“သီချင်းထက် သရုပ်ဆောင်ပိုင်းကို ပိုလုပ်ဖြစ်နေတယ်ဆိုတဲ့ ကျော်ဆု”

“သီချင်းထက် သရုပ်ဆောင်ပိုင်းကို ပိုလုပ်ဖြစ်နေတယ်ဆိုတဲ့ ကျော်ဆု”

ရုပ်သံဇာတ်လမ်းတွဲတွေမှာ လူသိများလာတဲ့ မျက်နှာသစ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကျော်ဆု ဟာ ယခုဆိုရင် တေးသီချင်းအပိုင်းထက် သရုပ်ဆောင်တဲ့အပိုင်းကို ပိုမိုလုပ်ဆောင်ဖြစ်နေတယ်လို့ ပြောပါတယ်။

“သီချင်းတွေအတွက် အလုပ်တွေက ပျက်ခဲ့တာရှိပါတယ်၊ အခုက သရုပ်ဆောင်တဲ့အပိုင်းကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်နေတယ်၊ ရှုတင်တစ်ခုရှိရင် Actor ကြီးတွေနဲ့ သရုပ်ဆောင်ရတော့ သူတို့ကလည်း ဒီနေ့မှာ ရိုက်မယ်ဆိုရင် ကိုယ်တွေက တခြားအလုပ်ရှိလည်း ဖျက်လို့မရတော့ သီချင်းထက် ဒီဘက်ကိုလုပ်ဖြစ်တာ ဖြစ်ပါတယ်” လို့ သရုပ်ဆောင် ကျော်ဆု က ရှင်းပြပါတယ်။

ပြည်တွင်းမှာ ပြသနေတဲ့ Free to Air ရုပ်သံလိုင်းတွေက ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်နေတဲ့အပြင် နောက်ထပ် ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။

လတ်တလောမှာ သရုပ်ဆောင်လောကထဲက အမျိုးသမီးသရုပ်ဆောင်တစ်ဦးနဲ့ သတင်းတွေထွက်ပေါ်မှုနဲ့ ပတ်သက်ပြီးတော့ သူက “ကျွန်တော် လူမှုကွန်ရက်မှာတင်တယ် ဘာရယ်ဆိုတာတွေကလည်း ဘာရယ်မဟုတ်ပါဘူး၊ လူငယ်ဆိုတော့လည်း စိတ်ပေါ့ပါးအောင် ရေးသားတာမျိုးတွေတော့ ရှိခဲ့တာပေါ့၊ ကျွန်တော် မရင့်ကျက်သေးပါဘူး၊ ကိုယ့်ကိုယ်ကို Control လုပ်နိုင်တာရှိသလို မလုပ်နိုင်တာတွေလည်း အများကြီးရှိပါတယ်၊ စိတ်က မငြိမ်းချမ်းသေးဘူး၊ လူမှုကွန်ရက်မှာ ရေးတာသားတာတွေအတွက်လည်း ကျွန်တော့်ရဲ့အပြုအမူက ပရိသတ်ကိုလည်း စော်ကားရာရောက်မှာလည်း စိုးရိမ်တယ်၊ အခုနောက်ပိုင်းတော့ နှလုံးသားရေးရာ ခံစားချက်တင်ပေးတာပဲရှိတယ်၊ ကျွန်တော်တို့ အနုပညာသမားဆိုတာ အတ္တများတယ်၊ အတ္တကြီးတယ်၊ အိမ်ထောင်ဘက် ရွေးရင်တော့ အပြင်ကပဲရွေးမှာပါ၊ အနုပညာလောကထဲမှာဆိုရင် သူလည်းအတ္တများ ကိုယ်လည်း အတ္တများတော့ အဆင်မပြေနိုင်ဘူးလေ၊ အိမ်ထောင်တော့ပြုမှာပါ၊ လောလောဆယ်တော့ အနုပညာအလုပ်တွေကိုပဲ လုပ်နေဦးမယ်” လို့ ဆိုပါတယ်။

သူဟာ Channal + က ထုတ်လွှင့်နေတဲ့ Toxic ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ယခင်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ ကာရိုက်တာမျိုးတွေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“အဲ့ဒီ Toxic ရုပ်ရှင်ဇာတ်လမ်းတွဲမှာက မတူညီတာတွေ အများကြီးတွေ့ရမှာပါ၊ ပထမတစ်ကြိမ်တော့ ပြပြီးသွားပြီ၊ အခုထပ်ပြတာကြောင့် မကြည့်ရသေးတဲ့ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ကို အားပေးပါဦးလို့ ပြောချင်ပါတယ်၊ အဲ့ဒီထဲမှာက Zombie နဲ့မို့ ထူးထူးခြားခြားဇာတ်က ဖြစ်နေပါတယ်၊ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတစ်ခုနဲ့တစ်ခုမှာ မတူတဲ့ ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်သွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

႐ုပ္သံဇာတ္လမ္းတြဲေတြမွာ လူသိမ်ားလာတဲ့ မ်က္ႏွာသစ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ေက်ာ္ဆု ဟာ ယခုဆိုရင္ ေတးသီခ်င္းအပိုင္းထက္ သ႐ုပ္ေဆာင္တဲ့အပိုင္းကို ပိုမိုလုပ္ေဆာင္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“သီခ်င္းေတြအတြက္ အလုပ္ေတြက ပ်က္ခဲ့တာရွိပါတယ္၊ အခုက သ႐ုပ္ေဆာင္တဲ့အပိုင္းကိုေတာ့ ဦးစားေပးၿပီး လုပ္ျဖစ္ေနတယ္၊ ရႈတင္တစ္ခုရွိရင္ Actor ႀကီးေတြနဲ႔ သ႐ုပ္ေဆာင္ရေတာ့ သူတို႔ကလည္း ဒီေန႔မွာ ႐ိုက္မယ္ဆိုရင္ ကိုယ္ေတြက တျခားအလုပ္ရွိလည္း ဖ်က္လို႔မရေတာ့ သီခ်င္းထက္ ဒီဘက္ကိုလုပ္ျဖစ္တာ ျဖစ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ ေက်ာ္ဆု က ရွင္းျပပါတယ္။

ျပည္တြင္းမွာ ျပသေနတဲ့ Free to Air ႐ုပ္သံလိုင္းေတြက ဇာတ္လမ္းတြဲေတြထဲမွာ သ႐ုပ္ေဆာင္ေနတဲ့အျပင္ ေနာက္ထပ္ ဇာတ္လမ္းတြဲေတြကိုလည္း လက္ခံ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

လတ္တေလာမွာ သ႐ုပ္ေဆာင္ေလာကထဲက အမ်ိဳးသမီးသ႐ုပ္ေဆာင္တစ္ဦးနဲ႔ သတင္းေတြထြက္ေပၚမႈနဲ႔ ပတ္သက္ၿပီးေတာ့ သူက “ကြၽန္ေတာ္ လူမႈကြန္ရက္မွာတင္တယ္ ဘာရယ္ဆိုတာေတြကလည္း ဘာရယ္မဟုတ္ပါဘူး၊ လူငယ္ဆိုေတာ့လည္း စိတ္ေပါ့ပါးေအာင္ ေရးသားတာမ်ိဳးေတြေတာ့ ရွိခဲ့တာေပါ့၊ ကြၽန္ေတာ္ မရင့္က်က္ေသးပါဘူး၊ ကိုယ့္ကိုယ္ကို Control လုပ္ႏိုင္တာရွိသလို မလုပ္ႏိုင္တာေတြလည္း အမ်ားႀကီးရွိပါတယ္၊ စိတ္က မၿငိမ္းခ်မ္းေသးဘူး၊ လူမႈကြန္ရက္မွာ ေရးတာသားတာေတြအတြက္လည္း ကြၽန္ေတာ့္ရဲ႕အျပဳအမူက ပရိသတ္ကိုလည္း ေစာ္ကားရာေရာက္မွာလည္း စိုးရိမ္တယ္၊ အခုေနာက္ပိုင္းေတာ့ ႏွလုံးသားေရးရာ ခံစားခ်က္တင္ေပးတာပဲရွိတယ္၊ ကြၽန္ေတာ္တို႔ အႏုပညာသမားဆိုတာ အတၱမ်ားတယ္၊ အတၱႀကီးတယ္၊ အိမ္ေထာင္ဘက္ ေ႐ြးရင္ေတာ့ အျပင္ကပဲေ႐ြးမွာပါ၊ အႏုပညာေလာကထဲမွာဆိုရင္ သူလည္းအတၱမ်ား ကိုယ္လည္း အတၱမ်ားေတာ့ အဆင္မေျပႏိုင္ဘူးေလ၊ အိမ္ေထာင္ေတာ့ျပဳမွာပါ၊ ေလာေလာဆယ္ေတာ့ အႏုပညာအလုပ္ေတြကိုပဲ လုပ္ေနဦးမယ္” လို႔ ဆိုပါတယ္။

သူဟာ Channal + က ထုတ္လႊင့္ေနတဲ့ Toxic ႐ုပ္ရွင္ဇာတ္လမ္းတြဲမွာ ယခင္ဇာတ္လမ္းတြဲေတြနဲ႔ မတူတဲ့ ကာ႐ိုက္တာမ်ိဳးေတြနဲ႔ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

“အဲ့ဒီ Toxic ႐ုပ္ရွင္ဇာတ္လမ္းတြဲမွာက မတူညီတာေတြ အမ်ားႀကီးေတြ႕ရမွာပါ၊ ပထမတစ္ႀကိမ္ေတာ့ ျပၿပီးသြားၿပီ၊ အခုထပ္ျပတာေၾကာင့္ မၾကည့္ရေသးတဲ့ ပရိသတ္ေတြအေနနဲ႔လည္း ကြၽန္ေတာ့္ကို အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္၊ အဲ့ဒီထဲမွာက Zombie နဲ႔မို႔ ထူးထူးျခားျခားဇာတ္က ျဖစ္ေနပါတယ္၊ ေနာက္ပိုင္းမွာလည္း ဇာတ္လမ္းတြဲတစ္ခုနဲ႔တစ္ခုမွာ မတူတဲ့ ကာ႐ိုက္တာမ်ိဳးနဲ႔ သ႐ုပ္ေဆာင္သြားမွာပါ” လို႔ သူက ဆက္ေျပာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၂၄