【 နည်းပညာ 】ဈေးနှုန်းသက်သာတဲ့ AirPods Pro ကို မြင်တွေ့ရတော့မလား

【  နည်းပညာ  】ဈေးနှုန်းသက်သာတဲ့ AirPods Pro ကို မြင်တွေ့ရတော့မလား

အမေရိကန် အခြေစိုက် Apple မှ ထုတ်လုပ်တဲ့ AirPods TWS ကြိုးမဲ့နားကြပ်တွေဟာ အသံပိုင်း စွမ်းဆောင်ရည် ကောင်းမွန်လှပြီး ဈေးနှုန်းပိုင်းအရမှာလည်း အခြား ကြိုးမဲ့နားကြပ်တွေထက် ပိုမိုဈေးနှုန်းကြီးမြင့်တာ မြင်တွေ့ရပါတယ်။

အပြိင်အဆိုင်အရမ်းများပြားလာခဲ့တဲ့ TWS ကြိုးမဲ့နားကြပ်ဈေးကွက်မှာ ခြေကုပ်ရယူ နိုင်ဖို့ အတွက် Apple အနေနဲ့ ဈေးနှုန်းပိုမိုသက်သာတဲ့ AirPods Pro "lite" version ကို ထုတ်လုပ်ဖို့ မျက်စိကျလာပုံပါပဲ။

Digitimes မှ ထွက်ပေါ်လာတဲ့ သတင်းအရ Apple အနေနဲ့ ဈေးနှုန်းချိုသာတဲ့ AirPods Pro version ကို ထုတ်လုပ်ဖို့ အရှိန်အဟုန်မြှင့်လာခဲ့တယ်လို့ သိရပါတယ်။၎င်းရဲ့ TWS ကြိုးမဲ့ နား ကြပ် ထုတ်ကုန်တွေကြားမှာ ရွေးချယ်နိုင်စရာပိုမိုများပြားလာအောင် ရည်ရွယ်တယ်လို့လည်း ‌ဆိုပါတယ်။ AirPods Pro lite version ရဲ့ ဈေးနှုန်းဟာ၊ $159 (မြန်မာငွေ ၂၃၀,၀၀၀ ကျော်ခန့်) ရှိ AirPods 2 နဲ့ $249  (၃၆၀,၀၀၀ ကျော်ခန့်) AirPods Pro တို့ ကြားထဲက ဈေးနှုန်းဖြစ်မယ် လို့လည်း Digitimes အရ သိရပါတယ်။

ဈေးနှုန်းသက်သာတဲ့ AirPods Pro အတွက် ထိုင်၀မ်မှ Universal Scientific Industrial (USI) ကနေ ကုန်ကြမ်းများ ထောက်ပံ့ပေးသွားမယ်လို့ သတင်းများအရသိရပြီး၊ system-in-package (SiP) chip ကို အသုံးပြုမောင်းနှင်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ AirPods Pro lite version ထုတ်လုပ်မယ့်သတင်းကို အတည်မပြုနိုင်သေးပဲ ၂၀၂၀ နှစ်လယ်လောက်မှာ ထွက်ရှိလာနိုင်တယ်လို့လည်း သတင်းများထွက်ပေါ်လျက် ရှိနေပါ တယ်။

Damien

(  Zawgyi  )

 အေမရိကန္ အေျခစိုက္ Apple မွ ထုတ္လုပ္တဲ့ AirPods TWS ႀကိဳးမဲ့နားၾကပ္ေတြဟာ အသံပိုင္း စြမ္းေဆာင္ရည္ ေကာင္းမြန္လွၿပီး ေဈးႏႈန္းပိုင္းအရမွာလည္း အျခား ႀကိဳးမဲ့နားၾကပ္ေတြထက္ ပိုမိုေဈးႏႈန္းႀကီးျမင့္တာ ျမင္ေတြ႕ရပါတယ္။

အၿပိင္အဆိုင္အရမ္းမ်ားျပားလာခဲ့တဲ့ TWS ႀကိဳးမဲ့နားၾကပ္ေဈးကြက္မွာ ေျခကုပ္ရယူ ႏိုင္ဖို႔ အတြက္ Apple အေနနဲ႔ ေဈးႏႈန္းပိုမိုသက္သာတဲ့ AirPods Pro "lite" version ကို ထုတ္လုပ္ဖို႔ မ်က္စိက်လာပုံပါပဲ။

Digitimes မွ ထြက္ေပၚလာတဲ့ သတင္းအရ Apple အေနနဲ႔ ေဈးႏႈန္းခ်ိဳသာတဲ့ AirPods Pro version ကို ထုတ္လုပ္ဖို႔ အရွိန္အဟုန္ျမႇင့္လာခဲ့တယ္လို႔ သိရပါတယ္။၎ရဲ႕ TWS ႀကိဳးမဲ့ နား ၾကပ္ ထုတ္ကုန္ေတြၾကားမွာ ေ႐ြးခ်ယ္ႏိုင္စရာပိုမိုမ်ားျပားလာေအာင္ ရည္႐ြယ္တယ္လို႔လည္း ‌ဆိုပါတယ္။ AirPods Pro lite version ရဲ႕ ေဈးႏႈန္းဟာ၊ $159 (ျမန္မာေငြ ၂၃၀,၀၀၀ ေက်ာ္ခန႔္) ရွိ AirPods 2 နဲ႔ $249  (၃၆၀,၀၀၀ ေက်ာ္ခန႔္) AirPods Pro တို႔ ၾကားထဲက ေဈးႏႈန္းျဖစ္မယ္ လို႔လည္း Digitimes အရ သိရပါတယ္။

ေဈးႏႈန္းသက္သာတဲ့ AirPods Pro အတြက္ ထိုင္၀မ္မွ Universal Scientific Industrial (USI) ကေန ကုန္ၾကမ္းမ်ား ေထာက္ပံ့ေပးသြားမယ္လို႔ သတင္းမ်ားအရသိရၿပီး၊ system-in-package (SiP) chip ကို အသုံးျပဳေမာင္းႏွင္သြားမယ္လို႔လည္း ဆိုပါတယ္။

လက္ရွိမွာေတာ့ AirPods Pro lite version ထုတ္လုပ္မယ့္သတင္းကို အတည္မျပဳႏိုင္ေသးပဲ ၂၀၂၀ ႏွစ္လယ္ေလာက္မွာ ထြက္ရွိလာႏိုင္တယ္လို႔လည္း သတင္းမ်ားထြက္ေပၚလ်က္ ရွိေနပါ တယ္။

Damien