【 နည်းပညာ 】ကွေးညွတ်မျက်နှာပြင် စမတ်နာရီကိုမိတ်ဆက်မယ့် Nubia

【  နည်းပညာ  】ကွေးညွတ်မျက်နှာပြင် စမတ်နာရီကိုမိတ်ဆက်မယ့် Nubia

တရုတ်နည်းပညာကုမ္ပဏီကြီး ZTE မှ ပိုင်ဆိုင်တဲ့ အမှတ်တံဆိပ် Nubia ဟာ နာမည်ကြီး ဂိမ်း အသားပေးစမတ်ဖုန်း‌တွေဖြစ်တဲ့ Red Magic ဖုန်းတွေကို ထုတ်လုပ်သူအဖြစ် နာမည်ကြီး ပါတယ်။

Nubia အနေနဲ့ စမတ်နာရီတွေကိုလည်း ထုတ်လုပ်လျက်ရှိပြီး၊ ၂၀၁၉ ခုနှစ်တုန်းကလည်း Nubia Alpha အမည်ရ ကွေးညွတ်မျက်နှာပြင်ပါဝင်တဲ့  စမတ်နာရီကို မိတ်ဆက်ခဲ့ပါသေးတယ်။
ယခုနှစ်မှာလည်း စမတ်နာရီသစ်ကို မိတ်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။

Nubia Watch လို့ အမည်ပေးထားတဲ့ စမတ်နာရီသစ်ကို ဇူလိုင် ၂၈ ရက်နေ့မှာ မိတ်ဆက်သွား မှာပါ။ Nubia မှလည်း အဆိုပါစမတ်နာရီသစ်ရဲ့ ကြော်ငြာဓာတ်ပုံကို ပရိတ်သတ်တွေကိုလည်း ဝေမျှခဲ့ ပါသေးတယ်။ကြော်ငြာဓာတ်ပုံအရ အရောင်အသွေးစုံတဲ့ OLED ကွေးညွတ်မျက်နှာပြင်ကို အသုံးပြုလာမှာသေချာနေပြီး၊ ကိုယ်ထည်ကတော့ အလူမီနီယံကိုယ်ထည်ကို အသုံးပြုလာ မှာဖြစ်ပါတယ်။ စမတ်နာရီသစ်ရဲ့ စွမ်းဆောင်ရည်အသေးစိတ်ကိုတော့ သေချာမဖော်ပြထား သေးပါဘူး၊ ရေစိမ်ခံဖို့ကတော့ သေချာသလောက်ရှိပါတယ်။

Nubia Watch ကို Nubia Red Magic 5S စမတ်ဖုန်းသစ်နဲ့အတူ မိတ်ဆက်သွားမှာလည်းဖြစ်ပြီး၊ ယခင် Nubia Alpha ထက် ဈေးသက်သာမယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။

Damien

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး ZTE မွ ပိုင္ဆိုင္တဲ့ အမွတ္တံဆိပ္ Nubia ဟာ နာမည္ႀကီး ဂိမ္း အသားေပးစမတ္ဖုန္း‌ေတြျဖစ္တဲ့ Red Magic ဖုန္းေတြကို ထုတ္လုပ္သူအျဖစ္ နာမည္ႀကီး ပါတယ္။

Nubia အေနနဲ႔ စမတ္နာရီေတြကိုလည္း ထုတ္လုပ္လ်က္ရွိၿပီး၊ ၂၀၁၉ ခုႏွစ္တုန္းကလည္း Nubia Alpha အမည္ရ ေကြးၫြတ္မ်က္ႏွာျပင္ပါဝင္တဲ့  စမတ္နာရီကို မိတ္ဆက္ခဲ့ပါေသးတယ္။
ယခုႏွစ္မွာလည္း စမတ္နာရီသစ္ကို မိတ္ဆက္သြားမယ္လို႔လည္း ဆိုပါတယ္။

Nubia Watch လို႔ အမည္ေပးထားတဲ့ စမတ္နာရီသစ္ကို ဇူလိုင္ ၂၈ ရက္ေန႔မွာ မိတ္ဆက္သြား မွာပါ။ Nubia မွလည္း အဆိုပါစမတ္နာရီသစ္ရဲ႕ ေၾကာ္ျငာဓာတ္ပုံကို ပရိတ္သတ္ေတြကိုလည္း ေဝမွ်ခဲ့ ပါေသးတယ္။ေၾကာ္ျငာဓာတ္ပုံအရ အေရာင္အေသြးစုံတဲ့ OLED ေကြးၫြတ္မ်က္ႏွာျပင္ကို အသုံးျပဳလာမွာေသခ်ာေနၿပီး၊ ကိုယ္ထည္ကေတာ့ အလူမီနီယံကိုယ္ထည္ကို အသုံးျပဳလာ မွာျဖစ္ပါတယ္။ စမတ္နာရီသစ္ရဲ႕ စြမ္းေဆာင္ရည္အေသးစိတ္ကိုေတာ့ ေသခ်ာမေဖာ္ျပထား ေသးပါဘူး၊ ေရစိမ္ခံဖို႔ကေတာ့ ေသခ်ာသေလာက္ရွိပါတယ္။

Nubia Watch ကို Nubia Red Magic 5S စမတ္ဖုန္းသစ္နဲ႔အတူ မိတ္ဆက္သြားမွာလည္းျဖစ္ၿပီး၊ ယခင္ Nubia Alpha ထက္ ေဈးသက္သာမယ္လို႔လည္း သတင္းေတြထြက္ေပၚလ်က္ရွိပါတယ္။

Damien