【 နည်းပညာ 】တန်ဖိုးနည်း ဂိမ်းအသားပေး စမတ်ဖုန်းတွေအတွက် Mediatek က chipsets သစ်တွေ မိတ်ဆက်

【  နည်းပညာ 】တန်ဖိုးနည်း ဂိမ်းအသားပေး စမတ်ဖုန်းတွေအတွက် Mediatek က chipsets သစ်တွေ မိတ်ဆက်

နာမည်ကျော် chips ကုမ္ပဏီကြီး Mediatek ကတော့ တန်ဖိုးနည်း ဂိမ်းအသားပေး စမတ်ဖုန်းတွေအတွက် chipsets သစ်တွေကို မိတ်ဆက်ပေးလိုက်ပါပြီ။

ဒေါ်လာ ၁၀၀ နဲ့ ၁၀၀ အောက်ရှိတဲ့ ဂိမ်းအသားပေး စမတ်ဖုန်းတွေအတွက် ရည်ရွယ်တာဖြစ်ပြီး၊ Helio G35 နဲ့ G25 chipsets တွေဖြစ်တယ်လို့ သိရပါတယ်။

Mediatek ရဲ့ Helio G35 chipset သစ်မှာ 12nm chip ဖြစ်ပြီး၊ 2.3GHz အထိ မောင်းနှင်နိုင်မှာဖြစ်ကာ 6GB မမ်မိုရီပမာဏနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ဂိမ်းဆော့ရန်ထောက်ပံ့ပေးထားတဲ့ GPU ကတော့ PowerVR GE8320 ဖြစ်ပြီး၊ 680MHz အထိ မောင်းနှင်‌ပေးမှာပါ။ဒါ့အပြင် Mediatek ရဲ့ HyperEngine ကလည်း CPU နဲ့ GPU သုံးစွဲမှုတွေကို ထိန်းညှိပေးနိုင်မယ် ဆိုပါတယ်။

Helio G25 ကတော့ G35 ထက် စွမ်းဆောင်ရည် အနည်းငယ်နိမ့်ကျပြီး၊ CPU 2.0GHz နဲ့ GPU 650MHz ဖြစ်ပါတယ်။ Helio G35 နဲ့ G25 အကြား ကြီးမားတဲ့ကွားခြားချက်ကတော့ G35 က 1080p+ မျက်နှာပြင်ကို ထောက်ပံ့ပေးနိုင်ပြီး၊ G25 ကတော့ 720p+ သာ ထောက်ပံ့ပေးနိုင်မှာပါ။

ကင်မရာပိုင်းမှာတော့ Helio G35 က 25MP ကို ထောက်ပံ့ပေးနိုင်ပြီး G25 ကတော့ 21MP ဖြစ်ပါတယ်။ကွန်ယက်ချိတ်ဆက်မှုတော့ 4G ကွန်ယက်ပဲဖြစ်ပါတယ်။

Mediatek ရဲ့ chipsets သစ်တွေကို ဇူလိုင်လမှာ မြင်တွေ့ရမယ့် Xiaomi ရဲ့ Redmi နဲ့ Realme တို့ရဲ့ တန်ဖိုနည်းစမတ်ဖုန်းတွေမှာ အသုံးပြုထားမယ်လို့လည်း သိရပါတယ်။

Damien 

(  Zawgyi  )

 နာမည္ေက်ာ္ chips ကုမၸဏီႀကီး Mediatek ကေတာ့ တန္ဖိုးနည္း ဂိမ္းအသားေပး စမတ္ဖုန္းေတြအတြက္ chipsets သစ္ေတြကို မိတ္ဆက္ေပးလိုက္ပါၿပီ။

ေဒၚလာ ၁၀၀ နဲ႔ ၁၀၀ ေအာက္ရွိတဲ့ ဂိမ္းအသားေပး စမတ္ဖုန္းေတြအတြက္ ရည္႐ြယ္တာျဖစ္ၿပီး၊ Helio G35 နဲ႔ G25 chipsets ေတြျဖစ္တယ္လို႔ သိရပါတယ္။

Mediatek ရဲ႕ Helio G35 chipset သစ္မွာ 12nm chip ျဖစ္ၿပီး၊ 2.3GHz အထိ ေမာင္းႏွင္ႏိုင္မွာျဖစ္ကာ 6GB မမ္မိုရီပမာဏနဲ႔ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ပါတယ္။ဂိမ္းေဆာ့ရန္ေထာက္ပံ့ေပးထားတဲ့ GPU ကေတာ့ PowerVR GE8320 ျဖစ္ၿပီး၊ 680MHz အထိ ေမာင္းႏွင္‌ေပးမွာပါ။ဒါ့အျပင္ Mediatek ရဲ႕ HyperEngine ကလည္း CPU နဲ႔ GPU သုံးစြဲမႈေတြကို ထိန္းညႇိေပးႏိုင္မယ္ ဆိုပါတယ္။

Helio G25 ကေတာ့ G35 ထက္ စြမ္းေဆာင္ရည္ အနည္းငယ္နိမ့္က်ၿပီး၊ CPU 2.0GHz နဲ႔ GPU 650MHz ျဖစ္ပါတယ္။ Helio G35 နဲ႔ G25 အၾကား ႀကီးမားတဲ့ကြားျခားခ်က္ကေတာ့ G35 က 1080p+ မ်က္ႏွာျပင္ကို ေထာက္ပံ့ေပးႏိုင္ၿပီး၊ G25 ကေတာ့ 720p+ သာ ေထာက္ပံ့ေပးႏိုင္မွာပါ။

ကင္မရာပိုင္းမွာေတာ့ Helio G35 က 25MP ကို ေထာက္ပံ့ေပးႏိုင္ၿပီး G25 ကေတာ့ 21MP ျဖစ္ပါတယ္။ကြန္ယက္ခ်ိတ္ဆက္မႈေတာ့ 4G ကြန္ယက္ပဲျဖစ္ပါတယ္။

Mediatek ရဲ႕ chipsets သစ္ေတြကို ဇူလိုင္လမွာ ျမင္ေတြ႕ရမယ့္ Xiaomi ရဲ႕ Redmi နဲ႔ Realme တို႔ရဲ႕ တန္ဖိုနည္းစမတ္ဖုန္းေတြမွာ အသုံးျပဳထားမယ္လို႔လည္း သိရပါတယ္။

Damien