ေသြးတြင္းအဆီဓာတ္ မ်ားျခင္း

သွေးတွင်းအဆီဓာတ် များခြင်း
 
မြန်မာနိုင်ငံမှာ အဆီစားသုံးမှု မြင့်တက်လာတာနဲ့အမျှ အဆီဓာတ်တမျိုးဖြစ်တဲ့ ကိုလက်စတော အကြောင်းသိဖို့ လိုလာပါတယ်။ ကိုလက်စတောဆိုတာ လူတိုင်းနီးပါး ကြားဖူးကြမယ်။
ကိုလက်စတော များရင် မကောင်းတာလည်း  သိကြတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေ နေ့စဉ်စားတဲ့အစားအသောက်လေ့လာကြည့်ရင် အဆီနဲ့ကင်းတာ မရှိပါ။ သူများနိုင်ငံတွေမှာ စားတာထက် သုံးဆလောက်ပိုများလိမ့်တယ်။
ပိုဆိုးတာက သုံးတဲ့ဆီတွေ ဖြစိပါတယ်။ ဆိုင်တွေမှာ အများဆုံးသုံးတာက စားအုန်းဆီတွေ ဖြစ်ပါတယ်။ အဲလိုဆီတွေက လူကို အကြီးအကျယ်ဒုက္ခပေးတယ်။ ဒါတင်မက ပြန်ကြော်ဆီတွေက
ကျန်းမာရေးအတွက် မီးလောင်ရာလေပင့် ပိုဆိုးလာစေတယ်။ 
 
 
ကိုလက်စတောဆိုတာ သွေးကြောထဲမှာ လှည့်လည်သွားနေတယ်။ အဲလိုသွားလာနိုင်ဖို့ lipoprotein ပုံစံပြောင်းလဲရတယ်။ lipoprotein ဆိုတာ အတွင်းမှာ ကိုလက်စတောအဆီကို
အပြင်က ပရိုတင်းလွှာဖုံးအုပ်ထားတဲ့ အခဲလေးတွေကိုခေါ်တာ။ ဒါမှ သွေးကြောကနေ ဆဲလ်တွေထဲ အလွယ်တကူ ဝင်ရောက်သွားလာနိုင်မှာပါ။lipoprotein တခုရဲ့ အရွယ်အစားက အလွန်သေးငယ်တယ်။
10-1000 nm လောက်သာရှိတယ်။ဒါဟာ  သွေးနီဥတလုံးရဲ့ ၁၀ ပုံ တပုံ ခန့်သာရှိတဲ့သဘောပါ။ 
 
ကိုလက်စတောထဲမှာ LDL နဲ့ HDL ဆိုပြီး နှစ်မျိုးရှိပါတယ်။  LDL ဆိုတာ မကောင်းတဲ့ အဆီကိုပြောတာ။ ဒီအဆီများတာ ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ကြာလာရင်
သွေးကြောထဲမှာ အနည်ထိုင်တယ်။ နောက်ဆုံး သွေးကြောပိတ်မယ်၊ ဒါ့ကြောင့် မကောင်းတာ ဖြစ်ပါတယ်။ HDL(high-density lipoproteins) ဆိုတာကတော့ ကောင်းတဲ့အဆီ။
ဒီအဆီများရင် ခန္ဓာကိုယ်အတွက်ကောင်းတယ်။ ဘယ်လိုကောင်းလဲဆိုတော့ သူက မလိုအပ်တဲ့ အဆီပိုတွေကို အသည်းရောက်အောင် ပို့ဆောင်တယ်။ အသည်းက အဆီကို ချေဖျက်ပစ်မယ်။
ပိုလျှံတာတွေကို သည်းခြေရည်အဖြစ်ပြောင်းလဲလိုက်တယ်။ ဒါ့ကြောင့် HDL ကိုလက်စတော များရင် ကောင်းတယ်လို့ပြောတာပါ။   
 
ကိုလက်စတော အကြောင်းပြောပြီး triglyceride အကြောင်းနည်းနည်းရှင်းပါရစေ။ နှစ်ခုလုံးက အဆီတော့ အဆီချည်းပါပဲ။ဒါပေမယ့် မတူပါ။ ကိုလက်စတောဆိုတာ သွေးကြောထဲမှာ လှည့်ပတ်သွားလာနေတဲ့ပုံစံကို ခေါ်တာ။
triglyceride ကျတော့ ခန္ဓာကိုယ်ထဲ သိမ်းဆည်းထားတဲ့ အဆီပုံစံတမျိုးဖြစ်တယ်။ သူကစွမ်းအင်ကို သိုလှောင်နိုင်တယ်။ ခန္ဓာကိုယ်အတွက် ပိုလျှံတဲ့အဆီမှန်သမျှကို triglyceride အနေနဲ့သိမ်းဆည်းတယ်။
ဒါ့ကြောင့် ဗိုက်ခေါက်ထူ၊အဆီပိုစုသူအများစုမှာ triglycerideစစ်ကြည့်ရင် များနေတာ ဖြစ်တယ်။ 
 
ဆရာဝန်လုပ်သူတွေကို သွေးတွင်းကိုလက်စတောကို ဘာ့ကြောင့် ဂရုစိုက်ကြပါသလဲ။ကိုလက်စတောများတာ ဘာဖြစ်မှာမို့လဲ မေးကြတယ်။ သွေးတွင်းအဆီများလာသလို
သွေးကြောထဲမှာ အနည်ထိုင်တာမျိုး ရှိတယ်။ အဆီပိုတွေက သွေးကြောက ပိတ်တတ်တယ်။ အထူးသဖြင့် နှလုံးသွေးကြောဆိုတာ အရမ်းသေးတယ်။ ထိခိုက်လွယ်တယ်။
နှလုံးမှာ သွေးကြော ပိတ်ရင် ရုတ်တရက် နှလုံးအမောဖောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်တာကို coronary artery disease (ischaemic heart disease)လို့ခေါ်ပါတယ်။ 
 
သွေးကြောထဲမှာကိုလက်စတောပမာဏ မြှင့်တက်နေပေမယ့် ဘာလက္ခဏာမှမပြလို့ တော်ရုံမသိကြတာများတယ်၊အဲဒါကြောင့်ပဲ အသက်(၄၀)ကျော်တာနဲ့ နှစ်စဉ် သွေးစစ်သင့်တာဖြစ်ပါတယ်။ 
 
သွေးတွင်းအဆီစစ်တာကို fasting lipid profile ခေါ်တယ်။  စစ်တဲ့အခါ အနည်းဆုံး ၉-၁၂နာရီ အစာမစားပဲစစ်ရတယ်။ ည ၁၀နာရီနောက်ပိုင်း ဘာမှမစားပဲ မနက်စောစော စစ်ရတယ်။
စစ်တဲ့အခါ အဆီအမျိုးအစားလေးမျိုးကို စစ်ပါတယ်။ total cholesterol , LDL , HDL , triglyceride စတဲ့ အဆီတွေ ပါဝင်တယ်။ အဆီပမာဏပေါ်မူတည်ပြီး ဆေးပေးလေ့ရှိပါတယ်။
သိပ်မဆိုးတဲ့သူတွေမှာ နေထိုင်စားသာက်ပုံပြောင်းလဲရုံနဲ့ရတယ်။
1. LDL Cholesterol (ကိုလက်စထော) အဆိုး
• Less than 100 mg/dL = အကောင်းဆုံး၊ 
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊ 
• 160 – 189 mg/dL = မြင့်နေ၊ 
• 190 mg/dL and above = အတော်မြင့်နေ။
 
2. HDL Cholesterol (ကိုလက်စထော) အကောင်း
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊ 
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊ 
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊ 
• 60mg/dL ထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။
 
3.Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်) 
• 150 mg/dL ထက်နည်းတာပုံမှန်၊ 
• 150 – 199 mg/dL နည်းနည်းများတယ်၊ 
• 200 – 499 mg/dL များတယ်၊ 
• 500 mg/dL or higher အလွန်များတယ်။
 
4. Total Cholesterol (ကိုလက်စထော) စုစုပေါင်း
• 200 mg/dL ထက်နည်းနေတာကောင်းတယ်၊ 
• 200 – 239 mg/dL နည်းနည်းများတယ်၊ 
• 240 mg/dL နဲ့အထက် များတယ်။
 
 
သွေးတွင်းအဆီဓာတ်များလာရင် ဘာလုပ်မလဲ? 
၁။ နေထိုင်မှုပုံစံပြောင်းလဲခြင်း 
 တရက်ကိုအနည်းဆုံးနာရီဝက်ခန့်လမ်းလျှောက်ခြင်း၊နီတဲ့အသား၊ကလီစာ၊ထောပတ်၊စားအုန်းဆီ ၊ပြန်ကြောဆီလျှော့စားခြင်း၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊အမျှင်များသောသစ်သီးဝလံများစားသုံးပေးခြင်းနှင့်ဆေးလိပ်၊အရက်၊
ဘီယာဖြတ်ခြင်းတို့ပြုလုပ်သင့်ပါတယ်။
၂။ အဆီကျဆေးသောက်ခြင်း 
       Statins ဆေးကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသည်းထိခိုက်၊ ကြွက်သားတွေနာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။
      Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။
       သက်ရှည်ကျန်းမာကြပါစေ။
 
(zawgyi)
 
ေသြးတြင္းအဆီဓာတ္ မ်ားျခင္း
 
ျမန္မာနိုင္ငံမွာ အဆီစားသံုးမႈ ျမင့္တက္လာတာနဲ႕အမွ် အဆီဓာတ္တမ်ိဳးျဖစ္တဲ့ ကိုလက္စေတာ အေၾကာင္းသိဖို႕ လိုလာပါတယ္။ ကိုလက္စေတာဆိုတာ လူတိုင္းနီးပါး ၾကားဖူးၾကမယ္။
ကိုလက္စေတာ မ်ားရင္ မေကာင္းတာလည္း  သိၾကတယ္။ ဒါေပမယ့္ ျမန္မာလူမ်ိဳးေတြ ေန႕စဥ္စားတဲ့အစားအေသာက္ေလ့လာၾကည့္ရင္ အဆီနဲ႕ကင္းတာ မရွိပါ။ သူမ်ားနိုင္ငံေတြမွာ စားတာထက္ သံုးဆေလာက္ပိုမ်ားလိမ့္တယ္။
ပိုဆိုးတာက သံုးတဲ့ဆီေတြ ျဖစိပါတယ္။ ဆိုင္ေတြမွာ အမ်ားဆံုးသံုးတာက စားအုန္းဆီေတြ ျဖစ္ပါတယ္။ အဲလိုဆီေတြက လူကို အႀကီးအက်ယ္ဒုကၡေပးတယ္။ ဒါတင္မက ျပန္ေၾကာ္ဆီေတြက
က်န္းမာေရးအတြက္ မီးေလာင္ရာေလပင့္ ပိုဆိုးလာေစတယ္။ 
 
 
ကုိလက္စေတာဆိုတာ ေသြးေၾကာထဲမွာ လွည့္လည္သြားေနတယ္။ အဲလုိသြားလာနိုင္ဖို႕ lipoprotein ပံုစံေျပာင္းလဲရတယ္။ lipoprotein ဆိုတာ အတြင္းမွာ ကုိလက္စေတာအဆီကို အျပင္က ပရိုတင္းလႊာဖံုးအုပ္ထားတဲ့
အခဲေလးေတြကိုေခၚတာ။ ဒါမွ ေသြးေႀကာကေန ဆဲလ္ေတြထဲ အလြယ္တကူ ဝင္ေရာက္သြားလာနိုင္မွာပါ။lipoprotein တခုရဲ႕ အရြယ္အစားက အလြန္ေသးငယ္တယ္။ 10-1000 nm ေလာက္သာရွိတယ္။
ဒါဟာ  ေသြးနီဥတလံုးရဲ႔ ၁၀ ပံု တပံု ခန္႕သာရွိတဲ့သေဘာပါ။ 
 
ကုိလက္စေတာထဲမွာ LDL နဲ႕ HDL ဆိုျပီး နွစ္မ်ိဳးရွိပါတယ္။  LDL ဆိုတာ မေကာင္းတဲ့ အဆီကိုေျပာတာ။ ဒီအဆီမ်ားတာ ခႏၶာကုိယ္အတြက္ မေကာင္းဘူး။ ၾကာလာရင္ ေသြးေႀကာထဲမွာ အနည္ထိုင္တယ္။
ေနာက္ဆံုး ေသြးေၾကာပိတ္မယ္၊ ဒါ့ေႀကာင့္ မေကာင္းတာ ျဖစ္ပါတယ္။ HDL(high-density lipoproteins) ဆိုတာကေတာ့ ေကာင္းတဲ့အဆီ။ ဒီအဆီမ်ားရင္ ခႏၶာကိုယ္အတြက္ေကာင္းတယ္။
ဘယ္လိုေကာင္းလဲဆိုေတာ့ သူက မလိုအပ္တဲ့ အဆီပိုေတြကို အသည္းေရာက္ေအာင္ ပို႕ေဆာင္တယ္။ အသည္းက အဆီကို ေခ်ဖ်က္ပစ္မယ္။ ပိုလွ်ံတာေတြကို သည္းေျခရည္အျဖစ္ေျပာင္းလဲလိုက္တယ္။
ဒါ့ေၾကာင့္ HDL ကိုလက္စေတာ မ်ားရင္ ေကာင္းတယ္လို႕ေျပာတာပါ။   
 
ကုိလက္စေတာ အေၾကာင္းေျပာျပီး triglyceride အေႀကာင္းနည္းနည္းရွင္းပါရေစ။ နွစ္ခုလံုးက အဆီေတာ့ အဆီခ်ည္းပါပဲ။ဒါေပမယ့္ မတူပါ။ ကုိလက္စေတာဆိုတာ ေသြးေႀကာထဲမွာ လွည့္ပတ္သြားလာေနတဲ့ပံုစံကို ေခၚတာ။
triglyceride က်ေတာ့ ခႏၶာကုိယ္ထဲ သိမ္းဆည္းထားတဲ့ အဆီပံုစံတမ်ိဳးျဖစ္တယ္။ သူကစြမ္းအင္ကုိ သုိေလွာင္နိုင္တယ္။ ခႏၶာကုိယ္အတြက္ ပိုလွ်ံတဲ့အဆီမွန္သမွ်ကို triglyceride အေနနဲ႕သိမ္းဆည္းတယ္။
ဒါ့ေၾကာင့္ ဗိုက္ေခါက္ထူ၊အဆီပိုစုသူအမ်ားစုမွာ triglycerideစစ္ၾကည့္ရင္ မ်ားေနတာ ျဖစ္တယ္။ 
 
ဆရာဝန္လုပ္သူေတြကို ေသြးတြင္းကုိလက္စေတာကို ဘာ့ေၾကာင့္ ဂရုစိုက္ၾကပါသလဲ။ကုိလက္စေတာမ်ားတာ ဘာျဖစ္မွာမို႕လဲ ေမးၾကတယ္။ ေသြးတြင္းအဆီမ်ားလာသလို ေသြးေႀကာထဲမွာ အနည္ထိုင္တာမ်ိဳး ရွိတယ္။
အဆီပိုေတြက ေသြးေႀကာက ပိတ္တတ္တယ္။ အထူးသျဖင့္ နွလံုးေသြးေၾကာဆိုတာ အရမ္းေသးတယ္။ ထိခိုက္လြယ္တယ္။ နွလံုးမွာ ေသြးေၾကာ ပိတ္ရင္ ရုတ္တရက္ နွလံုးအေမာေဖာက္တာမ်ိဳး ျဖစ္နိုင္ပါတယ္။
အဲလိုျဖစ္တာကို coronary artery disease (ischaemic heart disease)လို႕ေခၚပါတယ္။ 
 
ေသြးေၾကာထဲမွာကုိလက္စေတာပမာဏ ျမွင့္တက္ေနေပမယ့္ ဘာလကၡဏာမွမျပလို႔ ေတာ္ရံုမသိႀကတာမ်ားတယ္၊အဲဒါေၾကာင့္ပဲ အသက္(၄၀)ေက်ာ္တာနဲ႔ နွစ္စဥ္ ေသြးစစ္သင့္တာျဖစ္ပါတယ္။ 
 
ေသြးတြင္းအဆီစစ္တာကို fasting lipid profile ေခၚတယ္။  စစ္တဲ့အခါ အနည္းဆံုး ၉-၁၂နာရီ အစာမစားပဲစစ္ရတယ္။ ည ၁၀နာရီေနာက္ပိုင္း ဘာမွမစားပဲ မနက္ေစာေစာ စစ္ရတယ္။
စစ္တဲ့အခါ အဆီအမ်ိဳးအစားေလးမ်ိဳးကို စစ္ပါတယ္။total cholesterol , LDL , HDL , triglyceride စတဲ့ အဆီေတြ ပါဝင္တယ္။ အဆီပမာဏေပၚမူတည္ျပီး ေဆးေပးေလ့ရွိပါတယ္။
သိပ္မဆိုးတဲ့သူေတြမွာ ေနထိုင္စားသာက္ပံုေျပာင္းလဲရံုနဲ႕ရတယ္။
1. LDL Cholesterol (ကိုလက္စေထာ) အဆိုး
• Less than 100 mg/dL = အေကာင္းဆံုး၊ 
• 130 – 159 mg/dL = အေကာင္း-အဆိုးၾကား၊ 
• 160 – 189 mg/dL = ျမင့္ေန၊ 
• 190 mg/dL and above = အေတာ္ျမင့္ေန။
 
2. HDL Cholesterol (ကိုလက္စေထာ) အေကာင္း
• 60 mg/dLနဲ႔ အထက္ ရွိသင့္တယ္၊ 
• ေယာက္်ားေတြမွာ 40 mg/dLထက္နည္းျပီး၊ 
• မိန္မေတြမွာ 50 mg/dL ထက္နည္းေနရင္ ႏွလံုးေရာဂါျဖစ္လာမွာစိုးရတယ္၊ 
• 60mg/dL ထက္မ်ားရင္ ႏွလံုးေရာဂါကိုကာကြယ္ရာက်တယ္။
 
3.Triglycerides (ထရြိဳင္-ဂလစ္စထြိဳက္စ္) 
• 150 mg/dL ထက္နည္းတာပံုမွန္၊ 
• 150 – 199 mg/dL နည္းနည္းမ်ားတယ္၊ 
• 200 – 499 mg/dL မ်ားတယ္၊ 
• 500 mg/dL or higher အလြန္မ်ားတယ္။
 
4. Total Cholesterol (ကိုလက္စေထာ) စုစုေပါင္း
• 200 mg/dL ထက္နည္းေနတာေကာင္းတယ္၊ 
• 200 – 239 mg/dL နည္းနည္းမ်ားတယ္၊ 
• 240 mg/dL နဲ႔အထက္ မ်ားတယ္။
 
 
ေသြးတြင္းအဆီဓာတ္မ်ားလာရင္ ဘာလုပ္မလဲ? 
၁။ ေနထိုင္မႈပံုစံေျပာင္းလဲျခင္း 
 တရက္ကိုအနည္းဆံုးနာရီဝက္ခန္႔လမ္းေလ်ွာက္ျခင္း၊နီတဲ့အသား၊ကလီစာ၊ေထာပတ္၊စားအုန္းဆီ ၊ျပန္ေၾကာဆီေလွ်ာ့စားျခင္း၊အစိမ္းေရာင္႐ွိေသာဟင္းသီးဟင္းရြက္မ်ား၊အမ်ွင္မ်ားေသာသစ္သီးဝလံမ်ားစားသံုးေပးျခင္းႏွင့္ေဆးလိပ္၊
အရက္၊ဘီယာျဖတ္ျခင္းတို႔ျပဳလုပ္သင့္ပါတယ္။
၂။ အဆီက်ေဆးေသာက္ျခင္း 
       Statins ေဆးကိုအမ်ားဆံုးသံုးတယ္။ ေဆးေၾကာင့္ ဗိုက္နာ၊ ေလပြ၊ ဗိုက္နာ၊ ဗိုက္ေအာင့္၊ ဝမ္းခ်ဳပ္၊ အသည္းထိခိုက္၊ ၾကြက္သားေတြနာ၊ အားယုတ္တာေတြ ျဖစ္ေစႏိုင္တယ္။
      Fibrates ေဆးက Triglyceride က်ေစတယ္။ ဒီေဆးေၾကာင့္ ဝမ္းပ်က္၊ ဗိုက္နာ၊ သည္းေျခေက်ာက္တည္၊ ေသြးအားနည္း၊ ေသြးက်ဲေဆးေတြကိုပိုအားေပးတာေတြ ျဖစ္ေစႏိုင္တယ္။
       သက္႐ွည္က်န္းမာၾကပါေစ။