【 နည်းပညာ 】စမတ်တီဗီ မိတ်ဆက်တော့မယ့် OPPO

【 နည်းပညာ  】စမတ်တီဗီ မိတ်ဆက်တော့မယ့် OPPO

စမတ်ဖုန်းကုမ္ပဏီကြီး‌တွေရဲ့ စမတ်တီဗီတွေထုတ်လုပ်လာမှုဟာ နိုင်ငံတကာစမတ်တီဗီဈေးကွက် ကို ပိုမိုပြင်းထန်လာ‌စေတော့မှာပါ။

လက်ရှိ စမတ်တီဗီဈေးကွက်ထဲမှာ စမတ်ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei, Honor, Realme, OnePlus, Nokia, Motorola နဲ့ Xiaomi တို့ ရှိနှင့်နေပြီး၊ ယခုတော့ OPPO လည်း စမတ်တီဗီဈေးကွက်ထဲကို ဝင်ရောလာတော့မယ်လို့ သိရပါတယ်။

OPPO အနေနဲ့ ၎င်းရဲ့ ပထမဆုံးစမတ်တီဗီကို အောက်တိုဘာလမှာ မိတ်ဆက်သွားမယ်လို့ 2020 OPPO Developer Conference ပွဲမှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။မျက်နှာပြင်ကြီးမားတဲ့ ၅၅ လက်မနဲ့ ၆၅ လက်မ စမတ်တီဗီတွေကို မိတ်ဆက်သွားမှာပါ။

OPPO ရဲ့ စမတ်တီဗီထုတ်လုပ်မယ့် သတင်းတွေဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ ယခုနှစ် ဇွန်လမှာတော့ စမတ်တီဗီဈေးကွက်ထဲကို ဝင်ရောက်တော့မယ့်အကြောင်း OPPO မှ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

OPPO ရဲ့ စမတ်တီဗီကို TPV Display Technology (Xiamen) Co. Ltd မှ ထုတ်လုပ်ပေးသွားဖွယ်ရှိပြီး၊ အဆိုပါကုမ္ပဏီဟာ TV အမှတ်တံဆိပ် အများအပြားပိုင်ဆိုင်တာလည်း ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 

 စမတ္ဖုန္းကုမၸဏီႀကီး‌ေတြရဲ႕ စမတ္တီဗီေတြထုတ္လုပ္လာမႈဟာ ႏိုင္ငံတကာစမတ္တီဗီေဈးကြက္ ကို ပိုမိုျပင္းထန္လာ‌ေစေတာ့မွာပါ။

လက္ရွိ စမတ္တီဗီေဈးကြက္ထဲမွာ စမတ္ဖုန္းကုမၸဏီႀကီးေတြျဖစ္တဲ့ Huawei, Honor, Realme, OnePlus, Nokia, Motorola နဲ႔ Xiaomi တို႔ ရွိႏွင့္ေနၿပီး၊ ယခုေတာ့ OPPO လည္း စမတ္တီဗီေဈးကြက္ထဲကို ဝင္ေရာလာေတာ့မယ္လို႔ သိရပါတယ္။

OPPO အေနနဲ႔ ၎ရဲ႕ ပထမဆုံးစမတ္တီဗီကို ေအာက္တိုဘာလမွာ မိတ္ဆက္သြားမယ္လို႔ 2020 OPPO Developer Conference ပြဲမွာ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။မ်က္ႏွာျပင္ႀကီးမားတဲ့ ၅၅ လက္မနဲ႔ ၆၅ လက္မ စမတ္တီဗီေတြကို မိတ္ဆက္သြားမွာပါ။

OPPO ရဲ႕ စမတ္တီဗီထုတ္လုပ္မယ့္ သတင္းေတြဟာ လြန္ခဲ့တဲ့ႏွစ္ ဒီဇင္ဘာကတည္းက ထြက္ေပၚခဲ့တာျဖစ္ၿပီး၊ ယခုႏွစ္ ဇြန္လမွာေတာ့ စမတ္တီဗီေဈးကြက္ထဲကို ဝင္ေရာက္ေတာ့မယ့္အေၾကာင္း OPPO မွ အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။

OPPO ရဲ႕ စမတ္တီဗီကို TPV Display Technology (Xiamen) Co. Ltd မွ ထုတ္လုပ္ေပးသြားဖြယ္ရွိၿပီး၊ အဆိုပါကုမၸဏီဟာ TV အမွတ္တံဆိပ္ အမ်ားအျပားပိုင္ဆိုင္တာလည္း ျဖစ္ပါတယ္။

Damien