【 နည္းပညာ 】ဂူဂဲ၏ မိခင်ကုမ္ပဏီကြီး Alphabet ကယ်ဆယ်ရေးစက်ရုပ်များ တီထွင်ထုတ်လုပ်မှုကို စွန့်လွှတ်လိုက်ပြီ

【  နည္းပညာ 】ဂူဂဲ၏ မိခင်ကုမ္ပဏီကြီး Alphabet ကယ်ဆယ်ရေးစက်ရုပ်များ တီထွင်ထုတ်လုပ်မှုကို စွန့်လွှတ်လိုက်ပြီ

ရှာပုံတော်ဘီလူးကြီး ဂူဂဲရဲ့ မိခင်ကုမ္ပဏီကြီး Alphabet ဟာ ၅နှစ်ကြာပြီးနောက်မှာ ခြေထောက် နှစ်ချောင်းပါ စက်ရုပ်တွေ တီထွင်မှုကို စွန့်လွှတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

ကုမ္ပဏီကြီးဟာ ၂၀၁၃ခုနှစ်က စွန့်ဦးတီထွင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Schaft နဲ့ Boston Dynamics ကို ဝယ်ယူပြီးကတည်းက အကြီးစားစက်မှုလုပ်ငန်းသုံးစက်ရုပ်တွေကို တီထွင်လာခဲ့တာပဲ ဖြစ်ပါတယ်။
၎င်းရဲ့တီထွင်မှုတွေဟာ ဆုတွေလည်းရခဲ့၊ စက်ရုပ်တွေ လှုပ်ရှားနေတဲ့ဗီဒီယိုတွေလည်း အင်တာနက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Alphabet ဟာ စိတ်ကူးပြောင်းသွားပြီး ၂၀၁၇ခုနှစ်မှာ Boston Dynamics ကို ရောင်းချခဲ့ပါတယ်။ ဒါပေမယ့်လည်း Schaftကို မရောင်းချနိုင်ဘဲ အဲဒီ့အစား ကုမ္ပဏီခွဲကို ပိတ်ပစ်မှာ ဖြစ်တယ်လို့သာ ပြောကြားခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ Shchaftရဲ့ စက်ရုပ်တစ်ရုပ်ဟာ ပင်တဂွန်ရဲ့ သုတေသနဌာန Darpaက ကြီးမှူး ကျင်းပတဲ့ ကယ်ဆယ်ရေးစက်ရုပ်ပြိုင်ပွဲပထမအကြော့မှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လည်း Alphabet ဟာ ၂၀၁၄ခုနှစ်မှာ အမှုဆောင်အရာရှိ အန်ဒီ ရူဘင်ထွက်ခွာသွားပြီးနောက်မှာ ၎င်းရဲ့ ရည်မှန်းချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

Boston Dynamics ကို ၂၀၁၇ခုနှစ်မှာ Softbank Groupကို ရောင်းချလိုက်ပြီး အဆိုပါ ဂျပန် ကုမ္ပဏီဟာ မူလက Schaft ကို ဝယ်ယူဖို့ သဘောတူထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း Schaftကို ဝယ်ယူရေးကတော့ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

“Softbank က Schaft ကို မဝယ်ယူတော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဖြစ်နိုင်ခြေအများကြီးကို စဉ်းစားပြီးမှ နောက်ဆုံးမှာ Schaft ကို ပိတ်သိမ်းပစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်”လို့ Alphabetရဲ့ ပြောခွင့်ရအမျိုးသမီးက သတင်းဝဘ်ဆိုက် Nikkei Asian Review ကို ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီကတော့ Schaft ရဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီတွင်းမှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် အလုပ်အကိုင်အသစ်တွေ ရနိုင်အောင် ကူညီသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : BBC
Robot Tech

 

(  Zawgyi )

ရွာပုံေတာ္ဘီလူးႀကီး ဂူဂဲရဲ႕ မိခင္ကုမၸဏီႀကီး Alphabet ဟာ ၅ႏွစ္ၾကာၿပီးေနာက္မွာ ေျခေထာက္ ႏွစ္ေခ်ာင္းပါ စက္႐ုပ္ေတြ တီထြင္မႈကို စြန႔္လႊတ္လိုက္ၿပီပဲ ျဖစ္ပါတယ္။

ကုမၸဏီႀကီးဟာ ၂၀၁၃ခုႏွစ္က စြန႔္ဦးတီထြင္ကုမၸဏီႏွစ္ခုျဖစ္တဲ့ Schaft နဲ႔ Boston Dynamics ကို ဝယ္ယူၿပီးကတည္းက အႀကီးစားစက္မႈလုပ္ငန္းသုံးစက္႐ုပ္ေတြကို တီထြင္လာခဲ့တာပဲ ျဖစ္ပါတယ္။
၎ရဲ႕တီထြင္မႈေတြဟာ ဆုေတြလည္းရခဲ့၊ စက္႐ုပ္ေတြ လႈပ္ရွားေနတဲ့ဗီဒီယိုေတြလည္း အင္တာနက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ဒါေပမယ့္လည္း Alphabet ဟာ စိတ္ကူးေျပာင္းသြားၿပီး ၂၀၁၇ခုႏွစ္မွာ Boston Dynamics ကို ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္လည္း Schaftကို မေရာင္းခ်ႏိုင္ဘဲ အဲဒီ့အစား ကုမၸဏီခြဲကို ပိတ္ပစ္မွာ ျဖစ္တယ္လို႔သာ ေျပာၾကားခဲ့ပါတယ္။

၂၀၁၃ခုႏွစ္မွာ Shchaftရဲ႕ စက္႐ုပ္တစ္႐ုပ္ဟာ ပင္တဂြန္ရဲ႕ သုေတသနဌာန Darpaက ႀကီးမႉး က်င္းပတဲ့ ကယ္ဆယ္ေရးစက္႐ုပ္ၿပိဳင္ပြဲပထမအေၾကာ့မွာ အႏိုင္ရခဲ့ပါတယ္။ ဒါေပမယ့္ လည္း Alphabet ဟာ ၂၀၁၄ခုႏွစ္မွာ အမႈေဆာင္အရာရွိ အန္ဒီ ႐ူဘင္ထြက္ခြာသြားၿပီးေနာက္မွာ ၎ရဲ႕ ရည္မွန္းခ်က္ေတြကို ျပန္လည္႐ုပ္သိမ္းလိုက္ပါတယ္။

Boston Dynamics ကို ၂၀၁၇ခုႏွစ္မွာ Softbank Groupကို ေရာင္းခ်လိုက္ၿပီး အဆိုပါ ဂ်ပန္ ကုမၸဏီဟာ မူလက Schaft ကို ဝယ္ယူဖို႔ သေဘာတူထားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လည္း Schaftကို ဝယ္ယူေရးကေတာ့ အေကာင္အထည္ ေပၚမလာခဲ့ပါဘူး။

“Softbank က Schaft ကို မဝယ္ယူေတာ့ဖို႔ ဆုံးျဖတ္လိုက္တဲ့အခါမွာ ျဖစ္ႏိုင္ေျခအမ်ားႀကီးကို စဥ္းစားၿပီးမွ ေနာက္ဆုံးမွာ Schaft ကို ပိတ္သိမ္းပစ္ဖို႔ ဆုံးျဖတ္လိုက္တာပဲ ျဖစ္ပါတယ္”လို႔ Alphabetရဲ႕ ေျပာခြင့္ရအမ်ိဳးသမီးက သတင္းဝဘ္ဆိုက္ Nikkei Asian Review ကို ေျပာၾကားခဲ့ပါတယ္။

ကုမၸဏီကေတာ့ Schaft ရဲ႕ ဝန္ထမ္းေတြကို ကုမၸဏီတြင္းမွာပဲျဖစ္ျဖစ္၊ ျပင္ပမွာပဲျဖစ္ျဖစ္ အလုပ္အကိုင္အသစ္ေတြ ရႏိုင္ေအာင္ ကူညီသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Ref : BBC
Robot Tech