အောင်မြင်မှုအတွက် လူငယ်တွေ ကြိုးစားမှုမလျော့ဖို့ အရေးကြီးတယ်လို့ မြန်မာပြည်သိန်းတန် ဆို

အောင်မြင်မှုအတွက် လူငယ်တွေ ကြိုးစားမှုမလျော့ဖို့ အရေးကြီးတယ်လို့ မြန်မာပြည်သိန်းတန် ဆို

လူငယ်တွေအနေနဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနိုင်ဖို့ မလျော့တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ လုပ်ကိုင်ဖို့ အရေးကြီးတယ်လို့ ဝါရင့်တေးသံရှင် မြန်မာပြည်သိန်းတန် က ပြောဆိုလိုက်ပါတယ်။

“အခုခေတ်က ဂီတပညာနဲ့ ပတ်သက်ရင် လေ့လာစရာတွေကလည်း အများကြီးပဲ၊ အန်ကယ်တို့ ဟိုဘက်ခေတ်နဲ့ မတူဘူး၊ အများကြီးကို တိုးတက်နေပြီ၊ တကယ့်ကို အောင်မြင်ချင်ရင် မလျှော့တဲ့ ဇွဲနဲ့ ကြိုးစားဖို့ အရေးကြီးပါတယ်၊ အခွင့်အလမ်းတွေက အနားမှာ အများကြီးပါပဲ” လို့ ဝါရင့်တေးသံရှင် မြန်မာပြည်သိန်းတန် က ဆိုပါတယ်။

သူ့အနေနဲ့ လူငယ်တွေအတွက် လက်လှမ်းမီသလောက် မြေတောင်မြှောက်ပေးတာတွေ ရှိသလို တစ်ခါတရံမှာ အားမရတဲ့ အခြေအနေမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုအခါ အိုင်တီနည်းပညာများ ခေတ်မီတိုးတက်လာတာတွေနဲ့အတူ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ဆော့ဖ်ဝဲလ်တွေကို အသုံးချပြီး အနုပညာတွေကိုလည်း ဖန်တီးနိုင်တာကြောင့် အရင်ခေတ်နဲ့မတူဘဲ အားသာသော ခေတ်ကာလ အခြေအနေမျိုးလည်း ဖြစ်လာစေပါတယ်။

“အန်ကယ်ကတော့ တေးချစ်သူ မိဘပြည်သူတွေအတွက် အန်ကယ့်ရဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်နေဦးမှာပဲ၊ တစ်ဖက်ကလည်း အနာဂတ်မျိုးဆက်သစ်တွေကို ဝိုင်းဝန်းအားပေးပြီး မြေတောင်မြှောက်ပေးဖို့လည်း လိုပါတယ်၊ ကိုယ်တတ်နိုင်သလောက်တော့လည်း ကူညီတာပေါ့၊ အခုက ဂီတလောကမှာ မျိုးဆက်သစ်တွေ အများကြီး ဝင်ရောက်လာတာ တွေ့ရတော့ အင်မတန်လည်း ဝမ်းသာစရာကောင်းတဲ့ အခြေအနေပါပဲ” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ ခေတ်ကာလနဲ့ လိုက်လျောညီတဲ့ အဖြစ်အပျက်တွေကို တေးသီချင်းအဖြစ် ရေးစပ်နေတာတွေ ရှိသလို အခုနောက်ပိုင်းမှာ သူ့ရဲ့တေးသီချင်းတွေထဲက “အန်ကယ်ကတော့ No ပါ” လို့ ဆိုတဲ့သီချင်း “အန်ကယ်ကတော့ Yes ပါပဲ” ဆိုတဲ့ သီချင်းတွေဟာ လူငယ်တွေရဲ့ ကြားထဲမှာ ရေပန်းစားလာခဲ့ပါတယ်။

အခုလတ်တလောမှာတော့ ပွင့်လင်းရာသီမှာ ကျင်းပကြမယ့် ဂီတဖျော်ဖြေပွဲတွေအတွက် ဖိတ်ကြားထားတာမျိုးတွေ ရှိနေသလို အဲ့ဒီဖျော်ဖြေပွဲတွေမှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက်ကိုလည်း လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၃

( Zawgyi )

လူငယ္ေတြအေနနဲ႔ ေအာင္ျမင္မႈ အသီးအပြင့္ေတြကို ခံစားႏိုင္ဖို႔ မေလ်ာ့တဲ့ ႀကိဳးစားအားထုတ္မႈေတြနဲ႔ လုပ္ကိုင္ဖို႔ အေရးႀကီးတယ္လို႔ ဝါရင့္ေတးသံရွင္ ျမန္မာျပည္သိန္းတန္ က ေျပာဆိုလိုက္ပါတယ္။

“အခုေခတ္က ဂီတပညာနဲ႔ ပတ္သက္ရင္ ေလ့လာစရာေတြကလည္း အမ်ားႀကီးပဲ၊ အန္ကယ္တို႔ ဟိုဘက္ေခတ္နဲ႔ မတူဘူး၊ အမ်ားႀကီးကို တိုးတက္ေနၿပီ၊ တကယ့္ကို ေအာင္ျမင္ခ်င္ရင္ မေလွ်ာ့တဲ့ ဇြဲနဲ႔ ႀကိဳးစားဖို႔ အေရးႀကီးပါတယ္၊ အခြင့္အလမ္းေတြက အနားမွာ အမ်ားႀကီးပါပဲ” လို႔ ဝါရင့္ေတးသံရွင္ ျမန္မာျပည္သိန္းတန္ က ဆိုပါတယ္။

သူ႔အေနနဲ႔ လူငယ္ေတြအတြက္ လက္လွမ္းမီသေလာက္ ေျမေတာင္ေျမႇာက္ေပးတာေတြ ရွိသလို တစ္ခါတရံမွာ အားမရတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။

ယခုအခါ အိုင္တီနည္းပညာမ်ား ေခတ္မီတိုးတက္လာတာေတြနဲ႔အတူ လက္ကိုင္ဖုန္းတစ္လုံးနဲ႔ ေဆာ့ဖ္ဝဲလ္ေတြကို အသုံးခ်ၿပီး အႏုပညာေတြကိုလည္း ဖန္တီးႏိုင္တာေၾကာင့္ အရင္ေခတ္နဲ႔မတူဘဲ အားသာေသာ ေခတ္ကာလ အေျခအေနမ်ိဳးလည္း ျဖစ္လာေစပါတယ္။

“အန္ကယ္ကေတာ့ ေတးခ်စ္သူ မိဘျပည္သူေတြအတြက္ အန္ကယ့္ရဲ႕ အႏုပညာနဲ႔ ေဖ်ာ္ေျဖတင္ဆက္ေနဦးမွာပဲ၊ တစ္ဖက္ကလည္း အနာဂတ္မ်ိဳးဆက္သစ္ေတြကို ဝိုင္းဝန္းအားေပးၿပီး ေျမေတာင္ေျမႇာက္ေပးဖို႔လည္း လိုပါတယ္၊ ကိုယ္တတ္ႏိုင္သေလာက္ေတာ့လည္း ကူညီတာေပါ့၊ အခုက ဂီတေလာကမွာ မ်ိဳးဆက္သစ္ေတြ အမ်ားႀကီး ဝင္ေရာက္လာတာ ေတြ႕ရေတာ့ အင္မတန္လည္း ဝမ္းသာစရာေကာင္းတဲ့ အေျခအေနပါပဲ” လို႔ သူက ဆိုပါတယ္။

သူ႔အေနနဲ႔ ေခတ္ကာလနဲ႔ လိုက္ေလ်ာညီတဲ့ အျဖစ္အပ်က္ေတြကို ေတးသီခ်င္းအျဖစ္ ေရးစပ္ေနတာေတြ ရွိသလို အခုေနာက္ပိုင္းမွာ သူ႔ရဲ႕ေတးသီခ်င္းေတြထဲက “အန္ကယ္ကေတာ့ No ပါ” လို႔ ဆိုတဲ့သီခ်င္း “အန္ကယ္ကေတာ့ Yes ပါပဲ” ဆိုတဲ့ သီခ်င္းေတြဟာ လူငယ္ေတြရဲ႕ ၾကားထဲမွာ ေရပန္းစားလာခဲ့ပါတယ္။

အခုလတ္တေလာမွာေတာ့ ပြင့္လင္းရာသီမွာ က်င္းပၾကမယ့္ ဂီတေဖ်ာ္ေျဖပြဲေတြအတြက္ ဖိတ္ၾကားထားတာမ်ိဳးေတြ ရွိေနသလို အဲ့ဒီေဖ်ာ္ေျဖပြဲေတြမွာ အေကာင္းဆုံး ေဖ်ာ္ေျဖတင္ဆက္ႏိုင္ဖို႔အတြက္ကိုလည္း လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၃