျပည္ေထာင္စု မင္နီဆိုးတားျပည္နယ္က ကန္တာဗ်ဴရီပက္ခ္မွာ  ဇူလိုင္ ၁၈ ရက္ကေန ၂၀ ရက္အထိ က်င္းပခဲ့ပါတယ္။

 ဒီပြဲမွာ ေအ႐ိုစမစ္ (Aerosmith)ေရာ့ခ္ဂီတအဖြဲ႕နဲ႔အတူ ရပ္ပ္စတားပစ္ခ်္ဘူးလ္၊ ကန္းထရီးစူပါစတား တင္မက္ေဂါ စတဲ့ ဂီတနယ္ပယ္စုံက နာမည္ႀကီး အဆိုေတာ္ေတြ ပါဝင္တင္ဆက္ခဲ့ပါတယ္။

Twin Cities ဂီတပြဲေတာ္ကို ႏွစ္စဥ္က်င္းပေနက်ျဖစ္ၿပီး၊ ဒီႏွစ္မွာ ဂီတအမ်ိဳးအစားစုံလင္ေအာင္ ပြဲစီစဥ္သူ ခရစ္ေဟာ္ကီးက စီစဥ္ခဲ့တာျဖစ္ပါ တယ္။ ေအ႐ိုစမစ္ အဖြဲ႕ေဖ်ာ္ေျဖတဲ့ညမွာ ပရိသတ္အားေပးမႈ အမ်ားဆုံးရခဲ့တာပဲ ျဖစ္ပါတယ္။

 ‘ဆယ္ႏွစ္အတြင္း အဆိုး႐ြားဆုံး ပရိသတ္အားေပးမႈ’ ရခဲ့တယ္လို႔လည္း ေအ႐ိုစမစ္ အဆိုေတာ္ စတီဗင္တိုင္လာက ေျပာပါတယ္။ စတီဗင္တိုင္ လာ ရဲ႕ What It Takes သီခ်င္းေဖ်ာ္ေျဖခ်ိန္မွာ ပရိသတ္ေတြခ်ည္း အေက်ာ့ အပိုဒ္ကို ဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအ႐ိုစမစ္ အဖြဲ႕ရဲ႕ အေပးအယူ ညီတဲ့ အမိုက္စားတီးခတ္သီဆိုမႈေတြေၾကာင့္ ဂီတပြဲေတာ္ ၃ ရက္အတြင္း ပရိသတ္စိတ္ဝင္စားမႈအရွိဆုံးပြဲတစ္ခု ျဖစ္လာခဲ့ပါတယ္။ ေအ႐ိုစမစ္ အဖြဲ႕အျပင္ရက္ပ္အဆိုေကာင္း႐ုံတင္မက ကကြက္ေတြကိုပါ ကြၽမ္းက်င္ပိုင္ႏိုင္လွတဲ့ ပစ္ခ်္ဘူးလ္ကလည္း ပရိသတ္ကို ဖမ္းစားႏိုင္ခဲ့ပါတယ္။

 ဒီပြဲမွာ ေအ႐ိုစမစ္ နဲ႔ ပစ္ခ်္ဘူးလ္အျပင္ အသက္ ၅၂ႏွစ္အ႐ြယ္ ကန္းထရီးစူပါစတား တင္မက္ေဂါ ကလည္း မၾကာခင္ထြက္မယ့္ အယ္လ္ဘမ္ထဲ က သီခ်င္းသစ္ ၃ ပုဒ္နဲ႔ သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။

ရည္မြန္ေသာ္
Ref:metal .com
နယူးေယာက္ခ္၊ဇူလိုင္ ၂၂