【 နည်းပညာ 】ကိုယ်ပိုင် OS နဲ့ Huawei စမတ်ဖုန်း စမိတ်ဆက်တော့မည်

 
【 နည်းပညာ 】ကိုယ်ပိုင် OS နဲ့ Huawei စမတ်ဖုန်း စမိတ်ဆက်တော့မည်

လာမယ့် ရက်သတ္တပတ်တွေထဲမှာပဲ Huawei မှ ၎င်းရဲ့ HongMeng OS  ကို အသုံးပြုထားတဲ့ ပထမဆုံး ထုတ်ကုန်တစ်မျိုးကို ချပြတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ကုန်ကတော့ အများမြင်တွေ့လိုနေတဲ့ စမတ်ဖုန်းတော့ မဟုတ်သေးပဲ တရုတ်ဈေးကွက်မှာ ရောင်းချသွားမယ့် Honor Smart TV ပဲ ဖြစ်ပါတယ်။

Huawei VP ကတော့ "HongMeng OS ဟာ စမတ်ဖုန်းတွေအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး" လို့လည်း ဂျာနယ်လစ်တွေကို ပြောကြားခဲ့သေးပေမယ့်၊ အကယ်၍သာ Google ဘက်က ၎င်းရဲ့ OS ထောက်ပံ့နေမှုကို အမှန်တကယ် ရပ်ဆိုင်းလိုက်ပါက အဆင်သင့်ဖြစ်နေစေရန်အတွက် ၎င်းရဲ့ ကိုယ်ပိုင် OS ကို ချဲ့ထွင်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

HongMeng OS ဟာ ဩဂုတ် ၉ ရက်နေ့ Dongguan မှာ ကျင်းပမယ့် Huawei’s Developer Conference ပွဲမှာ ထွက်ပေါ်လာတော့မှာပါ။ဒါဟာ Huawei ရဲ့ ၎င်းရဲ့ ကိုယ်ပိုင် OS ကို ပထမဆုံး စမ်းသပ်ထုတ်ပြတဲ့ သဘောလည်း ဖြစ်ဖွယ်ရှိပါတယ်။အဆိုပါ OS ဟာ autonomous driving platforms, remote medical devices နဲ့ industrial control တို့ အပေါ်မှာ အဓိကမောင်းနှင်သွားမှာ ဖြစ်ပါတယ်။

Global Times ရဲ့ အဆိုအရ အဆိုပါ OS အသစ်ဟာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေကို ထိခိုက်ခိုးယူခြင်းတွေကနေ ပိုမိုကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။

Huawei ဘက်ကတော့ HongMeng OS အသုံးပြုထားတဲ့ units တွေကို အသင့်ပြင်ဆင်နေပြီလို့ သိရပြီး၊ သိပ်မကြာခင် လတွေမှာ မိတ်ဆက်လာနိုင်တဲ့ Mate 30 series နဲ့အတူ HongMeng OS အသုံးပြုထားတဲ့ စမတ်ဖုန်းပါ ထွက်ပေါ်လာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။

Damien

(  Zawgyi  )

 လာမယ့္ ရက္သတၱပတ္ေတြထဲမွာပဲ Huawei မွ ၎ရဲ႕ HongMeng OS  ကို အသုံးျပဳထားတဲ့ ပထမဆုံး ထုတ္ကုန္တစ္မ်ိဳးကို ခ်ျပေတာ့မွာ ျဖစ္ပါတယ္။

အဲ့ဒီထုတ္ကုန္ကေတာ့ အမ်ားျမင္ေတြ႕လိုေနတဲ့ စမတ္ဖုန္းေတာ့ မဟုတ္ေသးပဲ တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်သြားမယ့္ Honor Smart TV ပဲ ျဖစ္ပါတယ္။

Huawei VP ကေတာ့ "HongMeng OS ဟာ စမတ္ဖုန္းေတြအတြက္ ရည္႐ြယ္ခဲ့တာ မဟုတ္ဘူး" လို႔လည္း ဂ်ာနယ္လစ္ေတြကို ေျပာၾကားခဲ့ေသးေပမယ့္၊ အကယ္၍သာ Google ဘက္က ၎ရဲ႕ OS ေထာက္ပံ့ေနမႈကို အမွန္တကယ္ ရပ္ဆိုင္းလိုက္ပါက အဆင္သင့္ျဖစ္ေနေစရန္အတြက္ ၎ရဲ႕ ကိုယ္ပိုင္ OS ကို ခ်ဲ႕ထြင္သြားမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

HongMeng OS ဟာ ဩဂုတ္ ၉ ရက္ေန႔ Dongguan မွာ က်င္းပမယ့္ Huawei’s Developer Conference ပြဲမွာ ထြက္ေပၚလာေတာ့မွာပါ။ဒါဟာ Huawei ရဲ႕ ၎ရဲ႕ ကိုယ္ပိုင္ OS ကို ပထမဆုံး စမ္းသပ္ထုတ္ျပတဲ့ သေဘာလည္း ျဖစ္ဖြယ္ရွိပါတယ္။အဆိုပါ OS ဟာ autonomous driving platforms, remote medical devices နဲ႔ industrial control တို႔ အေပၚမွာ အဓိကေမာင္းႏွင္သြားမွာ ျဖစ္ပါတယ္။

Global Times ရဲ႕ အဆိုအရ အဆိုပါ OS အသစ္ဟာ သုံးစြဲသူေတြရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ၊ ကိုယ္ေရးကိုယ္တာ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထိခိုက္ခိုးယူျခင္းေတြကေန ပိုမိုကာကြယ္ေပးႏိုင္မယ္လို႔ သိရပါတယ္။

Huawei ဘက္ကေတာ့ HongMeng OS အသုံးျပဳထားတဲ့ units ေတြကို အသင့္ျပင္ဆင္ေနၿပီလို႔ သိရၿပီး၊ သိပ္မၾကာခင္ လေတြမွာ မိတ္ဆက္လာႏိုင္တဲ့ Mate 30 series နဲ႔အတူ HongMeng OS အသုံးျပဳထားတဲ့ စမတ္ဖုန္းပါ ထြက္ေပၚလာႏိုင္ေခ် ရွိတယ္လို႔ ခန႔္မွန္းလ်က္ရွိပါတယ္။

Damien