【 နည်းပညာ 】ဇွန်လထဲမှာ မိတ်ဆက်လာတော့မယ့် Xiaomi Mi Band 5

【  နည်းပညာ  】ဇွန်လထဲမှာ မိတ်ဆက်လာတော့မယ့် Xiaomi Mi Band 5

Mi Band 5 စမတ်လက်ပတ်သစ်ကို ဇွန်လထဲမှာပဲ မိတ်ဆက်သွားတော့မယ်လို့ Xiaomi ကတော့ အတည်ပြုလိုက်ပါပြီ။

ထွက်ရှိလာတော့မယ် စမတ်လက်ပတ်သစ်ဟာ ယခင်စမတ်လက်ပတ်တွေထက် နည်းပညာ သစ်တွေ ပါဝင်‌လာတော့မယ်လို့လည်း သိရပါတယ်။

Mi Band လို့ အမည်ရတဲ့ Xiaomi ရဲ့ စမတ်လက်ပတ်တွေဟာ ဈေးနှုန်းသက်သာပြီး၊ စွမ်းဆောင် ရည်မြင့်မားတာကြောင့် အလွန်တရာလူကြိုက်များလှပါတယ်။ခြေလှမ်းရေတွက်ပေးတာ၊ နှလုံးခုန်နှုန်းတိုင်းတာတာ၊ ကယ်လိုရီပမာဏတိုင်းတာပေးတာတွေလို စမတ်နာရီနည်းပညာတွေ ပါဝင်ပြီး ယခုနောက်ဆုံးထွက်ရှိတဲ့ Mi Band 4 စမတ်နာရီမှာဆိုရင် ချိတ်ဆက်ထားတဲ့ စမတ်ဖုန်း မှ သီချင်းတွေကိုပင် ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ Mi Band 5 စမတ်လက်ပတ်သစ်မှာ စမတ်ဖုန်း ကင်မရာကို ထိန်းချုပ်နိုင်မယ့် remote control နည်းပညာ၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာမှုနဲ့ Alexa ဉာဏ်ရည်တုအသံစေခိုင်းမှု အသုံးပြုနိုင်မှာတွေလို လုပ်ဆောင်နိုင်စွမ်းအသစ် တွေ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ယခင် Mi Band တွေထက် ပိုမိုကြီးမားလာနိုင်ကာ ၁.၂ လက်မရှိနိုင်ပြီး ဘေးဘောင်တွေ ပိုမိုကျဉ်းမြောင်းလာနိုင်တယ် ဆိုပါတယ်။

Xiaomi Mi Band 5 စမတ်လက်ပတ်မှာ အားကစားနည်းသစ် ငါးမျိုးထည့်သွင်းထားနိုင်ပြီး ယောဂကျင့်စဉ်၊ လမ်းလျှောက်ပြေးလွှားမှု၊ စက်ဘီးစီးနင်းမှုနဲ့ ကြိုးခုန်တာတွေလို အားကစား နည်းတွေကို အကဲဖြတ်တိုင်းတာနိုင်မယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

 Mi Band 5 စမတ္လက္ပတ္သစ္ကို ဇြန္လထဲမွာပဲ မိတ္ဆက္သြားေတာ့မယ္လို႔ Xiaomi ကေတာ့ အတည္ျပဳလိုက္ပါၿပီ။

ထြက္ရွိလာေတာ့မယ္ စမတ္လက္ပတ္သစ္ဟာ ယခင္စမတ္လက္ပတ္ေတြထက္ နည္းပညာ သစ္ေတြ ပါဝင္‌လာေတာ့မယ္လို႔လည္း သိရပါတယ္။

Mi Band လို႔ အမည္ရတဲ့ Xiaomi ရဲ႕ စမတ္လက္ပတ္ေတြဟာ ေဈးႏႈန္းသက္သာၿပီး၊ စြမ္းေဆာင္ ရည္ျမင့္မားတာေၾကာင့္ အလြန္တရာလူႀကိဳက္မ်ားလွပါတယ္။ေျခလွမ္းေရတြက္ေပးတာ၊ ႏွလုံးခုန္ႏႈန္းတိုင္းတာတာ၊ ကယ္လိုရီပမာဏတိုင္းတာေပးတာေတြလို စမတ္နာရီနည္းပညာေတြ ပါဝင္ၿပီး ယခုေနာက္ဆုံးထြက္ရွိတဲ့ Mi Band 4 စမတ္နာရီမွာဆိုရင္ ခ်ိတ္ဆက္ထားတဲ့ စမတ္ဖုန္း မွ သီခ်င္းေတြကိုပင္ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ Mi Band 5 စမတ္လက္ပတ္သစ္မွာ စမတ္ဖုန္း ကင္မရာကို ထိန္းခ်ဳပ္ႏိုင္မယ့္ remote control နည္းပညာ၊ ေသြးတြင္း ေအာက္စီဂ်င္ ပမာဏ တိုင္းတာမႈနဲ႔ Alexa ဉာဏ္ရည္တုအသံေစခိုင္းမႈ အသုံးျပဳႏိုင္မွာေတြလို လုပ္ေဆာင္ႏိုင္စြမ္းအသစ္ ေတြ ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ ယခင္ Mi Band ေတြထက္ ပိုမိုႀကီးမားလာႏိုင္ကာ ၁.၂ လက္မရွိႏိုင္ၿပီး ေဘးေဘာင္ေတြ ပိုမိုက်ဥ္းေျမာင္းလာႏိုင္တယ္ ဆိုပါတယ္။

Xiaomi Mi Band 5 စမတ္လက္ပတ္မွာ အားကစားနည္းသစ္ ငါးမ်ိဳးထည့္သြင္းထားႏိုင္ၿပီး ေယာဂက်င့္စဥ္၊ လမ္းေလွ်ာက္ေျပးလႊားမႈ၊ စက္ဘီးစီးနင္းမႈနဲ႔ ႀကိဳးခုန္တာေတြလို အားကစား နည္းေတြကို အကဲျဖတ္တိုင္းတာႏိုင္မယ္လို႔လည္း သိရပါတယ္။

Damien