“လက်ထပ်ပါရစေ”လို့ နာမည်ရသော အချစ်ဇာတ်ကား ရုံတင်ပြသမည်

“လက်ထပ်ပါရစေ”လို့ နာမည်ရသော အချစ်ဇာတ်ကား ရုံတင်ပြသမည်

“လက်ထပ်ပါရစေ”လို့ နာမည်ရတဲ့ အချစ်ဟာသ ရုပ်ရှင်ဇာတ်ကားကို လာမယ့် ၂၅ ရက်မှစတင် ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

ထိုရုပ်ရှင်ကားဟာ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးက ဂျမန်းစီစဉ်ထုတ်လုပ်ပြီး လူငယ်ဇာတ်ညွှန်း၊ လူငယ် ဒါရိုက်တာ တို့က တာဝန်ယူရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ရိုက်ကူးပြီးစီးခဲ့ပေမယ့် ရုံတင်ဖို့စောင့်ရင်း ယခု ၂၀၁၉ ခုနှစ် ဇူလိုင်လထဲရောက်မှ ရုံတင်ခွင့်ရတဲ့ ဇာတ်ကား တစ်ကားလည်းဖြစ်သလို ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကိုတော့ ဇူလိုင် ၁၅ ရက် ညက ရန်ကုန်မြို့ Junction City ရုပ်ရှင်ရုံမှာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ထိုဇာတ်ကားထဲမှာ သရုပ်ဆောင်တွေအဖြစ် ခါရာ၊ ထွန်းကိုကို၊ အားဝေ၊ ရန်အောင်၊ ရာဇာနေဝင်း၊ မေသန်းနု၊ တက္ကသိုလ် ဂွမ်းပုံ၊ ခြူးလေး၊ ကောင်းစစ်သွေး၊ နှိုင်းယှဉ်မြင့်မိုရ်၊ ထက်လင်း၊ ဧည့်သည် သရုပ်ဆောင်အဖြစ် ဦးချိုကြီး (Super Star) တို့ကပါဝင်ထားသလို အနုပညာရှင်များစွာက အားဖြည့်ထားကြပြီး ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ အရုဏ်ဦးပွင့်သိင်္ဂ ီဇော်တို့က ရိုက်ကူးထားကြ ပါတယ်။

“သုံးနှစ်လောက် စောင့်ခဲ့ရတဲ့ ရုပ်ရှင်ကားလေး ရုံတင်ခွင့်ရပါပြီ၊ Romance ကားလေးဖြစ်တာကြောင့် အရမ်းတော့ နောက်မကျသေးဘူးလို့ တော့ ထင်ပါတယ်၊ သုံးနှစ်လောက် ကြာတော့လည်း စိတ်တော့ပူရတာပေါ့၊ ကြိုးစားထားလို့ ပရိသတ်ရှေ့ကို အခုလိုထွက်လာပြီး ရုံတင်ခွင့်ရလာတာကိုပဲ ကျေနပ်မိပါတယ်၊ စောင့်မျှော် အားပေးကြပါဦးနော်”လို့လည်း ဒါရိုက်တာ အရုဏ်ဦးပွင့်သိင်္ဂ ီဇော်က ရှင်းပြပါတယ်။

ထိုဇာတ်ကားမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ အလွဲတွေကို ဟာသနဲ့ ပုံဖော်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို မမနဲ့ မောင်လေး အချစ်ဇာတ်လမ်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၁၆

(   Zawgyi  )

 “လက္ထပ္ပါရေစ”လို႔ နာမည္ရတဲ့ အခ်စ္ဟာသ ႐ုပ္ရွင္ဇာတ္ကားကို လာမယ့္ ၂၅ ရက္မွစတင္ ႐ုံတင္ျပသဖို႔ စီစဥ္ထားပါတယ္။

ထို႐ုပ္ရွင္ကားဟာ မေဟာ္ဂနီ႐ုပ္ရွင္ထုတ္လုပ္ေရးက ဂ်မန္းစီစဥ္ထုတ္လုပ္ၿပီး လူငယ္ဇာတ္ၫႊန္း၊ လူငယ္ ဒါ႐ိုက္တာ တို႔က တာဝန္ယူ႐ိုက္ကူးထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္ ကတည္းက ႐ိုက္ကူးၿပီးစီးခဲ့ေပမယ့္ ႐ုံတင္ဖို႔ေစာင့္ရင္း ယခု ၂၀၁၉ ခုႏွစ္ ဇူလိုင္လထဲေရာက္မွ ႐ုံတင္ခြင့္ရတဲ့ ဇာတ္ကား တစ္ကားလည္းျဖစ္သလို ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကိုေတာ့ ဇူလိုင္ ၁၅ ရက္ ညက ရန္ကုန္ၿမိဳ႕ Junction City ႐ုပ္ရွင္႐ုံမွာ စာနယ္ဇင္းရွင္းလင္းပြဲတစ္ရပ္ က်င္းပခဲ့ပါတယ္။

ထိုဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ေတြအျဖစ္ ခါရာ၊ ထြန္းကိုကို၊ အားေဝ၊ ရန္ေအာင္၊ ရာဇာေနဝင္း၊ ေမသန္းႏု၊ တကၠသိုလ္ ဂြမ္းပုံ၊ ျခဴးေလး၊ ေကာင္းစစ္ေသြး၊ ႏႈိင္းယွဥ္ျမင့္မိုရ္၊ ထက္လင္း၊ ဧည့္သည္ သ႐ုပ္ေဆာင္အျဖစ္ ဦးခ်ိဳႀကီး (Super Star) တို႔ကပါဝင္ထားသလို အႏုပညာရွင္မ်ားစြာက အားျဖည့္ထားၾကၿပီး ဇာတ္ၫႊန္း မိုးနီလြင္၊ ဒါ႐ိုက္တာ အ႐ုဏ္ဦးပြင့္သိဂၤ ီေဇာ္တို႔က ႐ိုက္ကူးထားၾက ပါတယ္။

“သုံးႏွစ္ေလာက္ ေစာင့္ခဲ့ရတဲ့ ႐ုပ္ရွင္ကားေလး ႐ုံတင္ခြင့္ရပါၿပီ၊ Romance ကားေလးျဖစ္တာေၾကာင့္ အရမ္းေတာ့ ေနာက္မက်ေသးဘူးလို႔ ေတာ့ ထင္ပါတယ္၊ သုံးႏွစ္ေလာက္ ၾကာေတာ့လည္း စိတ္ေတာ့ပူရတာေပါ့၊ ႀကိဳးစားထားလို႔ ပရိသတ္ေရွ႕ကို အခုလိုထြက္လာၿပီး ႐ုံတင္ခြင့္ရလာတာကိုပဲ ေက်နပ္မိပါတယ္၊ ေစာင့္ေမွ်ာ္ အားေပးၾကပါဦးေနာ္”လို႔လည္း ဒါ႐ိုက္တာ အ႐ုဏ္ဦးပြင့္သိဂၤ ီေဇာ္က ရွင္းျပပါတယ္။

ထိုဇာတ္ကားမွာ မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရသြားတဲ့ ကိုယ္ဝန္ေဆာင္တစ္ေယာက္ရဲ႕ အလြဲေတြကို ဟာသနဲ႔ ပုံေဖာ္ထားတဲ့ ဇာတ္ကားလည္းျဖစ္သလို မမနဲ႔ ေမာင္ေလး အခ်စ္ဇာတ္လမ္းကို ဟာသဆန္ဆန္ ႐ိုက္ကူးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၁၆