【 ဆောင်းပါး 】 ရပ်တန့်သွားမှာကို ရဲရဲရင်ဆိုင်ပါ

【 ဆောင်းပါး 】 ရပ်တန့်သွားမှာကို ရဲရဲရင်ဆိုင်ပါ

   မော်တန် တီ ဟန်ဆန်က ကွင်းဆက်ထုံး ဗျူဟာ #၁ မှာ ၁၅ ကို ဖြတ်ထုတ်ပါ။
   ကွင်းဆက်ထုံး ဗျူဟာ #၂ မှာ ထူထဲ ခိုင်ခန့်အောင် ခုတ်ပိုင်းပါ။
   ကွင်းဆက်ထုံး ဗျူဟာ #၃ မှာ သိမ်မွေ့မှုကို တိုင်းတာပါ။
   ကွင်းဆက်ထုံး ဗျူဟာ #၅မှာ နက်နက်တူးပါ။
   ကွင်းဆက်ထုံး ဗျူဟာ #၄ မှာ ဖျတ်လတ်ပေါ့ပါးသွက်လက်တဲ့ တုန့်ပြန်အကြံပေးမှုကို မြန်မြန်ရယူပါဆိုတဲ့ နည်းနာတွေနဲ့ ကွင်းဆက်ထုံး လေ့လာသင်ယူမှု စနစ်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းပြပြီးတော့ အခုနောက်ဆုံး ကွင်းဆက်ထုံးဗျူဟာတွေကို ဘယ်လိုဖော်ထုတ်ပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်။
          ကွင်းဆက်ထုံး ဗျူဟာ #၆
ရပ်တန့်သွားမှာကို ရဲရဲရင်ဆိုင်ပါ
   မက်ဂနပ် ကာဆန်က သာမာန် စစ်တုရင်ကစားသမားတစ်ယောက် မဟုတ်ပါ။နော်ဝေဂျီယံ မြို့ငယ်လေးတစ်ခုမှာ မွေးဖွားကြီပြင်းလာသူတစ်ယောက်ပါ။သူက အသက်ရှစ်နှစ်အရွယ်ကစ လေးလေးနက်နက်ကစားလာခဲ့တာပါ။သူ့အသက် ဆယ့်သုံးနှစ်မှာတော့ ကမ္ဘာမှာ ဒုတိယအသက်အငယ်ဆုံး ဂရင်းမာစတာ စစ်တုရင်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။အသက် တစ်ဆယ့်ကိုးနှစ်မှာတော့ သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးနဲ့ ကမ္ဘာ့အဆင့်တစ်ဖြစ်တဲ့ စစ်တုရင်ကစားသမားဖြစ်ခဲ့ပါတယ်။နောက်နှစ်နှစ်ကြာတော့ အထူးချွန်ဆုံး ရုရှားချန်ပီယံ ဂယ်ရီ ကက်စပါရော့ဖ် အမှတ်အမြင့်ဆုံး မှတ်တမ်းတင်ထားတဲ့  ၂,၈၈၂ ပွိုင့်ကို သူထိခဲ့တယ်။ ၂၀၁၃ ခုနှစ် သူ့အသက် နှစ်ဆယ့်သုံးနှစ်မှာတော့ စစ်တုရင် ကမ္ဘာ့ချန်ပီယံဆုကို သူဆွတ်ခူးခဲ့ပါတယ်။သူက ဒီဆုကို နောက်ထပ်ပွဲစဉ်တွေကျင်းပတဲ့ ကပ်ရက်နှစ်နဲ့ ၂၀၁၆ မှာတစ်ကြိမ် ဆက်လက်ကာကွယ်နိုင်ခဲ့တယ်။
   ကာဆန်ဟာ မွေးရာပါ ပါရမီရှင်ရဲ့ ပြယုဂ်တစ်ခုပါ။စစ်တုရင်ကစားဖို့အတွက် ပါရမီပါသူတစ်ဦးဖြစ်ပြီး လေ့ကျင့်မှုကောင်းကောင်းလုပ်တဲ့သူဟာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်တယ်လို့ ယုံကြည်သူတွေအတွက် ကွာခြားမှုကို ထင်ထင်ရှားရှားကြီး မြင်နိုင်စေခဲ့သူပါ။သူ့ကစားဖက် ဂရင်းမာစတာတွေက သူဟာ ထူးခြားတဲ့ ဉာဏ်ကြီးရှင် ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြတယ်။ကျွန်တော်တို့ ခင်ဗျားတို့အားလုံး စစ်တုရင်ပညာမှာ ဘယ်လိုမှ ကာဆန်ရဲ့ အဆင့်ကို မီနိုင်မှာ မဟုတ်ဘူး။နာရီ ၁၀,၀၀၀ မဆိုနဲ့ နာရီ ၁၀၀,၀၀၀ ကျင့်လည်း မီမှာ မဟုတ်ပါဘူး။စစ်တုရင်ကစားတာဟာ သူ့ရဲ့သဘာဝခွန်အားတစ်ခုဖြစ်တယ်။
   ဒါပေမဲ့ ကာဆန်မှာ စစ်တုရင်ပါရမီ ဉာဏ်ကြီးရှင်ထက် ပိုတာတွေရှိသေးတယ်။သူ့ကို သာမန်လူတွေနဲ့ နှိုင်းပြီး သူ့မှာ အခြားသူတွေမှာမရှိတဲ့ စူပါပါရမီပါတယ်လို့‌တော့ ပြောလို့မဖြစ်ဘူး၊ ကျွန်တော်တို့ သူ့ကို အခြားစစ်တုရင်ဆရာကြီးတွေနဲ့ နှိုင်းယှဉ်ကြည့်သင့်တာပေါ့၊ ပြီးမှ ကာဆန်က ဘာကြောင့် အခြားသူတွေထက် ပိုတော်တယ်ဆိုတာ မေးခွန်းထုတ်ကြည့်ရမှာဖြစ်ပါတယ်။
   အနှစ်ချုပ်ကြည့်တော့ သူတို့အားလုံးကလည်း ထူးကဲပါရမီရှင်တွေဖြစ်ကြတယ်။ကျွန်တော်တို့ ကာဆန်ရဲ့ လုပ်ရပ်တွေကို ထဲထဲဝင်ဝင် လေ့လာကြည့်တော့ သူက သူ့ပြိုင်ဖက်တွေကို နောက်မှာ ချန်ထားခဲ့နိုင်တာ သူ့မှာ သူမတူတဲ့ သင်ယူတတ်တဲ့ စိတ်နေသဘောထားရှိတာ တွေ့လာရတယ်။သူ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးတဲ့ ၂၀၁၃ ခုနှစ်မှာ သူက “တကယ်တော့ ကျွန်တော်က စစ်တုရင်ကို အမှန်တကယ်နားလည်ဖို့ အဝေးကြီးလိုနေသေးတာပါ။ကျွန်တော်သင်ယူရမှာတွေ အများကြီးရှိနေသေးတယ်၊ တချို့ဟာတွေဆို ကျွန်‌တော် ခုထိ သေချာနားမလည်သေးဘူး၊ အဲဒါကြောင့်လည်း ကျွန်တော့်ကို စိတ်တက်ကြွနေအောင် တွန်းအားပေးသလိုဖြစ်နေပြီး၊ ကျွန်တော် ဆက်လေ့လာဖြစ်နေတယ်၊ ပိုပြီးသိစရာတွေ များများလာလေ ကျွန်တော့်ကိုယ်ကျွန်တော် ပိုတိုးတက်အောင်လုပ်နိုင်လေ ဖြစ်လာတယ်” လို့ ပြောခဲ့တယ်။
   တကယ်ကြီးလား။သင်က ကမ္ဘာမြေပေါ်မှာ အတော်ဆုံး စစ်တုရင်ကစားသမား ဖြစ်နေတာတောင် သင် စစ်တုရင်ကို သေချာမသိသေးဘူးလို့ ပြောတယ်၊ ဟုတ်ပါလေစ။
   သူက အဲလိုနှိမ့်ချတတ်တဲ့ သင်ယူသူတစ်ယောက်ပါ။ကာဆန်က စတန်းဖို့ဒ်က ပရော်ဖက်ဆာ ကာရိုဒွက်ရဲ့ စိတ်အနေအထားတိုးတက်‌ရေး သီအိုရီကို သင်ယူဖို့ စာရင်းပေးခဲ့ပါတယ်။သူမလုပ်ခဲ့တာတွေကို သူသိချင်မှသိမှာပေမယ့်လည်း သူသင်ယူချင်ခဲ့တယ်။ဒွက်ရဲ့ သီအိုရီမှာ ပြောထားတာက သင်က သင့်မှာ ပါရမီရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ (ပုံသေ စိတ်အနေအထား) တိုးတက်မှုအများကြီးဖြစ်လာဖို့ သိပ်အလေးမထားတတ်ဘူးလို့ ယုံကြည်ထားပြီး၊ အခြား ပါရမီဆိုတာ ထူးခြားတဲ့ အစွမ်းတစ်ခုဖြစ်တယ်လို့ တွေးတဲ့သူတွေကတော့ (တိုးတက်လိုတဲ့ စိတ်အနေအထား) တစ်ခုခုမှာ သူတို့ ကျွမ်းကျင်ပြီးသားဖြစ်နေလျက်နဲ့တောင် အားပိုစိုက်ထုတ် ကြိုးစားတယ်။
   ကာဆန်ရဲ့ စိတ်အနေအထားအရ သူ့ရဲ့ အရင်က အောင်မြင်မှုကို အရေးမထားဘဲ တိုးတက်အောင် တွန်းလုပ်တဲ့အတွက် စတော့ပွိုင့်ထောင်ချောက်ထဲကို ကျရိုးကျစဉ်အတိုင်း မကျဘဲ ကာကွယ်ပြီးသားလိုဖြစ်သွားခဲ့တယ်။လှုပ်ရှားမှုတစ်ခုမှာ ကျွမ်းကျင် ပိုင်နိုင်အောင် လေ့ကျင့်တဲ့အခါ သူတို့က အရမ်းတော်တဲ့သူတွေသာမက၊ ထူးချွန်တဲ့သူတွေတောင် ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ အဲဒီအချိန်မှာ တစ်ခုခု ဖြစ်သွားနိုင်တာက - သူတို့ ရှေ့ဆက်မတက်တော့ဘဲ တန့်သွားတာပါ။
   ဥပမာပြရရင် မြောက်ကယ်ရိုလိုင်းနားမှာ အကြီးအကျယ်လုပ်ခဲ့တဲ့ လေ့လာရေးတစ်ခုမှာ ဆရာ၊ ဆရာမတွေက သုညကနေ နှစ်နှစ်အထိ သင်ကြားရေးအတွေ့အကြုံရတဲ့အထိ တိုးတက်မှုကြ ရှိပြီး၊ အဲဒီနောက်ကျရင် သူတို့ရပ်တန့်သွားတတ်ကြတယ်။နှစ်ဆယ့်ခုနစ်နှစ် အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေကျ (နှစ်နှစ်ကြာတိုးတက်လာခဲ့ပြီး ကျောင်းသားတွေကို တော်အောင်လုပ်ပေးနိုင်ခဲ့တဲ့ သူတွေနဲ့ နှိုင်းစာရင် နာရီပေါင်း ၄၀,၀၀၀ လေ့ကျင့်ပြီးသူတွေကျ သူတို့ရဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာ ကျွမ်းကျင်မှုနဲ့ စစ်ဆေးတိုင်းတာကြည့်ပေမယ့် သိသာအောင် ဘာမှထိခိုက်မှုမျိုး မတွေ့ရပါ) နာရီ ၁၀,၀၀၀ လေ့ကျင့်ရေး မူဝါဒတော့ ထားလိုက်တော့။
   လူတွေက တိုးတက်မှုအသစ်ကို လိုချင်ကြတယ်၊ ဒါပေမဲ့ သူတို့စိတ်တိုင်းကျသွားတဲ့ အနေအထားအထိပဲ၊ အဲဒီနောက် သူတို့ ရပ်တန့်သွားကြတယ်။
   စီးပွားရေး နိုဘယ်လ်ဆုရှင် ဟာဘတ်ဆိုင်မွန်က ဒီ “စိတ်တိုင်းကျ” တယ်ဆိုတဲ့ အသုံးအနှုန်းကို စသုံးခဲ့တာပါ။ (စိတ်တိုင်းကျဆိုတဲ့ စကားလုံးကို “စိတ်အတိုင်းကျ” ဆိုတဲ့ စကားလုံးနဲ့ ရယ်စရာပြောခဲ့တာပါ)
          ရပ်တန့်သွားတဲ့ နေရာကို ကျော်ပြီးတွန်းပါ
   ကွင်းဆက်ထုံး သင်ယူမှုက သတိမကပ်ဘဲ ထပ်ခါတလဲလဲ လုပ်တာထက် ပိုကောင်းတဲ့ ရလဒ်တွေရဖို့ ဦးတည်တာပါ၊ ဒါပေမဲ့ ရပ်တန့်သွားတဲ့ နေရာကို ကျော်လွန်အောင် တွန်းရမှာပါ။
   တချို့လူတွေက ဘာလို့ “တော်လောက်ပြီ” ဆိုတဲ့ နေရာရောက်ရင် တန့်သွားတာလဲ။သုတေသနသမားတွေက တွေ့တာကတော့ ကျွန်တော်တို့ တော်တော်များများက ကိုယ့်အရည်အချင်းကို အော်တိုလုပ်ထားတတ်ကြပါသတဲ့။စစချင်းတော့ ကျွန်တော်တို့က အရောင်းတိုးတက်အောင် ကြိုးစားရုန်းကန်ပြီး လုပ်ကြမှာပါ။အခုဆိုရင် ကျွန်တော်တို့ အိပ်နေရင်းတောင် လုပ်လို့ရတဲ့ အခြေအနေရောက်သွားပါ ပြီ။ဆိုတော့ ကျွန်တော်တို့ အိပ်သွားကြတာပေါ့။အရင်က အားမာန်နဲ့လုပ်ရတဲ့ ဆောင်ရွက်ချက်တွေက အခုဆိုရင် အလေ့အကျင့်ရသွားပါပြီ။တစ်ခါတလေတော့လည်း အဲဒါကကောင်းပါတယ်။ကျွန်တော်တို့ အလုပ်လုပ်ရက်မှာ နောက်ဆုံးလုပ်ရမယ့် အလုပ်ကို ကြိုမှန်းနိုင်တဲ့ အချိန်ရောက်ရင် ကျွန်တော်တို့ လှုပ်ရှားမှု နှေးကွေးသွားပြီ။အဲဒီအချိန်မှာ အလေ့အကျင့်တစ်ခုက အော်တိုလှုပ်ရှားတဲ့ အနေအထားကို ရောက်သွားပြီး၊ ကျွန်တော်တို့ရဲ့ သင်ယူမှုက ရပ်တန့်သွားပါပြီ။ကိုယ်က ထိပ်ရောက်နေတာတောင်မှ အကန့်အသတ်တွေကို အဆက်မပြတ် ဖယ်ထုတ်ပစ်လိုက်နိုင်ဖို့ မက်ဂနက် ကာဆန်ဆီက နည်းယူပြီး မလုပ်ဘူးဆိုရင် ရပ်တန့်သွားပါပြီ။ 
   ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါတဲ့ ထိပ်တန်းစွမ်းဆောင်ရှင်တွေက ကာဆန်ရဲ့  အဆိုအမိန့်ကို လိုက်နာကြပါတယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ များပြားလှတဲ့ ၇၄ ရာခိုင်နှုန်းသော ထိပ်တန်းစွမ်းဆောင်ရှင်တွေက သူတို့လုပ်ဆောင်ခဲ့တာတွေကို သင်ခန်းစာယူပြီး တိုးတက်အောင်လုပ်ဖို့အတွက် ပုံမှန် ပြန်သုံးသပ်တတ်ကြတယ်။အဲဒါကို စွမ်းဆောင်ရည်မမီတဲ့ ၁၇ ရာခိုင်နှုန်းပဲရှိတဲ့ လူများနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ 
   ထိပ်တန်းစွမ်းဆောင်ရှင်တွေဟာ အနားမယူကြပါဘူး။သူတို့က အမြဲလို လေ့လာသင်ယူနေတတ်ကြတယ်။ဂျီရိုကို မှတ်မိတယ်မလား၊ ဆူရှီလုပ်တဲ့ စားဖိုမှူးလေ၊ အသက်ရှစ်ဆယ့်ငါးနှစ်မှာ သူ့ကိုယ်သူ တွန်းနေတုန်းပဲ။
   “ကျွန်တော်က ပိုကောင်းတဲ့ ဆူရှီပဲ လုပ်ချင်တာပါ” လို့ မှတ်တမ်းတင် ရုပ်ရှင်ထဲမှာ ပြောခဲ့တယ်။“ဒီတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါလုပ်ခဲ့တယ်၊ တိုးတက်မှုလည်း တဖြည်းဖြည်းရခဲ့တယ်။ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး အခု အသက်အရွယ်ရလာတဲ့အထိ စိတ်တိုင်းကျလုပ်နိုင်ခဲ့တယ်လို့ မထင်သေးဘူး။”
          ကိုယ့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဉာဏ်ပါပါနဲ့ အစွမ်းပြလုပ်နိုင်သူများ ဖြစ်ကြပါစေ။
          (ဆက်လက်ဖော်ပြပါမည်။)
   သက်ထွန်း (သျှမ်း)