【 နည်းပညာ 】ဇူလိုင် ၃၁ ရက်နေ့တွင် မိတ်ဆက်လာမယ့် Black Shark မျိုးဆက်သစ်

【  နည်းပညာ  】ဇူလိုင် ၃၁ ရက်နေ့တွင် မိတ်ဆက်လာမယ့် Black Shark မျိုးဆက်သစ်

လွန်ခဲ့တဲ့မတ်လတုန်းက Black Shark မှ Black Shark 3 နဲ့ Black Shark 3 Pro ဂိမ်းအသားပေးစမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

ဇူလိုင်လ အစောပိုင်းမှာတော့ နာမည်ကျော် chips ကုမ္ပဏီကြီး Qualcomm မှ Snapdragon 865+ chipset အသစ်ကို မိတ်ဆက်ခဲ့ပါ တယ်။၎င်းနောက်မှာ Black Shark မှ Snapdragon 865+ နဲ့‌ မောင်းနှင်ထားမယ့် စမတ်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ထပ်မံမိတ်ဆက်လာမယ့် ဂိမ်းအသားပေးစမတ်ဖုန်းအမည်ကတော့ Black Shark 3S လို့ အမည်ပေးထားမှာပါ။ယခင်ထွက်ရှိထားတဲ့ Black Shark 3 ကို အဆင်မြှင့်တင်လာမှာဖြစ်ပြီး၊ ဒီဇိုင်းပိုင်းအရ သိသာစွာပြောင်းလဲလာခြင်းရှိမှာမဟုတ်ပဲ၊ Snapdragon 865 ကနေ 865+ နဲ့ ပြောင်းလဲမောင်းနှင်လာမှာက ကြီးမားတဲ့အဆင့်မြှင့်တင်မှု ဖြစ်လာမှာဖြစ်ပါတယ်။ဒါ့အပြင် အအေးခံစနစ်၊ ပိုမိုကြည်လင် ပြတ်သားတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီပမာဏလည်း ပိုမိုကောင်းမွန်လာဖို့ရှိနေပါတယ်။ Black Shark ဘက်ကတော့ Black Shark 3S မှာ Pro version ပိုမိုကောင်းမွန်တဲ့အမျိုးအစား ထပ်မံထွက်ရှိမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Black Shark 3S ကို လာမယ့် ဇူလိုင် ၃၁ မှာ မိတ်ဆက်သွားမှာပါ၊ လတ်တလောမှာ မိတ်ဆက်ထားသော ဂိမ်းအသားပေး စမတ်ဖုန်းတွေ ဖြစ်တဲ့ Asus ROG Phone 3 နဲ့ Lenovo Legion တို့ကို ယှဉ်ပြိုင်သွားနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Damien 

(  Zawgyi   )

 လြန္ခဲ့တဲ့မတ္လတုန္းက Black Shark မွ Black Shark 3 နဲ႔ Black Shark 3 Pro ဂိမ္းအသားေပးစမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။

ဇူလိုင္လ အေစာပိုင္းမွာေတာ့ နာမည္ေက်ာ္ chips ကုမၸဏီႀကီး Qualcomm မွ Snapdragon 865+ chipset အသစ္ကို မိတ္ဆက္ခဲ့ပါ တယ္။၎ေနာက္မွာ Black Shark မွ Snapdragon 865+ နဲ႔‌ ေမာင္းႏွင္ထားမယ့္ စမတ္ဖုန္းတစ္လုံးကို ထပ္မံမိတ္ဆက္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ထပ္မံမိတ္ဆက္လာမယ့္ ဂိမ္းအသားေပးစမတ္ဖုန္းအမည္ကေတာ့ Black Shark 3S လို႔ အမည္ေပးထားမွာပါ။ယခင္ထြက္ရွိထားတဲ့ Black Shark 3 ကို အဆင္ျမႇင့္တင္လာမွာျဖစ္ၿပီး၊ ဒီဇိုင္းပိုင္းအရ သိသာစြာေျပာင္းလဲလာျခင္းရွိမွာမဟုတ္ပဲ၊ Snapdragon 865 ကေန 865+ နဲ႔ ေျပာင္းလဲေမာင္းႏွင္လာမွာက ႀကီးမားတဲ့အဆင့္ျမႇင့္တင္မႈ ျဖစ္လာမွာျဖစ္ပါတယ္။ဒါ့အျပင္ အေအးခံစနစ္၊ ပိုမိုၾကည္လင္ ျပတ္သားတဲ့ မ်က္ႏွာျပင္နဲ႔ ဘက္ထရီပမာဏလည္း ပိုမိုေကာင္းမြန္လာဖို႔ရွိေနပါတယ္။ Black Shark ဘက္ကေတာ့ Black Shark 3S မွာ Pro version ပိုမိုေကာင္းမြန္တဲ့အမ်ိဳးအစား ထပ္မံထြက္ရွိမွာမဟုတ္ဘူးလို႔ ဆိုထားပါတယ္။

Black Shark 3S ကို လာမယ့္ ဇူလိုင္ ၃၁ မွာ မိတ္ဆက္သြားမွာပါ၊ လတ္တေလာမွာ မိတ္ဆက္ထားေသာ ဂိမ္းအသားေပး စမတ္ဖုန္းေတြ ျဖစ္တဲ့ Asus ROG Phone 3 နဲ႔ Lenovo Legion တို႔ကို ယွဥ္ၿပိဳင္သြားႏိုင္မလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Damien