【နည်းပညာသတင်း 】ဂြိုဟ်တုအင်တာနက်အတွက် အာကာသထဲ ဒုံးပျံ ၈၃ စင်း လွှတ်တင်ခဲ့တဲ့ Amazon

【နည်းပညာသတင်း 】ဂြိုဟ်တုအင်တာနက်အတွက် အာကာသထဲ ဒုံးပျံ ၈၃ စင်း လွှတ်တင်ခဲ့တဲ့ Amazon

Amazon.com Inc (AMZN.O) အနေနဲ့ ၅ နှစ်အတွင်း ဒုံးပျံ ၈၃ စင်း လွှတ်တင်နိုင်ခဲ့ပြီး ထိုအထဲမှာ Project Kuiper လို့ ခေါ်တဲ့ အင်တာနက်ဂြိုဟ်တုများပါ အတူပါဝင်ခဲ့ကြောင်း e-commerce ကုမ္ပဏီကြီးက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
Project Kuiper အနေနဲ့ အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ရဲ့ Starlink နဲ့ ယှဉ်ပြိုင်သွားဖွယ်ရှိနေပါတယ်။
ဒုံးပျံလွှတ်တင်မှုများအတွက် ဥရောပရဲ့ Arianespace ၊ ဂျက်ဖ် ဘီဇော့ တည်ထောင်ထားတဲ့ Blue Origin ၊ United Launch Alliance (ULA) တို့နဲ့ သဘောတူညီမှုရရှိထားတယ်လို့ Amazon က ဆိုပါတယ်။
Project Kuiper ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုအနေနဲ့ ဂြိုဟ်တု ၃,၀၀၀ ကျော်ကို အသုံးပြုပြီး အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများနဲ့ အစိုးရအေဂျင်စီများထံသို့ မြန်နှုန်းမြှင့် အင်တာနက်ဝန်ဆောင်မှုပေးရန် ရည်မှန်းထားပါတယ်။
ဝန်ဆောင်‌မှုပေးသူအများအပြားထံမှ လွှတ်တင်မှုများကို လုံခြုံစေခြင်းဟာ လွှတ်တင်ယာဉ် ရပ်နားရခြင်းများနဲ့ဆက်စပ်တဲ့ အန္တရာယ်များကို လျော့နည်းစေပါတယ်၊ ဒါ့အပြင် သုံးစွဲများအ‌နေနဲ့ ကုန်ကျစရိတ်ကိုလည်း ပိုမိုသက်သာစေမှာဖြစ်ပါတယ်ဟု Project Kuiper ရဲ့ နည်းပညာဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Rajeev Badyal က ပြောကြားခဲ့ပါတယ်။
Project Kuiper မှ နောက်ထပ်လွှတ်တင်မှုများအတွက် Arianespace ရဲ့ Ariane 6 ဒုံးပျံနဲ့ လွှတ်တင်မှု ၁၈ ကြိမ်၊ Blue Origin ရဲ့ New Glenn နဲ့ လွှတ်တင်မှု ၁၂ ကြိမ်၊ ULA ရဲ့ Vulcan Centaur နဲ့ လွှတ်တင်မှု ၃၆ ကြိမ်တို့ကို စာချုပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။
၎င်းစာချုပ်က ကုမ္ပဏီရဲ့ ဂြိုဟ်တုကြယ်စုများ ဖြန့်ကြက်မှုစွမ်းရည်ကို ကူညီပေးမှာဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Amazon.com ကလည်း ၎င်းတို့အနေနဲ့ ကမ္ဘာပတ်လမ်းနိမ့် ဂြိုဟ်တုများနဲ့ သုံးစွဲသူ အိမ်များကို ဝန်ဆောင်မှုပေးနိုင်ရန် ဒီဇိုင်းဆွဲ တီထွင်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
 
Damien
Ref - Reuters

နယူးယောက်၊ ဧပြီ ၆