【 နည်းပညာ 】ကင်မရာပုံစံသစ်ကို မူပိုင်ခွင့်တင်လိုက်ပြန်တဲ့ Xiaomi

【  နည်းပညာ  】ကင်မရာပုံစံသစ်ကို မူပိုင်ခွင့်တင်လိုက်ပြန်တဲ့ Xiaomi

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှ ပုံကြမ်းရေးဆွဲထားတဲ့ ‌စမတ်ဖုန်းတစ်လုံးကို မူပိုင်ခွင့်တင်လိုက်တယ်လို့ သိရပါတယ်။

Xiaomi တင်ပြခဲ့တဲ့ စမတ်ဖုန်းပုံကြမ်းဟာ ကွေးညွတ်စမတ်ဖုန်းတစ်လုံးလို့ ယူဆရပြီး ၎င်းစမတ်ဖုန်းရဲ့ ကင်မရာတပ်ဆင်ထားပုံကလည်း ထူးခြားနေတာကို မြင်တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ကွေးညွတ်စမတ်ဖုန်းတွေကို ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းလာခဲ့ကြတာ မြင်တွေ့ရပါတယ်။ Samsung, Huawei, Motorola တို့မှ ၎င်းတို့ရဲ့ ကွေးညွတ်စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ခဲ့ပေမယ့် တရုတ်နည်းပညာ ကုမ္ပဏီ ကြီး Xiaomi ကတော့ ငြိမ်သက်နေခဲ့တာပါ။ယခုတော့ မူပိုင်ခွင့်တင်တဲ့ ပုံကြမ်းတွေနဲ့အတူ Xiaomi ရဲ့ ကွေးညွတ်ဖုန်း သတင်းတွေက ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ပါပြီ။

Xiaomi မူပိုင်ခွင့်တင်ခဲ့တဲ့ ကွေးညွတ်ဖုန်းပုံကြမ်းဟာ Samsung နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ Galaxy Z Flip, Motorola ရဲ့ Moto Razr တို့နဲ့ ပုံစံတူတာကို မြင်တွေ့ရပါတယ်။ပုံကြမ်းအရ အသံအတိုးအလျှော့ခလုတ်နဲ့ ပါဝါခလုတ်တွေကို စမတ်ဖုန်းဘေးဘောင်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ကင်မရာတပ်ဆင်ထားပုံတွေပါပဲ။ရှေ့ဘက်နဲ့ ‌နောက်ဘက် ကင်မရာတွေနဲ့ စပီကာကို စမတ်ဖုန်းအ‌ပေါ်ဘက် ‌အချောင်းလေးမှာ ထည့်သွင်းပေးထားတာ မြင်တွေ့ရပြီး အဆိုပါအချောင်းလေးဟာ အလျားလိုက် ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်မယ်လို့ ပုံကြမ်းအရ သိရှိရ ပါတယ်။ Xiaomi အနေနဲ့လည်း ကင်မရာတပ်ဆင်ပုံ ပုံစံသစ်ကို မူပိုင်ခွင့်တင်ပြီး အခြားစမတ်ဖုန်း ကုမ္ပဏီတွေကို လက်ဦးမှုရယူခဲ့တဲ့ ပုံစံပါပဲ။

Xiaomi မူပိုင်ခွင့်တင်ခဲ့တဲ့ ကွေးညွတ်စမတ်ဖုန်း ပုံကြမ်းဟာ အမှန်တကယ်ထွက်ရှိလာမလား ကတော့ အသေအချာမပြောနိုင်သေးပါဘူး။ဒါပေမယ့် Mi Mix Alpha လို ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ပတ်ပတ်လည် တပ်ဆင်ထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်ခဲ့ဖူးတဲ့ သာဓကရှိတဲ့အတွက် အကန့်အသတ်အနေနဲ့ မိတ်ဆက်လာမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi မွ ပုံၾကမ္းေရးဆြဲထားတဲ့ ‌စမတ္ဖုန္းတစ္လုံးကို မူပိုင္ခြင့္တင္လိုက္တယ္လို႔ သိရပါတယ္။

Xiaomi တင္ျပခဲ့တဲ့ စမတ္ဖုန္းပုံၾကမ္းဟာ ေကြးၫြတ္စမတ္ဖုန္းတစ္လုံးလို႔ ယူဆရၿပီး ၎စမတ္ဖုန္းရဲ႕ ကင္မရာတပ္ဆင္ထားပုံကလည္း ထူးျခားေနတာကို ျမင္ေတြ႕ရပါတယ္။

၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းကစၿပီး စမတ္ဖုန္းကုမၸဏီႀကီးေတြဟာ ေကြးၫြတ္စမတ္ဖုန္းေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးပမ္းလာခဲ့ၾကတာ ျမင္ေတြ႕ရပါတယ္။ Samsung, Huawei, Motorola တို႔မွ ၎တို႔ရဲ႕ ေကြးၫြတ္စမတ္ဖုန္းေတြကို တရားဝင္ မိတ္ဆက္ခဲ့ေပမယ့္ တ႐ုတ္နည္းပညာ ကုမၸဏီ ႀကီး Xiaomi ကေတာ့ ၿငိမ္သက္ေနခဲ့တာပါ။ယခုေတာ့ မူပိုင္ခြင့္တင္တဲ့ ပုံၾကမ္းေတြနဲ႔အတူ Xiaomi ရဲ႕ ေကြးၫြတ္ဖုန္း သတင္းေတြက ျပန္လည္ထြက္ေပၚလာခဲ့ျပန္ပါၿပီ။

Xiaomi မူပိုင္ခြင့္တင္ခဲ့တဲ့ ေကြးၫြတ္ဖုန္းပုံၾကမ္းဟာ Samsung ေနာက္ဆုံးမိတ္ဆက္ခဲ့တဲ့ Galaxy Z Flip, Motorola ရဲ႕ Moto Razr တို႔နဲ႔ ပုံစံတူတာကို ျမင္ေတြ႕ရပါတယ္။ပုံၾကမ္းအရ အသံအတိုးအေလွ်ာ့ခလုတ္နဲ႔ ပါဝါခလုတ္ေတြကို စမတ္ဖုန္းေဘးေဘာင္မွာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

ထူးျခားခ်က္ကေတာ့ ကင္မရာတပ္ဆင္ထားပုံေတြပါပဲ။ေရွ႕ဘက္နဲ႔ ‌ေနာက္ဘက္ ကင္မရာေတြနဲ႔ စပီကာကို စမတ္ဖုန္းအ‌ေပၚဘက္ ‌အေခ်ာင္းေလးမွာ ထည့္သြင္းေပးထားတာ ျမင္ေတြ႕ရၿပီး အဆိုပါအေခ်ာင္းေလးဟာ အလ်ားလိုက္ ၃၆၀ ဒီဂရီ လွည့္ပတ္ႏိုင္မယ္လို႔ ပုံၾကမ္းအရ သိရွိရ ပါတယ္။ Xiaomi အေနနဲ႔လည္း ကင္မရာတပ္ဆင္ပုံ ပုံစံသစ္ကို မူပိုင္ခြင့္တင္ၿပီး အျခားစမတ္ဖုန္း ကုမၸဏီေတြကို လက္ဦးမႈရယူခဲ့တဲ့ ပုံစံပါပဲ။

Xiaomi မူပိုင္ခြင့္တင္ခဲ့တဲ့ ေကြးၫြတ္စမတ္ဖုန္း ပုံၾကမ္းဟာ အမွန္တကယ္ထြက္ရွိလာမလား ကေတာ့ အေသအခ်ာမေျပာႏိုင္ေသးပါဘူး။ဒါေပမယ့္ Mi Mix Alpha လို ကမာၻ႔ပထမဆုံး မ်က္ႏွာျပင္ပတ္ပတ္လည္ တပ္ဆင္ထားတဲ့ စမတ္ဖုန္းကို မိတ္ဆက္ခဲ့ဖူးတဲ့ သာဓကရွိတဲ့အတြက္ အကန႔္အသတ္အေနနဲ႔ မိတ္ဆက္လာမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien