“ကျောမှာ ဂဠုန် ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

“ကျောမှာ ဂဠုန် ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

“ကျောမှာ ဂဠုန် ရင်မှာနဂါး” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို လာမယ့် မေလ ၁၆ ရက်မှ စတင်ကာ ရုံတင်ပြသသွားဖို့ စီစဉ်ထားတယ်လို့ ယင်းဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ပွဲမှ သိရပါတယ်။ အဆိုပါ ဇာတ်ကားကို  မူပိုင်နှင်းဆီက စီစဉ်ပြီး ဇာတ်လမ်း နေဇာခြည်၊ ဇာတ်ညွှန်း နေခြည်အောင်သစ် တို့က ရေးဖွဲ့ထားကာ ဒါရိုက်တာနေပိုင် က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အဖြစ် ကျော်သူ၊ မြင့်မြတ်၊ ဝင်းပအိန္ဒြာနဲ့ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့် ထားကြကာ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုဇာတ်ကားကို ကျိုက်ထီးရိုးအနီးမှာ သွားရောက်ရိုက်ကူးထားပြီး မကောင်းမှုလုပ်တဲ့အခါ မကောင်းမှုရဲ့ အကျိုးကို ပြန်လည်ခံစားရပုံတွေ၊ မိဘမေတ္တာတွေကို ဖော်ကြူးထားတဲ့ ဒရမ်မာဇာတ်ကားလည်း ဖြစ်သလို သရုပ်ဆောင် ကျော်သူအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးတဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူး ထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ထိုဇာတ်ကားရိုက်ကူးနေချိန်မှာ သရုပ်ဆောင် ကျော်သူ ကွယ်လွန် တယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ဖူးသေးပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ပွဲကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းက သမ္မတရုပ်ရှင်ရုံမှာ မေလ ၁၄ ရက် ည ၇နာရီခွဲခန့်က ကျင်းပခဲ့သလို အနုပညာရှင်အများအပြား တက်ရောက်ခဲ့ကြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၁၅

(  Zawgyi  )

 “ေက်ာမွာ ဂဠဳန္ ရင္မွာနဂါး” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို လာမယ့္ ေမလ ၁၆ ရက္မွ စတင္ကာ ႐ုံတင္ျပသသြားဖို႔ စီစဥ္ထားတယ္လို႔ ယင္းဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ပြဲမွ သိရပါတယ္။ အဆိုပါ ဇာတ္ကားကို  မူပိုင္ႏွင္းဆီက စီစဥ္ၿပီး ဇာတ္လမ္း ေနဇာျခည္၊ ဇာတ္ၫႊန္း ေနျခည္ေအာင္သစ္ တို႔က ေရးဖြဲ႕ထားကာ ဒါ႐ိုက္တာေနပိုင္ က ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြ အျဖစ္ ေက်ာ္သူ၊ ျမင့္ျမတ္၊ ဝင္းပအိျႏၵာနဲ႔ သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္အားျဖည့္ ထားၾကကာ ေဆာင္းညျပာသို ႐ုပ္ရွင္ထုတ္လုပ္ေရး က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

ထိုဇာတ္ကားကို က်ိဳက္ထီး႐ိုးအနီးမွာ သြားေရာက္႐ိုက္ကူးထားၿပီး မေကာင္းမႈလုပ္တဲ့အခါ မေကာင္းမႈရဲ႕ အက်ိဳးကို ျပန္လည္ခံစားရပုံေတြ၊ မိဘေမတၱာေတြကို ေဖာ္ၾကဴးထားတဲ့ ဒရမ္မာဇာတ္ကားလည္း ျဖစ္သလို သ႐ုပ္ေဆာင္ ေက်ာ္သူအေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြ ျပန္လည္ ႐ိုက္ကူးတဲ့ ၂၀၁၆ ခုႏွစ္ကတည္းက ႐ိုက္ကူး ထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ထိုဇာတ္ကား႐ိုက္ကူးေနခ်ိန္မွာ သ႐ုပ္ေဆာင္ ေက်ာ္သူ ကြယ္လြန္ တယ္လို႔ ေကာလာဟလေတြလည္း ထြက္ေပၚခဲ့ဖူးေသးပါတယ္။

ထို႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ပြဲကို ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းက သမၼတ႐ုပ္ရွင္႐ုံမွာ ေမလ ၁၄ ရက္ ည ၇နာရီခြဲခန႔္က က်င္းပခဲ့သလို အႏုပညာရွင္အမ်ားအျပား တက္ေရာက္ခဲ့ၾကပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၁၅