၁၀ ခုမြောက် အယ်ဘမ် ကို ကိုယ်တိုင် အကုန်ကျခံ ထုတ်တဲ့ RAINBOW အဖွဲ့

၁၀ ခုမြောက် အယ်ဘမ် ကို ကိုယ်တိုင် အကုန်ကျခံ ထုတ်တဲ့ RAINBOW အဖွဲ့

နောက်ခံကုမ္ပဏီမရှိ ရင်းနှီးမြှပ်နှံ့မရှိ ထောက်ပံ့သူမရှိတော့သော်လည်း RAINBOW အဖွဲ့ ဟာ သူတို့ရဲ့ ၁၀ နစ်မြောက် အယ်ဘမ် ကို ကိုယ့် ပိုက်ဆံ ကိုထုတ်ကာ ထုတ်ဝေခဲ့ပါတယ်။ပရိတ်သတ်တွေနဲ့တွေ့ဆုံပွဲကိုလည်း အခမ်းအနားအပြင်အဆင်ကအစ သူတို့ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး ပွဲကို  ၅ နာရီကြာအောင် ကျင်းပခဲ့ပါတယ်။ ပွဲမှာ မှတ်စုစာအုပ်များ ပြက္ဒဒိန် များကိုလည်း ကိုယ်တိုင်ပြင်ဆင်ခဲ့သလို ပရိတ်သတ်တွေနဲ့လည်း အတူ ဂိမ်းဆော့ခဲ့ပါတယ်။ သူတို့ဟာသူတို့ အယ်ဘမ်ရောင်းရငွေမှ အမြတ်ငွေများ အားလုံးကို ပရဟိတ လုပ်ငန်းအတွက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 ပွဲပြီးချိန်မှာ အဖွဲ့ခေါင်းဆောင်ကလည်း သူမ Instagram မှာ သူမတို့ပရိတ်သတ်များကို မိုးတွေရွာနေတာတောင် လာပေးတဲ့ အတွက်‌ကျေးဇူးတင်ပါတယ်။ ဒီလောက်လူတွေအများကြီး လာမယ်လို့ မထင်မှတ်ထားတဲ့အတွက် ပိုဝမ်းသာမိပါတယ်။ ပရိတ်သတ်များနဲ့ ခဏခဏ မတွေ့နိုင်ပေမဲ့ ဒီလိုခဏတာတွေ့ဆုံပြီးအပြန်အလှန် ခွန်အားတွေပေးနိုင်ဖို့ကြိုးစားသွားမှာပါ ဟုပြောကြားခဲ့ပါတယ်။ဒါဟာ သူတို့ ၃ နစ်ကြာပြီးနောက် အဖွဲ့ဝင် ၇ ယောက်လုံး စုံစုံညီညီနဲ့ဖျော်ဖြေခဲ့တဲ့ပွဲဖြစ်ပါတယ်။

TT

(  Zawgyi  )



TT