【 နည်းပညာ 】စမတ်တီဗီတွေ ထုတ်လုပ်သွားတော့မယ့် One Plus

【  နည်းပညာ  】စမတ်တီဗီတွေ ထုတ်လုပ်သွားတော့မယ့် One Plus

One Plus ကတော့ စမတ်တီဗီဈေးကွက်ထဲ ဝင်ရောက်လာတော့မှာပါ။

လာမယ့် ဇူလိုင်လမှာ ၎င်းရဲ့ စမတ်တီဗီထုတ်ကုန်တွေကို မိတ်ဆက်ပေးသွားတော့မယ်လို့ အတည်ပြုလိုက်ပြီလည်း ဖြစ်ပါတယ်။

One Plus ကတော့ ၎င်းမိတ်ဆက်သွားမယ့် စမတ်တီဗီတွေမှာ မော်ဒယ်သုံးမျိုးထွက်ရှိမယ်လို့ ကြေညာလိုက်ပါပြီ။ဒါပေမယ့် စွမ်းဆောင်ရည်အပြည့်အစုံနဲ့ မျက်နှာပြင်အရ်အစားတွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပဲ ဈေးနှုန်းတွေကိုသာ ဖော်ပြပေးခဲ့တာလည်း ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားတွေကို ‌မဖော်ပြခဲ့ပေမယ့် ယခင်မှတ်ပုံတင်ထားတုန်းက ပေါက်ကြားခဲ့တဲ့ သတင်းတွေ အရ ၃၂ လက်မ၊ ၄၃ လက်မနဲ့ ၅၅ လက်မ အရွယ်အစားတွေ ဖြစ်ဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ၃၂ လက်မ တီဗီက HD resolution ၊ ၄၃ လက်မနဲ့ ၅၅ လက်မတို့တော့ FullHD နဲ့ QHD တို့ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

One Plus စမတ်တီဗီတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေး ပေမယ့် Dolby Vision နဲ့ Dolby Atoms ကိုတော့ ထောက်ပံ့ပေးထားမယ်လို့ အတည်ပြုထားပြီး၊ One Plus စမတ်ဖုန်းတွေဖြစ်တဲ့ One Plus 8 အထူ (၈ မီလီမီတာ)၊ One Plus 8 Pro (၈.၅ မီလီမီတာ) တို့ထက် ပိုမိုပါးလွှာမယ်လို့လည်း ဆိုထားပါတယ်။

Damien

(  Zawgyi  )






Damien